**အားလုံးအသစ်ပါဆရာ**
ကျောင်းဆရာမတစ်ယောက်ဟာ သမီးတွေ ပူဆာလို့ ကြက်တူရွေး တစ်ကောင်ဝယ်ဖို့ ဆိုင်ထဲမှာ ရွေးနေပါတယ်။
အရောင်စုံစုံ အကောင်လှလှတွေက ဒေါ်လာ ၃၀၀ ကနေ ၅၀၀ အထိ အစားစား ဈေးရှိနေလို့ ဝယ်ရမှာ လက်တွန့်နေတယ်။
ရိုးရိုး ကြက်တူရွေးလေးတောင် ဒေါ်လာ ၁၀၀ အနည်းဆုံးရှိနေလို့ ဆိုင်ထဲက ပြန်ထွက်မယ်လုပ်တုန်း ဆိုင်ထောင့်မှာ ငြိမ်ကုပ်နေတဲ့
အစိမ်းရောင် အကောင်လှလှကြီးကို လှမ်းမြင်လိုက်သတဲ့။
ဈေးကလည်း ၂၅ ဒေါ်လာတည်းရယ်။ ဒီတော့ ကျောင်းဆရာမက ဝမ်းသာအားရနဲ့ ဒီကောင်ကြီးကို ဝယ်မယ်လို့ ပြောလိုက်တယ်။
ဆိုင်အမှုထမ်းက "ဆရာမကို တစ်ခုသတိပေးချင်တယ်၊ ဒီကြက်တူရွေးဟာ အရင်တုန်းက ပြည့်တန်ဆာအိမ်မှာ မွေးထားတဲ့ကောင်ပါ။
အဲဒီအိမ်ကို
ရဲတွေ ဝင်ဖမ်းပြီး ကျနော်တို့ ဆိုင်ကို ရောက်လာတာ၊ ဝသီပါပြီး
နှုတ်ကြမ်းလို့ ဒီဈေးနဲ့ ရောင်းတာပါခင်ဗျာ" လို့ ရှင်းပြပါတယ်။
ဆရာမကလည်း "အို… ကိစ္စမရှိဘူး၊ ကျမက ကျောင်းဆရာမပဲ၊ ဒါမျိုးတွေကို သွန်သင်ဆုံးမလာတာ၊
ကျမအိမ်ရောက်ရင် ကောင်းကောင်း ပြောတတ်အောင် ပြန်သင်လိုက်မှာပေါ့" လို့ပြောပြီး ဝယ်လာခဲ့သတဲ့။
အိမ်ရောက်တော့ ကြက်တူရွေးကြီးကို လှောင်အိမ်အသစ်ထဲ ထည့်လိုက်တဲ့အခါ ကြက်တူရွေးကဖ
"အိမ်အသစ်၊ အိမ်အသစ်၊ မာမီအသစ်၊ မာမီအသစ်" လို့ အော်လိုက်တယ်။
ဆရာမရဲ့ သမီးသုံးယောက် ကျောင်းက ပြန်လာတဲ့အခါ ကြက်တူရွေးက
"အသစ်လေးတွေ လာကြလာကြ၊ ဖလန်းဖလန်းထတဲ့ အလန်းဇယား အသစ်လေးတွေ ရောက်နေပြီနော်"
လို့ အော်ပြန်တယ်။
ခဏနေတော့ ဆရာမရဲ့ ယောကျာ်း ပြန်လာပြီး၊ အိမ်ထဲကို ဝင်လာတာနဲ့ ကြက်တူရွေးကြီးက ဝမ်းသာအားရ
နှုတ်ဆက်လိုက်တာကတော့...
"ဟော … ဖောက်သည်ဟောင်းကြီးပါလား၊ ဆရာ့ အသည်းကျော်မလေးတွေ ရဲဖမ်း ရဲဖမ်း၊
ဒီအိမ်မှာ အရမ်းလန်းတဲ့ အသစ်လေးတွေ ရယ်ဒီ ရယ်ဒီ" လို့ တစ်အိမ်လုံးကြားအောင် အသံဩကြီးနဲ့
အော်လိုက်သတဲ့။
Credit_ JACBA
No comments:
Post a Comment