Friday, March 25, 2016

သို့ /

------ ပိုက်ဆံ -------

သတိရခြင်းများစွာဖြင့်စာရေးလိုက်ပါတယ်။ နေကောင်းကျန်းမာစွာရှိသည့်

အကြောင်းကိုလည်းကြားသိရသဖြင့်အလွန်ပင်ဝမ်းမြောက်မိပါသည်။ဤစာ

ကို ရေးသားရသည့်အကြောင်းမှာကျွန်တော်နှင့်ပိုက်ဆံ၏ဆက်ဆံရေး

အတွက်ဖြစ်ပါသည်။ ကျွန်တော်ဘက်မှပိုက်ဆံကိုထာဝဇဉ် လိုလိုလားလား

ရှိသည်ဖြစ်သော်လည်း ယခုနောက်ပိုင်းသင်၏ဘက်မှဆက်ဆံရေး ကျဲလာ

သည်ကို သတိထားမိပါသည်။ ယခင်ကအတူတွဲခဲ့သည့်အချိန်များတွင်

ကျွန်တော်ဘက်မှဘာများမှားသွားခဲ့သလဲ ဆိုတာကိုလည်းစဉ်းစားမရနိုင်ပါ။

ယခုဆိုလျှင်တစ်လလုံးနေမှသင့်ကိုတွေ့တယ် ဆိုရုံလေးတွေ့ရတတ်ပြီး

မကြာခင်မှာပင် ပျောကိဆုံးသွားပြန်သောကြောင့်များစွာစိတ်မကောင်းဖြစ်

ရပါသည်။

အတူတူပျော်ခဲ့ဖူးသောအချိန်များကိုပြန်စဉ်းစားမိတိုင်းပို၍ဝမ်းနည်းမိပါသည်။

ကျွန်တော့အား စိတ်ဆိုး စိတ်ခုနေ

သည်ဆိုလျှင်ပွင့်ပွင့်လင်းလင်းပြောပြပေးစေလိုပါသည်။ သင်မရှိသည့်အခါ

ကျွန်တော့မှာ စားလည်းမစားနိုင် ၊ သွားလည်းမသွားနိုင် ၊

phone တောင်မပြောနိုင်ဖြစ်၍လာပါသည်။ သင့်ကို

တစ်ခါတလေသူများတွေနှင့်တွဲ၍ ပျော်ရွှင်စွာ တွေ့မြင်ရသည့်အခါ

ကျွန်တော်သည်မျက်ရည်များပင် ဝဲလာသည်ထိထိခိုက်နာကျဉ်ခံစားရပါသည်။

ကျွန်တော့အပေါင်းအသင်းများကအစကျွန်တော့်ထက်

သင့်ကိုပို၍လိုလားကြသည်ဟုထင်ပါသည်။ သင်မရှိတော့ သူတို့လည်း

ကျွန်တော်ဆီ အရောက်အပေါက် နည်းလာသောကြောင့်ဖြစ်သည်။

ကျွန်တော် ၏ ချစ်သူပင်လျှင်ကျွန်တော့ကိုဘေးမှာထားပြီး

သင်ဘယ်ရောက်နေသည်

ဆိုတာကိုအမြဲတမ်းနားစွင့်နေတတ်သည်ကိုမြင်ရတိုင်း

ကျွန်တော်စိတ်မကောင်းဖြစ်သော်ငြား အပြစ်လို့လဲ

သတ်မှတ်ရခက်ပြန်ပါသည်။

(အချုပ်အားဖြင့်ဆိုရလျှင်) ကျွန်တော့ထံ များများ

မြန်မြန် ပြန်လာဖို့သာဖြစ်တော့သည်။

မူရင်းရေးသားသူအား credit ပေးပါသည်။

No comments:

Post a Comment