Sunday, March 20, 2016

ဒီနေ့အတွက် စကားလက်ဆောင်လေးကတော့....
အီတလီကဗျာဆရာ Dante Alighieri က ဒီလိုပြောဖူးတယ်။

“ကိုယ့်လမ်းကိုယ်လျှောက်ပါ.. လူတွေ ပြောချင်ရာပြောပါစေ”တဲ့။

သင့်လမ်းကို သင်ရှာတွေ့သွားတဲ့အခါ အဲဒီလမ်းဟာ ချောမွတ်ချင်မှ ချောမွတ်မယ်။ ဆူးခက် ခလုတ်ကန်သင်းတွေနဲ့လည်း ပြည့်နှက်နိုင်တယ်။
ဒီလမ်းကို သင်ဖြတ်ကျော်ဖို့လုပ်တဲ့အခါ သင့်ဘေးက သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေက သင့်ကို ဒီလမ်းမဖြတ်ဖို့၊ လက်လွှတ်လိုက်ဖို့ တားရင်တားကြမယ်။
ဒါမှမဟုတ် ဖြတ်ကျော်ပါလို့ အားပေးရင်လည်း ပေးကြမယ်။ သင့်အပေါ်မကောင်းတဲ့လူက သင့်ကို လှောင်ပြောင်မယ်၊ တိုက်ခိုက်မယ်၊ ပြောကြဆိုကြမယ်။
ဒီလိုအဖြစ်မျိုးနဲ့ ကြုံလာတဲ့အခါ မိမိကိုယ်ကိုယ်ယုံကြည်မှုကို သင်ပိုဆုပ်ကိုင်ထားရပါမယ်။ တခြားလူရဲ့စကားတွေကြောင့် ကိုယ့်နဂိုရည်ရွယ်ချက်ကို မပျက်ပြားစေပါနဲ့။
ဒီလမ်းဟာ သင်ရွေးချယ်တဲ့လမ်းလို့ သင့်ကိုယ်သင်ယုံကြည်ရင် မတွန့်မဆုတ်နဲ့ ရဲရဲသာလျှောက်ပါ။ နောက်ဆုံးမှာ သင်နဲ့သက်ဆိုင်တဲ့လမ်းကို သင်အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

--- ထင်ရှားသူတို့၏ဘဝပုံပြင်စာအုပ်မှ

No comments:

Post a Comment