Tuesday, March 22, 2016

ဆီးကို ကြာကြာအောင့်ထားတဲ့အခါ
======================
ဆီးလမ်းကြောင်း ကူးစက်ရောဂါ လို့ သိရတဲ့ urinary tract infection UTI က ဆီးကြာကြာအောင့်ထားခြင်းရဲ့ ဖြစ်နေကျ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။
ဒါက ဆီးလမ်းကြောင်းဝ တဝိုက် ဘက်တီးရီးယားပိုးများ စုပုံပြီး ဆီးက လုံလောက်စွာ မဖြတ်သန်းရတာကြောင့် ဖြစ်ပါတယ်။

ဆီးသွားခြင်းက ဘက်တီးရီးယားပိုးမွှားတွေကို ရှင်းထုတ်ပေးပြီး ဆီးကို ကြာကြာထိန်းထားတဲ့အခါ ပိုးမွှားတွေ ပွားဖို့ အခွင့်အရေး ရရှိစေခြင်းကြောင့် UTI အဖြစ်များတာလို့ Harvard Medical School မှ Dr Anthony Komaroff ပြောဆိုချက်အရ သိရပါတယ်။
လူတစ်ယောက်ရဲ့ ဆီးအိတ် တုံ့ပြန်နိုင်အားက သူတို့ စားသောက်တဲ့ အရာပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဒါပေမယ့် ဆီးကို ကြာကြာအောင့်ထားခြင်းက ဆီးအိမ်ကို ပို၍အထိမခံ ထိခိုက်လွယ်ဖြစ်စေတတ်ပါတယ်။
ဆီးအိမ်အနေနဲ့ ပိုမိုများပြားတဲ့ ဆီးပမာဏကို ထိန်းထားခြင်းကြောင့် ဖြစ်ပါတယ်။ အာရုံခံကိရိယာ (sensor) က ပုံမှန်ထက် ပိုအလုပ်လုပ်လာပြီး ပုံမှန်ထက် မကြာခဏ ဆီးသွားချင်စိတ် ဖြစ်လာစေပါတယ်။
ဆီးကို အချိန်အနည်းငယ်တော့ အောင့်ထားလို့ ရပေမယ့် အရမ်းသွားချင် စိတ်လာတာနဲ့ အမြန်ဆုံး ပေါက်ပေးဖို့ အရေးကြီးပါတယ်။ သင့်ဆီးအိတ် မပေါက်ဘူး ပြောလို့ မရပါ။

Ref: thehealthsite

No comments:

Post a Comment