ဆံပင်ကျွတ်နေသူတွေအတွက် ဆံပင်မကျွတ်တော့အောင် ရပ်တန့်နည်းများ
=======================================
ဆံပင်အရင်းတွေ
အားနည်းပြီး ဆံပင်တွေကျွတ်နေလို့ စိတ်ညစ်နေရင်တော့ ဒီနည်းလမ်းလေးတွေက
ဆံပင်ကျွတ်တာကို ရပ်တန့်ပေးနိုင်ပါလိမ့်မယ်။ ဆံပင်ကျွတ်တာကို
ကာကွယ်နိုင်တဲ့ ဆံပင်ပေါင်းဆေးတွေကိုတော့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့
ပြုလုပ်နိုင်ပြီးတော့ ခေါင်းလျှော်ပြီးရင် ဒီပေါင်းဆေးလေးတွေကို
အသုံးပြုသင့်ပါတယ်။
(၁)rosemary ရည်ကို ရေနွေး ပူပူထဲတွင် ထည့်၍
မိနစ် (၂၀)လောက် ထည့်ထားပါ။ အဲ့နောက်မှာတော့ အအေးခံလိုက်ပါ။
ကြက်ဥတစ်လုံးကို ဖောက်ထည့်ပြီး ဆံပင်အမြစ်အထိရောက်အောင် သုတ်လိမ်းပြီး
ခဏအကြာမှာမှ ဆေးချလိုက်ပါ။
(၂)သင်္ဘောသီး(၁)ခြမ်းကို
မိမိ၏ဆံပင်အရှည်၊အတိုအရွယ်ကို ချိန်ပြီး အသားများကိုထုတ်၍ အစေ့ များကို
ဖယ်ပါ။ ကြိတ်စက်ဖြင့် ကြိတ်ပြီး အနှစ်ဖြစ်အောင် လုပ်ပါ။
ဒိန်ချဉ်လက်ဖက်ရည်ပန်းကန်(၁)လုံး စာနှင့်ရော၍ ဆံပင်ကို လိမ်းပြီး နှိပ်
နယ်ပေးပါ။ ထို့နောက် မိနစ်(၃၀)ခန့် ထားပြီးမှ ဆေးချပါ။
(၃)ကြက်ဆူဆီ၊
မုန်ညင်းဆီ ၊သံလွင် ဆီတို့ကို အချိုးဆတူရောပါ။ မိမိ၏
ဆံပင်အထူအပါးအပေါ်မူတည်ပြီး အချိန်အဆကို အတိုးအလျော့လုပ် နိုင်သည်။
ဆတူရောပြီးပါက ဆံပင် ကို လိမ်းပြီး မျက်နှာသုတ်ပ၀ါနှင့်ပတ်၍
နာရီဝက်ခန့်ထားပါ။ ဆီများစင် အောင် ခေါင်းလျှော်ရည်နှင့်ဆေး ချပါ။
ဆံပင်ကျွတ်ခြင်းအတွက် ထိ ရောက်စေသောနည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(ကျန်းမာရေး)
Ref : WebMD
No comments:
Post a Comment