Sunday, March 20, 2016

သမီးလေး...
ပိုးစုန်းကြူးအရောင်နဲ့
ရက်ကန်းရက်လို့ မရသလို
လရောင်နဲ့လည်း
လူနာတစ်ယောက်ကို
ခွဲစိတ်ကုသလို့ မရပါဘူးကွယ် ။
မလုံလောက်တဲ့ အလင်းအားနဲ့
စိတ်သွားတိုင်း
ကိုယ်မပါနိုင်ဘူးဆိုတာ
သမီးလေး ကြိုသိခဲ့ရင်
ဘာမဆို စဉ်းစားချင့်ချိန်ပြီး
လုပ်နိုင်တာပေါ့နော် ။
မဆင်မခြင်နဲ့
စိတ်ထင်ရာ လုပ်တတ်တဲ့သူမျိုး
သမီးလေး ဖြစ်မှာစိုးလို့ပါ ။
ဖေဖေ

No comments:

Post a Comment