ပိုးစာသီးရဲ့ ကျန်းမာရေးအစွမ်း
===============
ပိုးစာသီးအပင်ကို
စက်ရုံအတွက်အသုံးပြုပြီး ပိုးချည်ထုတ်လုပ်တဲ့ ပိုးကောင်များအတွက် အစာအဖြစ်
အကျွေးမွေးပါတယ်။ အသီးက ဆီးချို၊ နှလုံးရောဂါ နဲ့ အကြိတ်စတဲ့ ပြင်းထန်တဲ့
ရောဂါများ ခုခံကာကွယ်ရာမှာ ကျန်းမာရေးနဲ့ အထူး ညီညွတ်မှုရှိပြီး
အကူအညီဖြစ်ပါတယ်။
ပိုးစာသီးမှာ အော်ဂဲနစ်အက်စစ်၊ ဗီတာမင်-စီ၊
ကာရိုတင်း၊ ပက်တင်ဒြပ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒီပါဝင်ပစ္စည်းများက
အာသီးရောင်နာ၊ ချောင်းဆိုးခြင်း၊ ငှက်ဖျား၊ ဝမ်းလျှော၊ ခေါင်းကိုက်ခြင်းနဲ့
ရောင်ကိုင်းနာကျင်မှုတွေ ကူညီကုသပေးပါတယ်။
အင်တီအောက်စီဒင်းလည်း
ပေါကြွယ်ဝပြီး ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးတွင်း ကိုလက်ထရောကို
သိသိသာသာ လျှော့ချပေးနိုင်ပြီး နှလုံးရောဂါကို ခုခံကာကွယ်ပေးပါတယ်။ သူ့ကို
သွေးထဲ သကြားဓာတ်ပုံမှန်ဖြစ်စေတဲ့ ဒြပ်တွေ ပါဝင်တာကြောင့် ဆီးချိုရောဂါ
ကုသခြင်းအတွက် အသုံးပြုပါတယ်။
University of Texas မှာ ပြုလုပ်တဲ့
လေ့လာမှုတစ်ခုက ရောဂါပိုးမွှားများသေစေတဲ့ သဘာဝကာဘော်လစ်ဆီနဲ့ ကင်ဆာနဲ့
နှလုံးရောဂါ ကာကွယ်ရာမှာ ထိရောက်တဲ့ resveratol ပါဝင်ကြောင်း
ဖော်ထုတ်ခဲ့ပါတယ်။
Ref:healthyfoodstar
ွှTrendMyanmar
No comments:
Post a Comment