သား...
If you want to attain success in your life
you mustn't be lazy.
ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင်တော့
မင်းပျင်းနေလို့တော့ မရဘူး။
ပျင်းတယ်ဆိုတာ...
ကိုယ့်အတွက် အကျိုးရှိမယ့်အလုပ်မျိုး
မလုပ်တာကို ပြေတာ။
အလုပ်လုပ်ရာမှာ ပျင်းတဲ့သူဟာ
ကြာတော့ ဖျင်းရော၊
ဖျင်းတယ်ဆိုတာ
သူတစ်ပါး အကူအညီမပါဘဲ မခိုင်းစေဘဲ
ဘာတစ်ခုမှ မလုပ်တတ်အောင် ညံ့တာ။
အဲ့ဒီလို ပျင်းလည်းပျင်း
ဖျင်းလည်းဖျင်းတဲ့သူဟာ
လူ့လောကမှာ အရေးမပါ၊ အရာမဝင်
မြင်သမျှလူ ကြောက်နေရတဲ့
ခပ်ညံ့ညံ့လူဖြစ်ရော။
အဲ့ဒီလိုမျိုး သားဖြစ်ချင်သလား။
ဖေဖေ
No comments:
Post a Comment