Monday, March 14, 2016

ခင်ပွန်းကြီး (၁ဝ) ပါးကို ပူဇော်ကန်တော့ရကျိုး (၁ဝ) ပါးမှာ

(၁) ရုပ်ဆင်းအင်္ဂါ တင့်တယ်လှပခြင်း
(၂) စိတ်ဓာတ်ကြည်လင် ပျော်ရွှင်စေခြင်း
(၃) အနာရောဂါ မကပ်ငြိခြင်း
(၄) ဘေးအန္တရာယ်အသွယ်သွယ်တို့မှ လွတ်ကင်းခြင်း
(၅) လူအများတို့ ချစ်ခင်နှစ်သက်ခြင်း
(၆) လာဘ်လာဘ ရွှင်လန်းခြင်း
(၇) အိပ်မက်ကောင်း၊ နိမိတ်ကောင်းများရရှိခြင်း
(၈) နတ်သိကြားတို့၏ ကူညီ မစမှု ခံရခြင်း
(၉) အကြံအစည်ဟူသမျှ အောင်မြင်ခြင်း
(၁ဝ) သင်ကြားသမျှ အတတ်ပညာတို့ တတ်လွယ်ခြင်းတည်း ဟူသော အကျိုးတရား (၁ဝ) ပါးကို ရိုသေလေးစားစွာဖြင့် ပူဇော်ကန်တော့ကြပါရန် နှိုးဆော်တိုက်တွန်းပါသည်။

ခင်ပွန်းကြီးဆယ်ပါး ဘုရားရှိခိုး ( ပါဠိတော်)

ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ ၊
အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရု သတ္ထာ၊
ဓမ္မဒေသကာ စ ဒါယကာ။
ဣမေ ဒသ မဟာဂုဏေ၊
အဟံ ဝန္ဒာမိ သဗ္ဗဒါ။

ခင်ပွန်းကြီးဆယ်ပါး ဘုရားရှိခိုး ( မြန်မာ)

(၁) မြတ်စွာဘုရား
(၂) ပစ္စေကဗုဒ္ဓါ
(၃) ရဟန္တာ
(၄) အဂ္ဂသာဝက၊ မဟာသာဝက
(၅) မိခင်
(၆) ဖခင်
(၇) အရွယ်၊ ပညာ၊ သီလဂုဏ် စသည်အလေးအမြတ်ပြုအပ်သော ပုဂ္ဂိုလ်
(၈) အသိအတတ်ပညာ အလိမ္မာပေးသည့် ပုဂ္ဂိုလ်
(၉) တရားဟောကြားဆုံးမပေးသည့် ပုဂ္ဂိုလ်
(၁ဝ) ပေးဖူး + ကျွေးဖူး + ကျေးဇူးပြုဖူးသော ပုဂ္ဂိုလ်
ထို (၁ဝ) ဦးသော သူတို့ကို ကျွန်ုပ်သည် နေ့ညမပြတ် အချင်းခပ်သိမ်း၊ ကျေးဇူး ယှက်မြှေး စိမ့်စိမ့်တွေးလျက် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား...

ခင်ပွန်းကြီး (၁ဝ) ပါးကို ဝန်ချတောင်းပန်နည်း

ဘုရားတပည့်တော်သည် လွန်ခဲ့သော အတိတ်ဘဝများနှင့် ယခုဘဝအထိ တွေ့ဆုံ ကြုံကြိုက်ဦးခိုက်ဖူးမြော်ရသော
(၁) အဆူဆူကုန်သော ဘုရားရှင်များ
(၂) အဆူဆူကုန်သော အရှင်ပစ္စေကဗုဒ္ဓါများ
(၃) များပြားလှစွာကုန်သော ရဟန္တာများ
(၄) များပြားလှစွာကုန်သော အဂ္ဂသာဝက၊ မဟာသာဝက အရှင်မြတ်များ
(၅) မိခင်များ
(၆) ဖခင်များ
(၇) အရွယ်၊ ပညာ၊ သီလဂုဏ် စသည် အလေးအမြတ်ပြုအပ်သော ပုဂ္ဂိုလ်များ
(၈) အသိ အတတ် အလိမ္မာ ပညာတို့ကို သင်ကြားပေးအပ်သည် ဆရာသခင်များ
(၉) အပါယ်သံသရာ လွတ်စေရာဟု မြတ်စွာဓမ္မဟောကြားဆုံးမပေးသော ဓမ္မကထိကပုဂ္ဂိုလ်များ
(၁ဝ) အရေးတစ်စုံ ကိုယ်၌ကြုံသော် သက်ယုံကောင်းရာ စေတနာဖြင့် ပေးဖူး + ကျွေးဖူး + ကျေးဇူးပြုဖူးသော ပုဂ္ဂိုလ်များ အပေါ်၌ ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့ကို သည်းခံခွင့်လွှတ်တော်မူရန် တောင်းပန်ဝန်ချ ကန်တော့ပါသည်ဘုရား

ဆုတောင်း

ကန်တော့ရသော အကျိုးအားကြောင့် အနိဌဖလ ဒုက္ခအသွယ်သွယ် အန္တရယ်အပေါင်းမကောင်းဟူသမျှ လွတ်ငြိမ်းပ၍ သုခချမ်းသာအဖြာဖြာနှင့် လိုရာဆန္ဒဟူသမျှ ပြည့်ဝရပါစေသား အရှင်ဘုရား။

No comments:

Post a Comment