Friday, March 25, 2016

စိတ်ကို စိတ်အတိုင်း မထားပါနှင့်။
•••••••••••••••••••••••••••

စိတ်ကို စိတ်အတိုင်းထားပါ။
စိတ်ဆိုတာ နဂိုက ဖြူပြီးသားပါလို့အပြောသက်သက်နဲ့ လူပြိန်းကြိုက်နည်းတွေလည်း ရှိတတ်ပါတယ်။

စိတ်ဆိုတာ နဂိုက ပြိုးပြိုးပျက်ပျက်အရောင် ထွက်တယ်၊ သန့်ရှင်းတယ်လို့
မြတ်ဗုဒ္ဓရဲ့ စကားကိုသာ ယူပြီးကိုယ့်အကြိုက်ကိုယ် ပြောဆိုနေကြတာပါ။

ပုထုဇဉ်တွေရဲ့စိတ်ဟာ မကောင်းမှုမှာသာအပျော်များတယ်၊ အဖြစ်များတယ်လို့လည်း
မြတ်ဗုဒ္ဓက ဟောတော်မူခဲ့ပါတယ်။

စိတ်ကို စိတ်တိုင်းထားလို့ မရပါဘူး။
ကိလေသာ အခံရှိတဲ့စိတ်ကပုထုဇဉ်တွေရဲ့ စိတ်ပါ။

ကိလေသာဓာတ်ဆိုးတွေကိုမပယ်နိုင် သရွေ့
ဒီဓာတ်ဆိုးတွေက ဒီစိတ်တွေကိုခြယ်လှယ်ကြပါတယ်။

စိတ်ကို စိတ်အတိုင်းထားလိုက်ပါလို့လွယ်လွယ်ပြောတဲ့နည်းနဲ့ ဘုရားရှင် ရဲ့
စိတ်ချမ်းသာစွာ နေနည်းက မတူပါဘူး။
လုံးဝ ဆန့်ကျင်တယ်။

ဓမ္မဒူတ
ဒေါက်တာ အရှင် ဆေကိန္ဒ။

မင်းနန် (မော်ကျွန်း)။

No comments:

Post a Comment