အိမ်ထောင်ရေး
==========
တစ်နေ့ ကျွန်တော့် ဆီကို သူငယ်ချင်းတစ်ယောက်ရောက်လာပါတယ်။
"ငါ့အိမ်ထောင်ရေးကံမကောင်းဘူးကွာ။
ရှေးလူကြီးတွေပြောတဲ့စကားက သိပ်မှန်တာပဲ။ အိမ်ထောင်ရေးဆိုတာ
ထီထိုးသလိုပဲတဲ့။ ဒါနဲ့မင်းရော အိမ်ထောင်ကျပြီလား။"
"ဟင့်အင်း…….."
ကျွန်တော်ခေါင်းအခါမှာ……..
"အေးကွာ အိမ်ထောင်ပြုမယ်ဆိုရင် ထီထိုးသလိုပဲ ဆိုတဲ့ စကားကို သတိရပေါ့ကွာ………."
သူ့စကားကို အဆုံးသတ်ပြီး လှည့်ထွက်သွားပါတယ်။
နှုတ်တောင်ဆက်မသွားဘူး။
"အိမ်ထောင်ရေးဆိုတာ ထီထိုးတယ်လို့ ယူဆရင်လည်း မပေါက်မချင်း ဆက်ထိုးခွင့်ရှိတာပဲ။"
လို့ပြောလိုက်တဲ့ ကျွန်တော့်စကားကို သူမကြား လိုက်တော့ပါဘူး။
No comments:
Post a Comment