Monday, March 14, 2016

သမီးလေး
ပန်းတော့ပန်းပဲ ဒါပေမယ့်
ခေါင်ရန်းပန်းဖြစ်နေရင်
ဘယ်သူ နမ်းချင် ပန်ချင်မှာလဲကွယ်
လူတော့ လူပဲ ဒါပေမယ့်
ခေါင်ရန်းပန်းလို လူမျိုးဖြစ်နေရင်
ဘယ်သူက ချစ်ခင်နှစ်သက်မှာလဲလေ။
ပန်းဖြစ်မှတော့...
သခင်နှင်းဆီ သစ်ခွ စံပယ်လို
အများက တန်ဖိုးထားပန်ဆင်တဲ့
ပန်းအလှတွေပဲ ဖြစ်စေချင်တယ်။
လူဖြစ်မှတော့
အများက ချစ်ခင်နှစ်သက်တဲ့
လူအဖိုးတမ်တွေပဲ ဖြစ်စေချင်တယ်။
သမီးလေးကို ဖေဖေ
ဘာဖြစ်စေချင်တယ်ဆိုတာ
မပြောဘဲနဲ့ သိမှာပါနော်..

ဖေဖေ 


သမီးလေးဖတ်ဖို့(ကောင်းသန့်)မှ ကူးယူထားပါသည်။ 

No comments:

Post a Comment