ကြို့ထိုးနေပါက အမြန်ပျောက်စေတဲ့ နည်းများ
===========================
ကြို့ထိုးတာကို လူတိုင်းကြုံဖူးကြမှာပါ ။တစ်ခါတစ်ရံဆိုရင်
ပုံမှန်ဖြစ်ပေမဲ့ ခဏခဏ ဖြစ်လာရင်တော့ စိတ်အနှောက်အယှက် ဖြစ်ရမှာ အမှန်ပါပဲ
။ဒါကြောင့် ကြို့ထိုးအမြန် သက်သာစေမယ့် နည်းလေးတွေကို ပြောပြချင်ပါတယ်။
၁။
။ရေခွက်တစ်ခွက်တည်းမှာ ပိုက်နှစ်ချောင်းတပ်ပြီး တပြိုင်တည်း စုပ်လိုက်ပါ ။
အတတ်နိုင်ဆုံး ရေကို များများ မြိုချမိအောင် လုပ်ရပါမယ်။
၂။ ။ငရုတ်သီးလို စပ်တဲ့အရာ တစ်ခုခုစားလိုက်ပါ ။ ငရုတ်သီးရဲ့အစပ်က ကြို့ထိုးနေတဲ့အာရုံကို လွဲသွားအောင်လုပ်နိုင်လို့ပါ ။
၃။
။ပျားရည်တစ်ဇွန်းကို ရေတစ်ဖန်ခွက်စာထဲ ရောထည့်ပြီး သောက်ပါ။ ပျားရည်က
vagus အာရုံကြောကို နှိုးဆွနိုင်စွမ်းရှိလို့ ကြို့ထိုးရပ်စေပါတယ် ။
၎။ ။သကြားတစ်ဇွန်းကို မြိုချလိုက်ပါ ။ သကြားက အစာပြွန်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေတဲ့အတွက် ကြို့ထိုးသက်သာစေပါတယ်။
၅။ ။ချောင်းဆိုးကြည့်လိုက်ပါ ။ချောင်းဆိုးလိုက်တဲ့အခါ ရင်ဝမ်းခြား ကြွက်သားကို ညှစ်လိုက်သလို ဖြစ်စေတဲ့ အတွက်လည်း သက်သာစေပါတယ်။
၆။
။မြေပဲယို စားလိုက်ပါ ။မြေပဲယို စားရင် အကြိမ်ရေအများကြီး
ဝါးဖို့လိုတဲ့အတွက် အသက်ရှူတဲ့ပုံစံကို ပြောင်းလဲစေတာကြောင့်
ဆက်ပြီးကြို့မထိုးနိုင်တော့ပါဘူး။
၇။ ။စက္ကူအိတ် တစ်အိတ်ကို
ပါးစပ်ပေါက် အ၀မှာတေ့ပြီး အနည်းဆုံး 10 ကြိမ်ခန့်အသက်ရှူသွင်း ၊
ရှူထုတ်လုပ်ပါ ။အသက်မြန်မြန်ရှူနိုင်လေ မြန်မြန်ပျောက်လေဖြစ်ပါတယ် ။
၈။ ။အနံ့ပြင်းတဲ့ အရာတစ်ခုခုကို ရှူလိုက်တဲ့အခါမှာလည်း အသက်ရှူတဲ့ပုံစံပြောင်းလဲစေတဲ့အတွက် ကြို့ထိုးရပ်စေပါတယ် ။
၉။
။ရေတစ်ခွက်ကို ကြမ်းပြင်ပေါ်ချထားပြီး ငုံ့၍ သောက်ကြည့်ပါ ။ တစ်ခါသောက်ရုံ
နှင့် မပျောက်သေးလျှင် နှစ်ကြိမ် ၊သုံး ကြိမ် သောက်ကြည့်ပါ။
၁၀။ ။ညာလက်နဲ့ဘယ်ဘက်နားရွက်ကိုကိုင် ၊ဘယ်လက်နဲ့ညာဘက်နားရွက်ကို ကိုင်ထားပြီး တခြားတစ်ယောက် ကို ရေတိုက်ခိုင်းပါ ။
၁၁။ ။နောက်ဆုံးကတော့ တစ်ယောက်ယောက်က လန့်အောင်လုပ်လိုက်တဲ့အခါမှာလည်း ကြို့ထိုးပျောက်ကင်းနိုင်ပါတယ် ။
Ref:thefactsite
Today Bago
No comments:
Post a Comment