Friday, March 25, 2016

ဒီနေ့အတွက်စကားလက်ဆောင်လေးကတော့...

"Your past is indicative of your future " မင်းရဲ့ အတိတ်ဟာ မင်းရဲ့ အနာဂတ်ကို ရည်ညွန်းပြဆိုထားပါတယ်။

ကိုယ်တိုင်ကြိုးစားခဲ့သော်လည်း ကြုံတွေ့ရတဲ့ ကျရှူံးမှုနဲ့ မှားယွင်းမှုတွေဟာ မိတ်ဆွေရဲ့ အနာဂတ်အတွက် ဆိုးကျိုးတွေသာဖြစ်တယ်လို့ ခံယူမထားပါနဲ့။

ကြိုးစားနေတဲ့ လူတစ်ယောက်ဟာ မိမိရည်မှန်းထားတဲ့ ရည်မှန်းချက်ကို မရသေးရင်တောင် လက်တွေ့ဆန်သော ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိလာမှာ သေချာပါတယ်။

မိမိဖြစ်ချင်သော အရာတစ်ခုကို ကောင်းကောင်းမွန်မွန်အဆုံးမသတ်နိုင်ပါသော်လည်း ဒါဟာ အနာဂတ်အတွက် အတွေ့အကြုံကောင်း သင်ခန်းစာတစ်ခုပဲလို့ မှတ်ယူထားဖို့ လိုအပ်ပါတယ်။

မိတ်ဆွေအနေဖြင့် ခက်ခဲတဲ့အခြေအနေရောက်လာပြီဆိုရင် အသက်ကို ပြင်းပြင်းရှူပြီး တောင့်ခံထားလိုက်ပါ။
တစ်ခါတစ်လေ အောင်မြင်မှုဆိုတာ မိတ်ဆွေမမျှော်လင့်ထားတဲ့အချိန်တွေမှာ ရောက်လာတတ်ပါတယ်။

ဒါပေမယ့် မိတ်ဆွေရဲ့ တကယ်ဖြစ်ချင်သော ရည်မှန်းချက်ရဲ့ အတိုင်းအဆကလည်း အဓိပ္ပယ်ရှိဖို့ လိုပါသေးတယ်။ မိတ်ဆွေအနေနဲ့ တခြားသူနဲ့ သွားယှဉ်လို့မရပါဘူး။ အဓိကအရေးကြီးဆုံးက မိမိကိုယ်သာ မိမိယှဉ်ပြိုင်ပါ။ မိမိကိုယ်ကို ဝေဖန်သုံးသပ်ပါ။မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ပါ။ ကြိုးစားမြဲ ကြိုးစားပါ။ အောင်မြင်မှုက နောက်ကတဆင့် လိုက်လာပါလိမ့်မယ်။ မကြိုးစားဘဲနှင့်တော့ ဖြစ်ချင်တာဟာ ဖြစ်လာမှာမဟုတ်ပါဘူး။

တကယ်တော့ ကျရှူံးခြင်းဆိုတာဟာ တစ်ခဏသာပါ။ စွန့်လွှတ်အရှူံးပေးလိုက်ရင်တော့ ဘဝတစ်ခုဟာ ထာဝရ ကျရှူံးသွားပါလိမ့်မယ်။

Credit;Richard Michael William

No comments:

Post a Comment