နဂါးမောက်သီးရဲ့ ကျန်းမာရေးရလဒ်ကောင်း (၈) ခု
==============================
နဂါးမောက်သီးမှာ
နဂါးရဲ့အမောက်ပုံသဏ္ဌာန်လေး ရှိနေလို့နဂါးမောက်သီးလို့
မြန်မာနိုင်ငံသားတွေက ခေါ်ဆိုကြပါတယ်။ အရသာက ချိုတဲ့အရသာ အနည်းငယ်သာရှိပြီး
တခြားအရသာလည်း ပေါ်လွင်မှုမရှိပါဘူး။
အသီးကို
ထက်ခြမ်းခြမ်းလိုက်ရင်အထဲမှာ နှမ်းစေ့လေးတွေလို မြင်နိုင်ပါတယ်။
အသွင်သဏ္ဌာန်နဲ့ အရသာကြောင့် နဂါးမောက်သီးကို မစားချင်ဘူးဆိုရင်တော့
နဂါးမောက်သီးစားလို့ရလာမယ့် ကျန်းမာရေးရလဒ်ကောင်းတွေကို အရင်ဆုံး
ဖတ်ကြည့်လိုက်ပါဦး။
၁) ကယ်လိုရီအရမ်းကိုနည်းပါးလွန်းတာကြောင့် ဝိတ်တက်မှာ မပူရပါဘူး။
(၂) နှလုံးကို ကျန်းမာစေနိုင်ပါတယ်။
(၃) အမျှင်ဓာတ်တွေက အစာခြေစနစ်ကို ကောင်းမွန်စေပါလိမ့်မယ်။
(၄) ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
(၅) ဆီးချိုရောဂါကို တိုက်ထုတ်နိုင်စွမ်းကောင်းပါတယ်။
(၆) ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေပါဝင်လို့ အိုမင်းရင့်ရော်မှုကို လွယ်လွယ်နဲ့ မဖြစ်စေပါဘူး။
(၇) ဆေးဆိုးလို့ဖြစ်ဖြစ် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့လို့ဖြစ်ဖြစ် ပျက်စီးနေတဲ့ ဆံကေသာကို ပြုပြင်ပေးပါတယ်။
(၈)
ဝက်ခြံတွေမဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။ ဝက်ခြံတွေဖြစ်နေရင်လည်း
နဂါးမောက်သီးရဲ့အသားတွေကို အနှစ်ဖြစ်အောင်ပြုလုပ်ပြီး ရလာတဲ့အနှစ်နဲ့
ဝက်ခြံတွေကိုသုတ်ပေးရင် ဝက်ခြံတွေ မြန်မြန်ပျောက်ပါတယ်။D
Duwun
No comments:
Post a Comment