နေမကောင်းဖြစ်လို့
ဆေးခန်းသွား ပြတဲ့အခါ ဆရာဝန်က လျှာထုတ် ခိုင်းပြီး စစ်ဆေးရတဲ့အကြောင်း
ရင်းရှိပါတယ်။ အဲဒါကတော့ လျှာကနေတစ်ဆင့် ကျန်းမာရေးအခြေအနေကို
သိနိုင်တဲ့အတွက်ကြောင့် ဖြစ်ပြီး လျှာဘယ်လိုအရောင်ဆို ရင်
ဘယ်လိုရောဂါကြောင့်ဆိုတာ သိနိုင်အောင်လို့ ဖော်ပြပေးလိုက် ပါတယ်။
အနီရင့်ရောင်
လျှာရဲ့ အရောင်က ပုံမှန်ဆို ရင် ပန်းရောင်လေးဖြစ်ပေမယ့်
အနီရင့်ရောင်လိုမျိုးဖြစ်နေရင် တော့ သွေးအားနည်းရောဂါ၊ ကာ ဝါဆာကီရောဂါနဲ့
ကူးစက်အဖျား ရောဂါတစ်ခုခုကြောင့်ဆိုတာ ခန့် မှန်းလို့ရပါတယ်။
အဖြူ (သို့) နို့နှစ်ရောင်
လျှာအရောင်က အဖြူ (ဒါမှ မဟုတ်) နို့နှစ်ရောင်၊ ဒိန်ခဲရောင် လို အလွှာမျိုးဖြစ်နေရင်တော့ ခံတွင်းရောဂါတစ်ခုခုဖြစ်နေတာ ကြောင့်ပါ။
အဝါရောင် (သို့) လျှာထူနေခြင်း
လျှာပေါ်မှာ အဝါရောင်အ လွှာလိုမျိုးတွေ့နေရင်တော့ ခန္ဓာ ကိုယ်မှာ
အပူတွေများနေလို့ (ဒါမှ မဟုတ်) ဘက်တီးရီးယားတွေများ နေလို့ဆိုတာ
သိထားလိုက်ပါ။
လျှာချောနေခြင်း
ပုံမှန်ဆိုရင် လျှာမျက်နှာပြင် လွှာက ကြမ်းကြမ်းလေးဖြစ်ပေ မယ့် အရမ်းကို
ချောမွတ်နေပြီး နာကျင်တာ၊ အထိမခံနိုင်တာတွေ ဖြစ်လာရင်တော့ အာဟာရချို့တဲ့တဲ့
လက္ခဏာတစ်ခုလို့ ဆိုရမှာပါ။
လျှာတွင်အဖုထွက်ခြင်း
လျှာဘေးဘက်မှာ နာကျင်မှု မရှိတဲ့ အဖုလိုမျိုးထွက်လာပြီး နှစ် ပတ်
(ဒါမှမဟုတ်) ဒီထက်စော စောပျောက်သွားရင် စိုးရိမ်စရာ မရှိပေမယ့် အဲဒီကာလထက်
ကျော်သွားတာတောင် မပျောက် သေးဘူးဆိုရင်တော့ ခံတွင်းကင် ဆာရဲ့
လက္ခဏာဖြစ်နေမလားဆို တာ သိထားရမှာပါ။
လျှာကြီးမည်းပြီး အမွှေးတွေ ပေါက်လာခြင်း
ဒီလိုအခြေအနေဆိုရင် တော့ ခံတွင်းသန့်ရှင်းရေးမလုပ် လို့ဆိုတာ အချက်ပြတာပါ။
လျှာနာကျင်ခြင်း
လျှာနာကျင်တာ၊ ပါးစောင် အတွင်းဘက်မှာ နာကျင်တာဟာ အချွန်အတက်တစ်ခုခုနဲ့
ထိခိုက်မိ လို့(သို့မဟုတ်) လျှာကိုက်မိတာ ကြောင့်လည်း ဖြစ်တတ်ပါတယ်။
ပပ်ကြားအက်ခြင်း
လျှာပေါ်မှာ နာကျင်တာတွေ မရှိဘဲ ပပ်ကြားအက်တာမျိုးက
ပူပူလောင်လောင်တစ်ခုခုစား လိုက်လို့ လျှာအပူလောင်တဲ့အခါ ဖြစ်လေ့ပြီး
အသက်အရွယ်ကြီး လွန်းရင်လည်း ဖြစ်တတ်ပါတယ်။
အပူလောင်သလိုခံစားရခြင်း
အပူလောင်ခံရလို့မဟုတ်ဘဲ နဲ့ သူ့အလိုလိုလျှာတွေအပူလောင် သလိုဖြစ်ပြီး
တဆစ်ဆစ်နဲ့ စပ်ဖျဉ်း ဖျဉ်းခံစားရခြင်း၊ ခံတွင်းခြောက် ပြီး
ခံတွင်းပျက်တာမျိုးတွေဟာ အမျိုးသမီးတွေ သွေးဆုံးချိန်တွေ မှာ
ဖြစ်လေ့ရှိပါတယ်။
ခရမ်းရောင်ဖြစ်နေခြင်း
အရောင်ပါတဲ့ တုတ်ထိုး သကြားလုံးတွေ အကြာကြီးငုံပြီး စားထားလို့
ဖြစ်နိုင်သလို လျှာမှာ သွေးလည်ပတ်မှုမကောင်းတဲ့အ တွက်ကြောင့်လည်း ဖြစ်တတ်ပါ
တယ်။
—Ref: tophomeremedies
No comments:
Post a Comment