မူးဝေခြင်းအတွက်အိမ်တွင်လွယ်ကူလျှင်မြန်စွာသက်သာစေသောနည်းလမ်းများ
================================================
Vertigo
လို့ခေါ်တဲ့ မူးဝေခြင်းကို ခံစားရမယ်ဆိုရင် ခံရသူဟာ ပတ်ဝန်းကျင်ဟာ
ချာချာလည်နေခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်းတွေကို ခံစားရပြီး
အော့အန်ခြင်းတွေကိုပါ ရုတ်တရက်ကြုံတွေ့နိုင်ပါတယ်။
ဒါဟာ နားရဲ့အတွင်းဖက်ပိုင်းက semi-circular လမ်းကြောင်းငယ် မှာ ပြဿနာရှိနေလို့ပဲ ဖြစ်ပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းများ
- အတွင်းနားမှာ လွင့်မျောနေသည့် ကယ်လစီယမ်ကာဘွန်နိတ်ပုံဆောင်ခဲငယ်များပိတ်ဆို့နေခြင်း
- နားတွင်းပိုးဝင်မှု ဖြစ်ပွားခြင်း
- အမြင်အာရုံထိခိုက်ခြင်း
- ခေါင်းထိခိုက်ခြင်း
- ဦးနှောက်အကျိတ်များ
- သွေးအားနည်းခြင်း၊ ဦးနှောက်သို့ သွေးလှည့်ပတ်မှု မလုံလောက်ခြင်း
- သွေးတိုးခြင်း၊ ကိုလက်စတီရောများ ခြင်း၊ ဆီးချိုသွေးချိုရောဂါ
-ရေဓာတ်နည်းပါးခြင်း၊ လေဖြတ်ခြင်း စသဖြင့် အကြောင်းအရာပေါင်းများစွာရဲ့နောက်ဆက်တွဲပြဿနာအနေ နဲ့မူးဝေခြင်းကရှိနေပါတယ်။
နည်းလမ်းများ
(၁)
ဇီးဖြူသီးအမှုန့်
လက်ဖက် ဇွန်း သုံးဇွန်းကို ရေနဲ့ရောပါ။အဲဒီ နောက်နံနံစေ့မှုန့်တစ်ဇွန်း
ထပ်ပေါင်း ပါ။ သကြားဇွန်းဝက်ခန့် ထည့်ပြီး ညစဉ်ဖျော်သောက်ပေးပါ။
(၂)
ကိုယ်ခန္ဓာကို
ဖြေလျော့ထား ပါ။ ပြီးရင်အိပ်ပျော်အောင် ကြိုးစားပါ။ အိပ်မပျော်ခြင်း၊
အိပ်ချိန် နည်းပါးခြင်းဟာခေါင်းမူးခြင်း၊ ခေါင်း
အုံခြင်းတွေနဲ့ပျို့အန်ခြင်းတွေကို ဖြစ် စေပါတယ်။
(၃)
သစ်သီးလတ်လတ်ဆတ်ဆတ် ကို ကြိတ်ချထားတဲ့ သောက်စရာတွေကို သောက်သုံးပေးရင် ရေဓာတ်ဆုံးရှုံးလို့ဖြစ်တဲ့ ခေါင်းမူးခြင်းကို သက်သာစေပါတယ်။ွှ
(၄)
အမြန်စာ
(fast food)၊ အလွယ်စာတွေကို စားခြင်းကို ရှောင်ပါ။ အိပ်ယာထဲမှာ
တစ်ဖက်ပဲစောင်း ပြီး အိပ်ခြင်းဟာ ဟန်ချက်ကို ထိန်းနိုင်ခြင်းကို
လျော့ပါးစေပြီး ခေါင်းမူး စေနိုင်ပါတယ်။
(၅)
-စတော်ဘယ်ရီသီးများကို ကြိတ်ချေပါ။ ပြီးရင် ဒိန်ချဉ်နဲ့ရောပါ။ နေ့စဉ် သောက်ပေးရင် ခေါင်းမူးခြင်းကို သက်သာစေပါတယ်။
(၆)
ချင်း(ဂျင်း)
လက်တစ်ဆစ်ခန့် ကို လက်ဖက်ရည်ကြမ်းထဲမှာ ထည့် ပြီးသောက်ပေးပါ။ မသောက်လိုရင်
ဝါးစားပေးပါ။ ဒါဆိုရင် သွေးပေါင်ချိန် တက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းမူး၊
ခေါင်းကိုက်ခြင်း၊ ပျို့အန်လိုခြင်းကို သက်သာစေပါတယ်။
(၇)
မက်မန်းသီး
(almonds) အနည်းငယ်ကို ကြိတ်ချေပြီး နို့ပူပူ တစ်ခွက်နဲ့ ရောပါ။
သောက်သုံးပေး ရင်စွမ်းအင်ပြည့်ဝစေတဲ့အပြင် ခေါင်းမူးခြင်းကိုလည်း
သက်သာစေပါတယ်။
(၈)
ပျို့အန်ပြီး ခေါင်းမူးတာမျိုးဆိုရင်တော့
ဆားအနည်းငယ်၊ ငရုတ် ကောင်းစေ့အနည်းငယ်ကို
လိမ္မော်ဖျော်ရည်တစ်ဖန်ခွက်နဲ့ရောသောက် ပါ။ ပျို့အန်တာတွေ လုံးဝသက်သာ
သွားပါလိမ့်မယ်။
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
No comments:
Post a Comment