Monday, July 25, 2016

နာကျင်မှု့တွေသက်သာအောင် ဘယ်လိုလုပ်ရမလဲ
------------------------------------------------------
လက်ချောင်း ၊ လက်ဖဝါးလေးတွေက သင့်ရဲ့အတွင်းကိုယ်အင်္ဂါတွေနဲ့ ဆက်စပ်နေပါတယ်။
၃-၅ မိနစ်လောက် ဖိနှိပ်ပေးရုံနဲ့ ဆက်စပ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးမယ်နော်.

လက်မ
လက်မလေးကတော့ သင့်ရဲ့ သရက်ရွက်နှင့် အစာအိမ်အင်္ဂါတွေနဲ့ ဆက်စပ်နေပါတယ်။
သင့် အစာအိမ်နာတာတို့၊ ခေါင်းကိုက်တာတို့၊ အရေပြားပြဿနာတွေ ဖြစ်နေရင်တော့
သင့်လက်မလေးကို ဖိနှိပ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းက သင့်ရဲ့ ခံစားနေရတဲ့ဝေဒနာတွေကို သက်သာစေပါတယ်။

လက်ညိုး
လက်ညိုးလေးကတော့ သင့်ရဲ့ ဆီးအိမ်နှင့် ကျောက်ကပ်တွေနဲ့ ဆက်စပ်နေပါတယ်။
သင့်မှာ စိတ်ကယောင်ကချားဖြစ်နေတာတို့၊ကြောက်ရွံ့စိတ်တွေများနေရင်တော့ သင့်လက်ညိုးလေးကို
ဖိနှိပ်ထားပေးခြင်းဖြင့် သက်သာစေပါတယ်။ သွားကိုက်တာ၊ ကြွက်သားတွေနာကျင်တာ၊ ရင်ပူ၊ လေပူထတာတို့ကိုလည်း
ဖိနှိပ်ထားပေးခြင်းဖြင့် သက်သာစေပါတယ်။

လက်ခလယ်
လက်ခလယ်လေးကတော့ သည်းခြေအိတ်နဲ့ အသည်းအင်္ဂါတွေနဲ့ဆက်စပ်နေပါတယ်။ သင့်မှာ စိတ်ကသိကအောက်
ဖြစ်စရာများတဲ့ အခါမျိုးမှာ သင့်လက်ခလယ်လေးကို ဖိနှိပ်ပေးခြင်းဖြင့် သက်သာစေပါတယ်။
သွေးလည်ပတ်မှု့နဲ့ ၊ စိတ်တည်ငြိမ်မှု့ကိုရရှိစေပါတယ်။

လက်တကြွယ်
အစာအိမ်အူလမ်းကြောင်းနဲ့ အဆုတ်အဂါင်္ရပ်တွေ နဲ့ ဆက်စပ်နေပါတယ်။ အစာအိမ်ဝေဒနာသည်တွေနဲ့ ပန်းနာရင်ကြပ် ဖြစ်တက်
သူတွေမှာ လက်တကြွယ်လေးကို ဖိနှိပ်ထားပေးခြင်းဖြင့် သက်သာစေပါတယ်။

လက်သန်း
လက်သန်းလေးကတော့ နှလုံးနဲ့ သေးငယ်တဲ့အူလမ်းကြောင်းတွေနဲ့ ဆက်စပ်နေပါတယ်။
အာရုံကြောအားနည်းတဲ့ အခါ၊ စိုးရိမ်မှု့တွေများတဲ့အခါတို့မှာ လက်သန်းလေးကို ဖိနှိပ်ပေးခြင်းဖြင့်
သက်သာစေပါတယ်။ ဒီလိုဖိနှိပ်ထားပေးခြင်းက အရိုးနဲ့ပတ်သတ်တဲ့ ရောဂါ၊ နှလုံးနဲ့ပတ်သတ်တဲ့ရောဂါ၊
လည်ချောင်းနာတဲ့ အခါ၊ အသက်ရူလမ်းကြောင်းတဲ့ ပတ်သတ်တဲ့ရောဂါတွေလည်း သက်သာစေပါတယ်။

လက်မအောက်ခြေ
သင့်ချောင်းအရမ်းဆိုးနေတာဖြစ်ဖြစ်၊ စိတ်သောက ရောက်နေရင်ဖြစ်ဖြစ် လက်မအောင်ခြေကို
ဖိနှိပ်ပေးခြင်းက သက်သာစေပါတယ်။

လက်ဖဝါး အလယ်
လက်ဖဝါးအလယ်ကတော့ အစာအိမ်နဲ့ဆက်စပ်နေပါတယ်။ ဝမ်းဗိုက်နာကျင်တာတွေ၊ အစာအိမ်နာကျင်တာတွေ
သက်သာစေပါတယ်။




#naturehealthandbeauty
#\/\/\/\//\/\





Sunday, July 24, 2016

သင့် အိမ်မက်တွေကို ဂရုမစိုက်ပဲမနေပါနဲ့
=================
သင့်မှာ အနာဂတ်ကိုကြိုတင် နမိတ်ပြတဲ့ စိတ်လေးတွေပုန်းကွယ်နေတယ်ဆိုတာ သတိထားမိကြရဲ့လား။
ပညာရှင်တွေက ပုန်းကွယ်နေတဲ့ စိတ်လေးတွေရဲ့ ထွက်ပေါက်ကို စူးစမ်းလေ့လာခဲ့ကြတယ်။
ဒါကတော့ အိမ်မက်ကနေတဆင့် ဖော်ပြနေတဲ့ သင့်ရဲ့ အနာဂတ်ဖြစ်စဉ်တွေပါပဲ။
အိမ်မက်လေးတွေက သင့်အနာဂတ်ကိုဘယ်လို အဓိပ္ပါယ်ရှိတယ်ဆိုတာ ဖော်ပြပေးမယ်နော်။

သွား
သွားတွေကို အိမ်မက်မက်တယ်ဆိုရင်တော့ သင့်ရဲ့ အနာဂတ်က ကြောက်ရွံမူ့ စိုးရိမ်မူ့
တွေနဲ့ ပြည့်စုံနေပါတယ်တဲ့။ သွားအိမ်မက်တွေက များသောအားဖြင့် သွားကျိုးတယ် လို့ အိမ်မက်မက်လေ့
ရှိကြပါတယ်။ ဒီလိုလေးများမက်ခဲ့ရင်တော့ သင့်မှာ စိတ်ဖိစီးမှု့တစ်စုံတစ်ရာ၊ သင့်ရဲ့ လိမ်လည်မှု့ပေါ်ပေါက်တာ၊
အချစ်ရေးမှာ အဆင်မပြေတာတို့ ဖြစ်တက်ပါတယ်။ ကျန်းမာရေးလည်း ချူချာတက်ပါတယ်တဲ့။

ပျံသန်းခြင်း
အိမ်မက်ထဲမှာ သင်ဟာပျံသန်းနေတယ်လို့ မက်ခဲ့ရင်တော့ သင့်ရဲ့အိမ်မက်တစ်ချို့ ပြီးပြည့်စုံတော့မယ်လို့
ဆိုလိုပါတယ်။ ဒီလိုအိမ်မက်တွေက လွတ်လပ်မှု့နဲ့ အောင်မြင်မှု့ကို ဖော်ပြကြတယ်။
သင်ဖိစီးနေတဲ့ စိတ်ခံစားမှု့တွေမှ လွတ်လပ်မယ်။ သင့်အောင်မြင်မှု့တွေ ရရှိဖို့ အစပြုနေပါပြီတဲ့။

သေဆုံးခြင်း
သေခြင်းတရားကို အိမ်မက်မက်တာဟာ တစ်ခုခုပြောင်းလဲဖို့ နီးကပ်လာပြီလို့ ဆိုလိုပါတယ်။
တစ်စုံတစ်ရာ ပြီးဆုံးဖို့ ဖြစ်လာမှာပါတဲ့။( ဆိုလိုတာက သင့်ရဲ့ အိမ်မက်တွေ၊ အလေ့အထတွေ၊ အချစ်ရေးတွေ)
အခြေအနေ တစ်ခုမှ တစ်ခုသို့ ပြောင်းလာခြင်းလို့လည်း အဓိပ္ပါယ်ရပါတယ်။
တစ်ခုပြီးဆုံးပြီး တစ်ခုစတင်ရမဲ့ အခြေအနေပေါ့။ သင့်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ကြီးမားတဲ့ ပြောင်းလဲမှု့မျိုး
ဖြစ်လာစေတက်ပါတယ်။

ငွေ
အိမ်မက်ထဲမှာ ငွေတွေကိုမြင်မက်နေရင်တော့ ကံကောင်းခြင်း နမိတ်ပဲဖြစ်ပါတယ်။ ထီပေါက်တယ် ဆုမဲပေါက်တယ်လို့
အိမ်မက်မက်ရင်တော့ သင့်ဘဝမှာ ကံကောင်းတဲ့ ကောင်းတဲ့ ပြောင်းလဲခြင်းမျိုးဖြစ်နိုင်ပါတယ်။
ပိုက်ဆံတွေ အများကြီးရရှိတယ်လို့ အိမ်မက်မက်ရင်တော့ သင့်ရဲ့ စိုးရိမ်ကြောင့်ကြမှု့တွေ ပြီးဆုံး
သွားပြီလို့ ဆိုလိုပါတယ်တဲ့။

ရေတံခွန်
ရေတွေမက်တဲ့ အိမ်မက်ဟာ သန့်စင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သင့်ရဲ့ ဘဝအတွေ့အကြုံတွေက
ကောင်းမွန်တယ်လို့ဆိုလိုပါတယ်။ ရေတံခွန်တွေကိုမြင်မက်တဲ့ ကောင်းတဲ့ သတင်းတွေကိုကြားရတက်ပါတယ်။
ကံဆိုးမှု့တွေပြီးဆုံးပြီး ကံကောင်းမှု့တွေ စတင်လာပြီလို့ ဆိုလိုပါတယ်။ စိတ်ချမ်းသာမှု့များလည်း ကြုံရတက်တယ်။

အိမ်
အိမ်ဆိုတာ သင့်ရဲ့ စိတ်ကို ကိုယ်စားပြုပြီးမက်တာပါ။ သင့်ရဲ့စိတ်ခံစားချက်နဲ့ ပတ်သက်ပြီးရည်ရွယ်တာပေါ့။
လုံခြုံမှု့သက်တောင့်သက်သာရှိတယ်လို့ဆိုလိုတယ်။ သင့်စိတ်ထဲမှာဖြစ်တဲ့ အလိုမကျမှု့တွေ၊ ဖြစ်ချင်နေတဲ့
ဆန္ဒတွေ အမှန်တကယ်ဖြစ်လာနိုင်တယ်ပါတယ်။

မီး
မီးကိုအိမ်မက်မက်ရင်တော့ မထင်မှတ်တဲ့ ပြောင်းလဲမှု့တွေနဲ့ ရင်ဆိုင်ရတက်ပါတယ်။ မီးနဲ့ကစားနေရတယ်လို့
မက်ခဲ့ရင်တော့ အန္တရာယ်တစ်စုံတစ်ခုနဲံ ကြုံတွေနိုင်တယ်။ ခက်ခဲတဲ့ အခက်အခဲတွေထဲက မကျော်လွှားနိုင်ပဲ ရပ်တန့်
နေတက်တယ်.။ မီးစတင်လောက်ကျွမ်းတယ်လို့ မြင်မက်ရင်တော့ သင့်စိတ်ဆိုးစရာ တစ်စုံတစ်ခု
ဖြစ်ပေါ်တက်ပါတယ်။

#beautyandhealtht
#\/\/\/\//\/\

Thursday, July 21, 2016

သင့်ခြေဖ၀ါးအတွက် ပိုက်ဆံအများကြီး အကုန်ကျမခံပါနဲ့
===============================
လူအများစုက ခြေဖဝါးကျန်းမာရေး အရေးကြီးတယ်ဆိုတာ မေ့ထားကြတယ်။ တစ်ချို့လူတွေကြတော့လည်း
ခြေဖဝါးလှပဖို့နဲ့ ကျန်းမားရေးအတွက် Spa တွေမှာ အချိန်ကုန်နေကြတယ်။ ခြောက်သွေ့အပ်ကွဲနေတဲ့
ခြေဖနောင့်တွေအတွက် အိမ်မှာတင် ပြုပြင်လို့ရတဲ့ နည်းလမ်းတွေကိုမျှဝေပေးမယ်နော်။
သင့်အိမ်မီးဖိုချောင်က နွားနို့နွေးနွေးလေး၂-၄ ခွက်ကို ဇလုံတစ်ခုထဲမှာ ထည့်မယ်။ ပြီးရင် မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်(၃)ဇွန်းခန့် ထည့်မယ်။
သင့်ရဲ့ခြေဖဝါးတွေကို ၁၀မိနစ်လောက် ဇလုံထဲ နှစ်ထားမယ်နော်။ အဆင့်ဆင့်ပြုလုပ်ပြီးသွားရင်တော့ ရေနွေးနွေးနဲ့ သင့်ခြေဖဝါးတွေကို ဆေးကြောပြီး
ခြောက်သွေ့အောင် ပါ.ဝါနဲ့ သုတ်မယ်နော်။
ဒီလိုမျိုးမကြာခဏပြုလုပ်ပေးခြင်းက ခြေဖဝါးကျန်းမာရေးအတွက် အထူးသင့်လျော်ရုံသာမက နူးညံ့ချောမွေ့စေပါတယ်။
‪#‎livehealthywithus‬
#\/\/\/\//\/\
ကဲ တစ်နေကို ကော်ဖီသုံးခွက်သောက်တဲ့ ပျိုမေတွေ ဘာတွေဖြစ်မလဲ
====================================
စူးစမ်းရှာဖွေချင်တဲ့ ပညာရှင်တွေက လက်တွေ့စမ်းသပ်ပြီးပြောပြထားတယ်။
သင့်ရဲ ရင်သားတွေ နည်းနည်းလျော့ရွဲလာတယ်လို့ ခံစားရရင် သင့်ရဲ့ စားသောက်မှု့တွေကို ပြန်သုံးသပ်လိုက်ပါ။
ပညာရှင်တွေက မိန်းကလေး၃၀၀ ကျော်ကိုစမ်းသပ်ပြီးမှ ရရှိလာတဲ့ အဖြေပါတဲ့။
တစ်နေ့ကော်ဖီသုံးခွက်သောက်တဲ့ မိန်းကလေးတွေက ရင်သားတွေ သေးငယ်လာတာကိုတွေ့ရှိရပါတယ်။
သင့်ရဲ့ရင်သားတွေ သေးငယ်လာပေမဲ့ ကော်ဖီသောက်ခြင်းက အမဟော်မုန်း ဓာတ်တွေကို ထုတ်ပေးနိုင်ရုံသာမက
ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကိုတိုက်ထုတ်ပေးပါတယ်တဲ့.။

#.forhealthylifestyle
#\/\/\/\/\/\

ဗိုက်ခေါက်ထွက်လို့ စိတ်ညစ်နေပါသလား

ဗိုက်ခေါက်ထွက်လို့ စိတ်ညစ်နေပါသလား
======================
မိန်းကလေးတိုင်း အကျီင်္လှလှ အကြပ်လေးတွေ ဝတ်ချင်ကြပါတယ်။ ဒါပေမဲ့ ဗိုက်ခေါက်ကြီးထွက်နေတဲ့ အဖြေကို
ဘယ်လိုရှင်းရမလဲ။ စိတ်မပူပါနဲ့ အိမ်မှာတင်ပြုလုပ်နိုင်တဲ့ နည်းလမ်းရှိတယ်။

တရုတ်နံနံ ၆၀ဂ၇မ်၊ သံပုသီး၁ လုံးကိုအရည်ညှစ် ရေခွက်၎ ခွက် ထည့်ပြီး ရောထားလိုက်ပါ။ ဒီအရည်ကို မနက်ခင်းဘာမှမစားမီ
တစ်ပတ်၅ရက်လောက် ဆက်တိုက်သောက်သုံးပေးရမယ်နော်။

ဒါ့အပြင် မိခင်တွေ နို့ရည်အထွက်နည်းတယ်ဆိုရင်လည်း ဒီနည်းကိုအသုံးပြုနိုင်ပါတယ်တဲ့။

ကဲ ငွေကုန်ကြေးကျနည်းတဲ့နည်းလမ်းလေးနဲ့ ဖြေရှင်းကြရအောင်....  :)   :)

#livehealthywithus
#\/\/\/\//\/\

Thursday, June 16, 2016

မိတ်ကပ်မလိမ်းပဲ သဘာဝအတိုင်းလေးပဲ လှချင်တယ်ဆိုရင် 

အမျိုးသမီးတော်တော်များများကတော့ မိတ်ကပ်က လူတစ်ယောက်ကို ကြည့်ကောင်းပြီး လှပစေတဲ့ အကောင်းဆုံးနည်းလို့ ထင်ကြပါတယ်။ ဒါပေမယ့် မှန်ရှေ့မှာ အချိန်ပေးပြီး တစ်ရက်တစ်ရက် မိတ်ကပ်လိမ်းရတာ ကိုတော့ နှစ်သက်တဲ့လူ နည်းပါလိမ့်မယ်။ ဒါဟာအချိန်လည်း ပေးရတာမို့ တစ်ရက်စာ အပြင်မသွားခင် မှန်တင်ခုံရှေ့ အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။ တစ်ခါတစ်လေ ဖောင်ဒေးရှင်းတွေ လိမ်းမထားပဲ၊ mascara တွေဆိုးမထားပဲ အမျိုးသမီးတွေ ဘယ်လောက်ကြည့်ကောင်းကြတယ်ဆိုတာ သူတို့ကိုယ်တိုင် မသိကြပါဘူး။ ဒီတော့ မိတ်ကပ်မလိမ်းပဲနဲ့လည်း လှနေအောင်၊ ကြည့်ကောင်းနေအောင် ဒီနည်းလေးတွေအတိုင်း လိုက်နာကျင့်သုံးကြည့်လိုက်ပါ။

၁။မနက်တိုင်း၊ ညတိုင်း တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

ဒီအချက်ကတော့ အထူးပြောနေစရာ မလိုပါဘူး။ မနက်နိုးတဲ့အခါ မျက်နှာသစ်ပေးဖို့နဲ့၊ အိပ်ခါနီး ဒါမှမဟုတ် အပြင်က ပြန်ရောက်တဲ့အချိန် မျက်နှာသစ်ပေးဖို့ လိုပါတယ်။ အနည်းဆုံးတစ်နေ့နှစ်ကြိမ် မျက်နှာကို ဆေးကြောသန့်စင်ပေးဖို့ပါ။ ဒီအချက်က အရေးမကြီးဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့်
တစ်ခါတစ်လေ အရမ်းအိပ်ချင်လို့ အပြင်က ပြန်ရောက်ရောက်ချင်း အိပ်ပျော်သွားတာ၊ မျက်နှာသစ်ဖို့ မေ့သွားတာမျိုးတွေကလည်း မဖြစ်သင့်ပါဘူး။ ဒါဟာ ၀က်ခြံကင်းစင်စေဖို့ အထူးဂရုပြုသင့်တဲ့ အချက်ဖြစ်နေပါတယ်။

၂။Cleanser အပျော့စားလေးတွေ သုံးပေးပါ။

ပြင်းတဲ့ Cleanser အမျိုးအစားတွေက မျက်နှာအသားအရေကို စားသွားတာမျိုး ဖြစ်တတ်သလို အသားအရေလည်း ခြောက်သွားတတ်ပါတယ်။ ဒီတော့ cleanser သုံးမယ်ဆိုရင် အရမ်းမပြင်းတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ ကိုယ်ဝယ်မယ့် cleanser အမျိုးအစားမှာ hypo-allergenic ဆိုတဲ့စာတန်း၊ ဒါ့အပြင် non-comedogenic ဆိုတဲ့စာတန်းမျိုးပါမှ ၀ယ်ပါ။

၃။Moisturizer ကောင်းကောင်းသုံးပါ။

မျက်နှာသစ်ပြီးတဲ့အခါ မဖြစ်မနေလိမ်းပေးသင့်တာကတော့ အသားအရေကို စိုပြေစေပြီး အရွယ်တင်နုပျိုစေတဲ့ Moisturizer ပါပဲ။ ကိုယ်အသားအရေနဲ့ လိုက်တဲ့ Moisturizer ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ ကိုယ်နဲ့အဆင်မပြေတဲ့ Moisturizer အမျိုးအစားကြောင့် အဆီပြန်တတ်တာမျိုးတွေ ကြုံရနိုင်လို့ပါ။ ကိုယ်နဲ့သင့်တော်တဲ့ အမျိုးအစားရွေးချယ်မှုဟာ ခက်ခဲနိုင်ပေမယ့် သင်နဲ့အဆင်ပြေသွားပြီဆိုရင်လည်း Moisturizer ဆိုတာ အလှအပနဲ့ အသားအရေအတွက် တကယ့်အရေးကြီးတဲ့အရာဆိုတာ မမေ့ပါနဲ့။ နောက်ထပ်တစ်ချက်တော့ Moisturizer ရှာတဲ့အခါ SPF ကာကွယ်မှုပါတာကိုလည်း ရွေးချယ်လိုက်ပါဦးနော်။

၎။Mascara ဆိုးမယ့်အစား Vaseline သုံးပေးပါ။

ဒီနည်းလမ်းက အူကြောင်ကြောင်ကြီးလို့ ထင်ရင်ထင်နိုင်ကြပါတယ်။ ဒါပေမယ့် mascara လိမ်းမယ့်အစား vaseline လိမ်းကြည့်တာနဲ့ သင့်မျက်ဝန်းတစ်ဝိုက်ဟာ တောက်တောက်ပပလေးနဲ့ ကြည့်ကောင်းနေမှာပါ။ အထူးသဖြင့် မျက်တောင်တွေပါပဲ။ ဒါ့အပြင် Vaseline ကို mascara ဆိုးပြီး ပြန်သန့်စင်တဲ့အခါမှာလည်း သုံးနိုင်ပါတယ်။ Vaseline ဟာ အခြားmakeup remover တွေထက် ပိုနူးညံ့လို့ပါပဲ။

၅။ ခြောက်သွေ့တဲ့ နှုတ်ခမ်းသားတွေအတွက် အုန်းဆီကိုအသုံးပြုနိုင်

သဘာဝအုန်းဆီဟာ သင့်နှုတ်ခမ်းသားတွေ ကွဲအက်ခြင်းကို ကုစားပေးနိုင်ပါတယ်။ နှုတ်ခမ်းသားလေးတွေ သဘာဝအတိုင်း လှပနေဖို့ဆိုရင် သူက အကူအညီပေးနိုင်ပါတယ်။

Credit: Trend Myanmar 
ခေါင်းလျှော်တဲ့အခါ ဒီအမှားမျိုးတွေ ပြုလုပ်လေ့ရှိကြတာ

ခေါင်းလျှော်တာ ပုံမှန်လုပ်ရိုး လုပ်စဉ်တစ်ခု ဖြစ်ပေမယ့် လူတွေ အလွဲလွဲအမှားမှား လုပ်နေကြတယ်လို့ ပြောရင် သင် အံ့အားသင့်ပါလိမ့်မယ်။ ခေါင်းလျှော်ရာမှာ ရှောင်ရှားရန် လိုအပ်တဲ့ အမှားအယွင်းတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့. . .

ကိုယ်ဆံပင်အမျိုးအစားနဲ့ မသင့်တော်တဲ့ ခေါင်းလျှော်ရည် ရွေးချယ်ခြင်း

မိမိဆံပင်နဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည် အသုံးပြုဖို့ လိုပါတယ်။ မိမိဆံကေသာဟာ ဘယ်လိုအမျိုးအစားလဲ -အခြောက်၊ အဆီပြန်၊ ကျိုးလွယ်ပြတ်လွယ်လားဆိုတာ သိအောင်လုပ်ပြီး လိုအပ်ပါက ကိုယ်နဲ့အလိုက်ဖက်ဆုံးကို သိရှိဖို့ ဆံပင်အလှပြင်ဆရာ (သို့) အရေပြားရောဂါ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ။ နောက် ဆံပင်ပျော့ဆေးအဖြစ်ပါ သုံးနိုင်တဲ့ ခေါင်းလျှောက်ရည်တွေ ရှောင်ပါ။ ဘာကြောင့်လဲဆိုတော့ ကုန်ကျစရိတ်သက်သာစေဟန်ရှိပေမယ့် တစ်ချိန်တည်းမှာ ခေါင်းလျှော်၊ ဆံပင်ပျော့ပျောင်းစေဖို့ မဖြစ်နိုင်လို့ပါ။

ဆံပင်ရေသိပ်မစိုခြင်း

ခေါင်းမလျှော်ခင် ဆံပင်စိုရွှဲနေဖို့ လိုပါတယ်။ သို့မဟုတ်ပါက ခေါင်းလျှော်ရည် ကောင်းစွာ အကျိုးမသက်ရောက်ပါ။ ခေါင်းမလျှော်ခင် ရေပန်းအောက်မှာ ၂-၃ မိနစ်အရင် နေပါ။

အဓိကနေရာ မလျှော်မိခြင်း

ခေါင်းလျှော်ရည်က ဆံပင်အဖျားထက် အရင်းအတွက် ပိုအဓိကကျပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်အရင်းကို ဦးစားပေးပြီး အဖျားကိုတော့ ပျော့ဆေးလေး သုံးပေးပါ။ ပြီးတော့ ဆံပင်ကို တစ်နေရာတည်းမှာ စမလျှော်ပါနဲ့ အဲဒီဦးရေပြားနေရာ ကွက်ပြီး ခြောက်သွေ့စေတတ်ပါတယ်။

မကြာခဏ ခေါင်းလျှော်ခြင်း

မကြာခဏခေါင်းလျှော်ခြင်းက ဆံပင်ခြောက်သွေ့စေတတ်လို့ သိပ်မကောင်းပါဘူး။ ဖြစ်နိုင်ရင် အများဆုံး နှစ်ရက်တစ်ခါပဲ လျှော်ပါ။ ဆံပင်ကပ်စေး ကပ်စေးဖြစ်နေပါက အညစ်အကြေးတွေ ရှင်းထုတ်ဖို့ dry shampoo အနည်းငယ်သုံးပေးပါ။

မှားယွင်းစွာ ရေဆေးကြောခြင်း

ခေါင်းလျှော်ရည်ကို ချက်ချင်းရေဆေးမချလိုက်ပါနဲ့။ ဆေးချပါက ခေါင်းလျှော်ရည်ရဲ့ အာနိသင်ပျောက်ဆုံးပြီး ဖြစ်သင့်သလောက်အကျိုးရောက်မှု ရှိမှာ မဟုတ်လို့ပါ။ အမြုပ်ထအောင်လုပ်ပြီး ၂ မိနစ်ထားပြီးမှသာ ဆေးချပါ။ ရေနွေးဘယ်လောက်ကြိုက်ကြိုက် ရေအေးနဲ့ပဲ ဆေးချပါ။ ဆံပင်ရင်း ဦးရေပြား ကောင်းမွန်စေပါလိမ့်မယ်။ ဒီတော့မှသာ ဆံကေသာ နူးညံ့တောက်ပပြီး ဆံပင်ကျွတ်ခြင်း ကင်းဝေးစေပါလိမ့်မယ်။

Ref: TOI

Credit- Todaybago
မင်္ဂလာပွဲကျင်းပမယ့် သတို့သမီးတိုင်းသိသင့်တဲ့ Beauty Tips 

သတို့သမီးတိုင်းဟာ သူတို့ရဲ့ မင်္ဂလာချိန်ခါ မှာ အလှပဆုံး အမျိုးသမီးလေးတစ်ဦးဖြစ်ချင် ကြပါတယ်။ မင်္ဂလာပွဲအတွက် သတို့သမီးတွေ ဟာ စိတ်ပင်ပန်းမှု၊ စိုးရိမ်ပူပန်မှု စတာတွေကို လည်း ခံစားကြရပါတယ်။ ဒီဖိစီးပင်ပန်းမှုတွေ ကြောင့် အရေပြားမှာ အဖုအပိမ့်တွေ ထွက်လာ နိုင်သလို အရေပြားညှိုးနွမ်းခြောက်သွေ့မှုတွေ ကိုလည်း ခံစားရလာနိုင်ပါတယ်။ ပင်ပန်းမှု များစွာကြားမှ စီစဉ်လာခဲ့ရတဲ့ မင်္ဂလာချိန်ခါ လေးမှာ သတို့သမီးလေးဟာ လှပမှုမရှိဘူးဆိုရင် တော့ ဒီသတို့သမီးလေးဟာ ကိုယ့်ရဲ့ မင်္ဂလာပွဲကို ကျေနပ်နှစ်သိမ့်မှုအပြည့်အဝ ရနိုင်မှာမဟုတ်ပါ ဘူး။ ဒါကြောင့် ပင်ပန်းမှုတွေရှိနေပေမဲ့လည်း မင်္ဂလာနေ့မှာ လှပတဲ့အသားအရေကို ပိုင်ဆိုင် ရရှိနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် Beauty Tips လေးတွေကို ဝေမျှပါရစေ။

၁။ ကောင်းမွန်တဲ့အသားအရေထိန်းသိမ်းမှုကို ပုံမှန်ပြုလုပ်ပေးပါ။
အသားအရေအတွက် အကျိုးသက် ရောက်မှု ထိရောက်ကောင်းမွန်မယ့ှ်ုSkin Care Product တစ်ခုကိုရွေးချယ်ပြီး သေချာစွာ စနစ်တကျ ပုံမှန်အသုံးပြုပေးပါ။ ဒါဟာ ကိုယ့် ရဲ့ မင်္ဂလာနေ့မှာသာမက နေ့ရက်တိုင်းမှာပါ သင့်အသားအရေကို ကောင်းမွန်တောက်ပစေ မှာ ဖြစ်ပါတယ်။
ညံ့တဲ့ Cleanser အမျိုးအစားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အသုံးပြုပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ခြောက်သွေ့မှု တွေကို ပျောက်ကွယ်သွားစေမှာပါ။
အစိုဓာတ်ထိန်းခရင်မ်ကို နေ့ရော ညပါလိမ်းပါ။ ဒါဟာ သင့်အရေပြားမှာ လိုအပ် နေတဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးရာ ရောက်ပါတယ်။ ဒါ့အပြင် ရေဓာတ်ဖြည့် တင်းပေး တဲ့ Serum ကိုပါ ထပ်မံပေါင်းထည့်ပြီး လိမ်း ပေးနိုင်ပါတယ်။ ဒါဟာ အရေပြားအစိုဓာတ် အပြင် အရေပြားရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်တဲ့ Collagen တွေကို တိုးမြှင့်ပေး တာကြောင့် ကြည်လင်တောက်ပတဲ့ အရေပြားပိုင်ရှင်သတို့ သမီးလေးအဖြစ် ပိုင်ဆိုင်ရရှိနိုင်မှာပါ။
အရည်အသွေးကောင်းတဲ့ အရေပြား ကြေးချွတ်မှုကို ပြုလုပ်ပါ။ ဒါဟာ အရေပြားပေါ် မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါ တယ်။
အရေပြားကြေးချွတ်သန့်စင်မှုကို တစ်ပတ်နှစ်ကြိမ် ပုံမှန်ပြုလုပ်ပေးသွားခြင်းက အရေပြား ချောမွေ့လန်းဆန်းမှုကို ဖြစ်ပေါ်စေ နိုင်ပါတယ်။

၂။ ကျန်းမာတဲ့စားသောက်မှုပုံစံကို ထိန်းသိမ်း ပါ။
စားသောက်နေထိုင်မှု အလေ့အကျင့်က ကိုယ့်ရဲ့အရေပြားမှာ လာရောက်ထင်ဟပ်လာ နိုင်ပါတယ်။ ကျန်းမာစေတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးခြင်းဟာ အသား အရေစိုပြည် နူးညံ့ခြင်းနဲ့ ကျန်းမာခြင်းကို သင်ခံစားသိမြင် နိုင်မှာပါ။
သရေစာမုန့်များ၊ အသင့်စားအစားအစာ များနဲ့ ကယ်လိုရီမြင့်မားစွာပါဝင်တဲ့ အစားအစာ မျိုးတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။
မင်္ဂလာပွဲမတိုင်မီ တစ်ပတ်ခန့်အလိုမှစ၍ အစိမ်းရောင် ဟင်းသီးဟင်းရွက်များများနဲ့ သကြားဓာတ်နည်းပါးတဲ့ အသီးအနှံများကို စားသုံးပေးပါ။ ဥပမာအားဖြင့် သစ်တော် သီး၊ ဟင်းနုနယ်၊ တရုတ်နံနံ၊ သခွားသီး၊ ထောပတ် သီး၊ ခရမ်းချဉ်သီးစတာတွေပဲ ဖြစ်ပါတယ်။ ဒါဟာ အသားအရေကို တောက်ပစိုပြည်လာစေ မှာ ဖြစ်ပါတယ်။


၃။ အိပ်စက်ပါ။
တစ်နေ့ကို ၇ နာရီ (သို့မဟုတ်) ၈ နာရီကြာ အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို အိပ်စက်ပေးတဲ့အတွက် သင့်ခန္ဓာကိုယ်နဲ့ အရေပြားက သင့်ကို ကျေးဇူးတင်နေမှာ ဖြစ်ပါ တယ်။
ဒီထက် အချိန်ပိုပြီး အိပ်စက်ပေးမယ်ဆို ရင်တော့ စိတ်ဖိစီးမှုကြောင့် ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေကြောင့် အရွယ်မတိုင်မီ အရေပြား အိုမင်းရင့်ရော်ခြင်းတွေ ကို ပြန် လည်နုပျိုစေလာ မှာဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပမယ့် သတို့သမီး လေးတစ်ယောက်ဟာ အိပ်ရေးဝဖို့ လိုအပ်ပါ တယ်။

(၄) စိတ်ဖိစီးမှုကို လျော့ချပါ။
ယောဂလေ့ကျင့်ခန်းအပါအဝင် အခြား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ပေး ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
ပြုံးပြဖို့နဲ့ ရယ်မောဖို့ ကြိုးစားပါ။ ဒါဟာ များများပြုလုပ်ရမယ့် အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။
ကိုယ်တွင်းမှာရှိတဲ့ အညစ်အကြေးတွေ စင်ကြယ်သန့်ရှင်းစေဖို့နဲ့ အသားအရေအတွင်း ပိုင်းမှာပါ ကြည်စင်တောက်ပနေဖို့အတွက် ရေကို နေ့စဉ် ၈ ခွက်မှ ၁ဝ ခွက်အ ထိ သောက် ပေးရပါမယ်။ ဒါဟာ အားလုံးသိပြီးသားအချက် တစ်ချက်ဖြစ်ပေမဲ့လည်း မလိုက်နာသူက များပါ တယ်။ သတို့သမီးတစ်ယောက်အနေနဲ့ကတော့ မဖြစ်မနေ လိုက်နာကျင့်သုံးထားသင့်ပါတယ်။ အလွယ်တကူ သောက်ဖြစ်နေဖို့အတွက် ကိုယ့်ရဲ့ အနီးမှာ အမြဲဆောင်ထားသင့်ပါတယ်။ ရေပုလင်းကို စာရေးစားပွဲ၊ ထမင်းစားစားပွဲ အပြင် ကိုယ့်ရဲ့ကားအတွင်းမှာပါ ဆောင်ထား သင့်ပါတယ်။ ရေဆာချိန်တိုင်းမှာ အလွယ်တကူ သောက်ဖြစ်စေဖို့အတွက် ရေဟာ အနီးအနား မှာ အမြဲရှိနေပါစေ။
ရေသောက်သုံးမှု တိုးမြင့်လာတဲ့အခါ ကော်ဖီကဲ့သို့ ကဖိန်းဓာတ်ပါတာမျိုးကို သောက် သုံးမှု လျော့နည်းသွားပါလိမ့်မယ်။ ကဖိန်းဓာတ် ပါဝင်တဲ့ အရည်များနေရာ တွင်green tea, herbal tea နဲ့ အုန်းရေကဲ့သို့ အရေများကို ဖြည့်စွက် သောက်သုံးပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် သတို့သမီးလောင်းတစ်ယောက်ဟာ မင်္ဂလာပွဲနေ့မှာ ကျန်းမာနေဖို့အတွက်၊ ဒါ့အပြင် လှပနေဖို့အတွက် အရည်အသွေးကောင်းမွန်ပြီး ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးပေးရပါမယ်။ အဲဒီထဲကမှ ပဲပိစပ်ဟာ အရသာလည်းရှိပြီး အာဟာရဓာတ်လည်း ပြည့်ဝတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။
မင်္ဂလာပွဲမတိုင်မီမှာ အလှအပဆိုင်ရာ နည်းလမ်းများကို ကြိုတင်ပြင်ဆင်လေ့လာထားပါ။
မင်္ဂလာပွဲမတိုင်မီမှာ အရေပြားဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးပြီး သတို့သမီး တစ်ယောက်အနေနဲ့ အကောင်းဆုံးအသား အရေ အနေအထားရရှိပိုင်ဆိုင်နိုင်အောင် အစီအစဉ် ရေးဆွဲပါ။ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို စနစ်တကျ ပြုလုပ်ပေးခြင်းရဲ့ အကောင်းဆုံးအကျိုးရလဒ်အပြင် ဝိတ်ကျသွား ခြင်းကို ရရှိမှာဖြစ်ပါတယ်။ ဒါ့ပြင် မင်္ဂလာပွဲ ကျင်းပမယ့် သတို့သမီးတစ်ဦးရဲ့ အသားအရေ နဲ့ သင့်တော်မယ့် အလှကုန်ပစ္စည်းတွေ အသုံး ပြုပေးခြင်း၊ မှန်ကန်တဲ့ အရေပြားကုသမှုခံယူခြင်း မျိုးကို စနစ်တ ကျလုပ်ဆောင်သွားပါ။ ဒါဟာ သတို့သမီးရဲ့ အသားအရေအတွက် အကောင်း ဆုံးအကျိုးရလဒ်ကို ဖြစ်ပေါ်စေမှာပါ။ ဒီလို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို မင်္ဂလာပွဲနောက်ဆုံးမိနစ်ရသည်အထိ မချိုး ဖောက်မိပါစေနှင့်။ ဒါ့ပြင် သတို့သမီးရဲ့ အသား အရေနဲ့ ခန္ဓာကိုယ်အကောင်းဆုံးကျန်းမာနေစေ ဖို့အတွက် ဆရာဝန်နှင့် ကြိုတင်ပြသပြီး လိုအပ် သည့်ဆေးဝါးများ မှီဝဲထားပါလို့ အကြံပြုပါရစေ။ သတို့သမီးတိုင် စိုပြည်တောက်ပတဲ့ လှပမှုကို ပိုင်ဆိုင်နိုင်ကြပါစေ။

အေမီချို
ရတီမဂ္ဂဇင်း 
.dailynewsmedia.net
Tonerကိုဘာကြောင့်သုံးစွဲကြသလဲ

(၁) Toner ရည်က ချွေးပေါက်များ ကို ကျဉ်းစေသည်။ မျက်နှာကိုရေ နွေးနှင့်ဆေးပါက ချွေးပေါက်များကို ပွင့်သွားစေသည်။ အလွန်ကျယ် သောချွေးပေါက်များအတွက် မျက် နှာဆေးပြီးသည်နှင့် Toner ကို လိမ်းပေးမှသာ ချောမွတ်နုပျိုသော မျက်နှာပိုင်ရှင်ဖြစ်လာမည်။

(၂) Toner က မျက်နှာပြင်ရှိ ဆဲလ် များ၊ ဆပ်ပြာအကြွင်းအကျန်များ၊ စွဲ ငြိနေသောမိတ်ကပ်များ၊ ဖုံမှုန်နှင့် ဆီများကို သန့်စင်စေသည်။ ယင်းတွင် alcohol, salicylic acid, witch haze သို့မဟုတ် benzoyl peroxide တို့ ပါဝင်သည်။ ဤပါဝင်မှုအတော်တော်များများက မျက်နှာရှိ မလိုအပ်သောဆီများကို ဖယ်ရှာပေးနိုင်သည်။

(၃) အရေပြားအတွင်း PH level ကို ညှိပေးသည်။ အကယ်၍ ဝက်ခြံ
ပျောက်ဆေးစသည်တို့ကို သုံးနေသူ ဖြစ်ပါက အရေပြားမှ PH level ကို ညှိယူနိုင်ခြင်းမရှိနိုင်ပါ။ သို့ဖြစ် ၍ Toner သုံးခြင်းဖြင့်benzoyl peroxide သို့မဟုတ် salicylic acid တို့က အသားအရေ၏ PH Balance ကို ပြန်လည်ရရှိအောင် ပေးစွမ်းနိုင်သည်။

(၄) ညစ်နွမ်းသောအသားအရေ၊ အသက်အရွယ်အရဖြစ်ပေါ်လာ
သောအရေးအကြောင်းများကို လျော့ နည်းစေပြီး အသားအရေတင်းရင်း
ခြင်း၊သွေးလှည့်ပတ်မှုကောင်းခြင်း ၊ ဆဲလ်သေများကို ပယ်ရှားပြီးဆဲလ်အ သစ်များကို ဖြစ်ပေါ်စေခြင်းအပြင် ဒီအသားအရေကို လန်းဆန်းကြည် လင်စေသည်။

Credit - myanmarpyithar89

ပျော်စရာနေရာလေး ၎




ပျော်စရာ နေရာလေး ၃






ပျော်စရာအကောင်ဆုံးနေရာလေး၂





မှာချင်ဦးလေ လက်ဆောင်...

အမျိုးသမီးတစ်ဦးဟာ သင်တန်းတက်ဖို့အတွက် အင်္ဂလန်ကို နှစ်ပတ်ကြာ သွားရောက်ပါတယ်။ သူ့ရဲ့ခင်ပွန်းသည်က လေဆိပ်ကို လိုက်ပို့ပြီး ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့စေဖို့ ဆုတောင်းပေးပါတယ်။
ဇနီးသည် - "ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါပဲ.. ယောက်ျား ရယ်။ ရှင့်အတွက် အင်္ဂလန်ကနေ ဘာဝယ်လာခဲ့ရမလဲ"
 ခင်ပွန်းသည် - (ရယ်မောလိုက်ပြီး) "အင်္ဂလိပ်မလေး တစ်ယောက် ၀ယ်လာခဲ့ကွာ"
နှစ်ပတ် ကြာပြီးတဲ့နောက် အမျိုးသားဟာ ဇနီးသည်ကို လေဆိပ်မှာ သွားပြန်ကြိုပါတယ်။
ခင်ပွန်းသည် - "ခရီးသွားရတာ ဘယ်လိုလဲကွ.. မိန်းမရေ"
ဇနီးသည် - "အစစအရာရာ အဆင်ပြေပါတယ်"
ခင်ပွန်းသည် - "ကိုယ်မှာလိုက်တဲ့ လက်ဆောင်ရော ပါခဲ့လား"
ဇနီးသည် - "ဘာလက်ဆောင်လဲ"
ခင်ပွန်းသည် - "အင်္ဂလိပ်မလေး တစ်ယောက်လေကွာ"
 ဇနီးသည် - "အို.. ဒါလား။ ကျွန်မ တတ်နိုင်သလောက်တော့ ကြိုးစားခဲ့တာပဲ။ ခုတော့ မိန်းကလေးဖြစ်မလားဆိုတာကို လေး၊ ငါးလလောက် စောင့်ကြည့်လိုက်ရင် သိရပါပြီ"

Credit : Omgmyanmar

မေ့တက်ပုံများ

မေ့တတ်ပုံများ ...

အသက်ကြီးကြီးစုံတွဲတစ်တွဲဟာ တဖြည်းဖြည်းနဲ့ သတိမေ့တတ်လာတာမို့ ဆရာဝန်နဲ့သွားတွေ့ပြီး ဆွေးနွေးကြပါတယ်။ လုပ်ရမယ့် ကိစ္စတွေကို မှတ်စုစာအုပ်တစ်အုပ်မှာ ရေးမှတ်ဖို့ ဆရာဝန်က သူတို့ကို အကြံပေးလိုက်ပါတယ်။

အိမ်ပြန်ရောက်တဲ့အခါ အဘွားကြီး - "ယောက်ျားရေ .. မီးဖိုခန်းထဲသွားပြီး ကျွန်မအတွက် ရေခဲမုန့်တစ်ခွက်ယူပေးပါလား။ ကျွန်မပြောတာ မေ့မသွားအောင် စာရွက်နဲ့ ရေးမှတ်သွားပါမလားဟင်"

အဘိုးကြီး - "မလိုပါဘူးကွာ။ ရေခဲမုန့်တစ်ခွက်လောက်တော့ ငါမှတ်မိပါတယ်ကွ"

အဘွားကြီး - "မှတ်မိတယ်ဆိုလည်း ပြီးတာပဲ။ စတော်ဘယ်ရီသီးနည်းနည်းနဲ့ ခရင်မ်နည်းနည်းလည်း ရေခဲမုန့်ပေါ် တင်ခဲ့နော်"

အဘိုးကြီး - "အေးပါကွ .. ငါ့မှတ်ဉာဏ်က ဒီလောက်ကြီးလည်း မဆိုးသေးပါဘူးကွာ။ ရေခဲမုန့်တစ်ခွက်။ စတော်ဘယ်ရီ၊ ခရင်မ်နဲ့ မဟုတ်လား။ စာရွက်ပေါ်မှာ ချရေးဖို့ မလိုပါဘူး"

တစ်အောင့်ကြာတဲ့အခါ အိုးသံ၊ ခွက်သံတွေ မီးဖိုခန်းထဲက ထွက်လာပါတော့တယ်။ နောက်ဆုံးမှာတော့ အဘိုးကြီးတစ်ယောက် မီးဖိုခန်းထဲက ထွက်လာပြီး ၀က်ပေါင်ခြောက်နဲ့ ကြက်ဥကြော်တွေ ထည့်ထားတဲ့ ပန်းကန်ကို အဘွားကြီးရှေ့မှာ ချပေးလိုက်ပါတော့တယ်။

အဘွားကြီး - "ဟင် .. ကျုပ်မှာလိုက်တဲ့ ပေါင်မုန့်မီးကင်လည်း မပါပါလားတော်"
Credit : OMGMyanmar
မိန်းမတွေကို ငတုံးမှတ်လို့
=============

ခင်ပွန်းသည် “အချစ်ရေ .. သူဌေးက ကိုယ့်ကို သူ့နဲ့ တစ်ပတ်လောက် တရုတ်ပြည်လိုက်ပြီး
ငါးလိုက်မျှားဖို့ ခေါ်နေတယ်ကွာ။

“ရာထူးတက်ဖို့အတွက် ဒါဟာ အခွင့်ကောင်းတစ်ခုပဲကွ။ ဒါကြောင့် ကိုယ့်အတွက် တစ်ပတ်စာ
အ၀တ်အစားတွေ ပြင်ပေးပါလား။ ငါးမျှားဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သူ့သေတ္တာထဲ ထည့်
ပေးထားဦးနော်။

“ကိုယ်တို့ ရုံးကနေပဲ တန်းသွားကြမှာ။ ကိုယ့်အတွက် ပြင်ပေးထားတဲ့ပစ္စည်း တွေကို သွားရင်းနဲ့
ဝင်ယူမယ်။ ဪ .. ဒါနဲ့ မိန်းမရေ ..ကိုယ့်ရဲ့ အပြာရောင်ပိုးသားညအိပ်ဝတ်စုံအသစ်လေးလည်း
ထည့်ပေးလိုက်နော်”

ဇနီးသည်ဟာ သူ့ခင်ပွန်းသည် အမူအရာနဲ့ ပြောဆိုနေတာတွေကို သင်္ကာမကင်းဖြစ်ပေမယ့်
အိမ်ရှင်မကောင်းဖြစ်တာကြောင့် ယောက်ျားလုပ်သူပြောတဲ့အတိုင်း ပြင်ဆင်ပေးလိုက်ပါတယ်။
နောက်တစ်ပတ်အကြာမှာ အမျိုးသား အိမ်ပြန်ရောက်လာပါတယ်။

သူ့ပုံစံ က အနည်းငယ်ပင်ပန်းနေပုံပေါက်ပေမယ့် နုပျိုကြည့်ကောင်းနေပါတယ်။
အမျိုးသမီးဟာ ခရီးကပြန်လာတဲ့ ခင်ပွန်းသည်ကို ကြိုဆိုပြီး ငါးတွေအများကြီး ဖမ်းမိခဲ့လားလို့
မေးလိုက်ပါတယ်။

အမျိုးသားက “ဖမ်းမိတာပေါ့ … မိန်းမရဲ့။ ဆော်မွန်ငါးတွေဆို အများကြီးရတယ်။ ဓားရှည်နှုတ်သီး
ငါးတွေလည်း ရတယ်။ ဒါပေမဲ့ မင်း ..ငါ့ရဲ့ည၀တ် အင်္ကျီ ဘာဖြစ်လို့ ထည့်မပေးလိုက်တာ လဲကွ”လို့
ပြောလိုက်ပါတယ်။

အမျိုးသမီးက “ကျွန်မထည့်ပေးလိုက်ပါတယ်။ ငါးဖမ်းပစ္စည်းတွေထည့်တဲ့ သေတ္တာထဲမှာလေ”တဲ့

Credit : Myanmar Times

ပျော်ရွင်စရာနေရာလေး ၁





ပျော်ရွင်စရာ..နေရာလေးပါ...





Tuesday, May 3, 2016

သမီး

ထောင်တာ မကောင်းဘူးလဲတက်တယ်။
ပညာ၊ ဥစ္စာ၊မျိုးရိုးဂုဏ်တွေကြောင့်
မာနတွေ၊ အတ္တတွေ တဝေဝေနဲ့
လက်မထောင်နေမယ်ဆိုရင်
တစ်ဦးမဟုတ်တစ်ဦးက အမြင်ကတ်ပြီး
ကြည့်မရလို့ မလဲလဲအောင်
ချိုးနှိမ်ပစ်တက်တယ်။
လူ့လောဘ သဘာဝအရလည်း
ထောင်လွန်းရင် လဲတက်တယ်လေ။
သမီးလေး စဉ်းစားကြည့်ပေါ့။

ဖေဖေ                                   
သား..

မယုံသင့်တာတွေ
လိုက်ယုံကြည်နေရင်
အဲ့ဒါ ပညာတက်မဟုတ်ဘူး။
ပညာတက်ဆိုတာ...
အရာရာကို ခွဲခြမ်းစိတ်ဖြာပြီး
ကိုယ်ပိုင် အသိညဏ်နဲ့
အသေအချာ စီစစ်ဝေဖန်ပြီးမှ
ချင့်ချင့်ချိန်ချိန် ယုံတက်တဲ့သူ။
သားကို..
ပညာတက်ကြီး ဖြစ်စေချင်တယ်..

ဖေဖေ                                   
သမီး

ကြမ်းတမ်းတာ မကောင်းဘူး။
သိမ်မွေ့တာကောင်းတယ်။
စိတ်ကြမ်း ကိုယ်ကြမ်းပြောရင်
စရိုက်ကြမ်းတမ်းတဲ့ လူရိုင်း ဖြစ်တက်တယ်။
သိမ်မွေ့မှုကို
လူတိုင် လိုလားနှစ်သက်ကြတယ်။
အရာရာ မှာ သိမ်မွေ့စွာ
ပြုမှုပြောဆိုနေထိုင်တက်ရင်
စရိုက်ကောင်တဲ့ ယဉ်ကျေးသိမ်မွေ့သူဖြစ်မယ်။
ရိုင်းစိုင်းတဲ့သူဟာ..
အဆင့်မြင့်မြင့် ဘဝကိုမရဘူး.
မေတ္တာတရားကို ပြုစုပျိုးထောင်
မျှဝေပေးနိုင်သူလည်း မဖြစ်နိုင်ဘူး
ဒါကြောင့်
မိန်းကလေးပီပီ
ယဉ်ကျေးသိမ်မွေ့သူဖြစ်စေချင်တယ်။။
ဖေဖေ့ ကိုချစ်ရင်
ဖေဖေဖြစ်စေချင်တာတွေကို
ဖြစ်အောင်ကြိုးစားမှာပဲ မဟုတ်လား။။။

ဖေဖေ
သား

သဘာဝတရားက
လူသားတွေကို
မျကိစိနှစ်လုံးနားနှစ်ဖက်ပေးထားပြါိ
ပါးစပ်ကိုတော့ တစ်ပေါက်ထဲ ထားပေးတာ
ဘာကြောင့်လဲ စဉ်းစားကြည့်
ဖေဖေထင်တာတော့...
များများမြင် များများကြားပေမဲ့
နည်းနည်းပဲ ပြောစေချင်လို့ပဲ
ဟုတ်တယ်..ဟုတ်။
မဟုတ်ဘူးဆိုလည်းပြန်လည်
ုငြင်းဆိုခွင့်ရှိပါတယ်။

ဖေဖေ

Wednesday, April 6, 2016

သင်္ဘောသီးအစိမ်း၏ ထူးခြားသောအာနိသင်များ
=============================
သင်္ဘောသီးအစိမ်းတွင် ထူးခြားသော အာနိသင်များရှိသည်။ အစာအိမ်နှင့် အူလမ်းကြောင်းကို ကောင်းစေသည်။ အစာအိမ်အနာကို ကျက်စေသည်။ ဆီးလမ်းကြောင်းရောင်ရမ်းခြင်းကို သက်သာစေ သည်။
လေနာနှင့်လည်း တည့်သည်။ အညှာမှထွက်သော အစေးသည် ပိုးကိုသေစေနိုင်သည်ဟု အာ ယုဗေဒကျမ်းများတွင် ဆိုသည်။ အစေးနှင့် တို့ပေးခြင်းဖြင့် ကင်းဆိပ်၊ မြွေဆိပ်များကိုပင် ပြေစေနိုင် သည်ဟု ဆိုသည်။

ယခုတလော အင်တာနက် Facebook ပေါ်တွင် သင်္ဘောသီးအစိမ်းဖြင့်ပြုလုပ်သော ရေနွမ်းကြမ်းဖြင့် ဆီးချိုရောဂါ ပျောက်ကင်းနိုင်ကြောင်း ပါလာသည်။ (အမှန်ကတော့ ဆီးချိုရောဂါသည် ဖြစ်ပြီးလျှင် ပျောက်ကင်းနိုင်သော ရောဂါမျိုးမဟုတ်ပါ။
အခိုက်အတန့်သက်သာပြီး အစားအသောက်မဆင်ခြင်လျှင် ဆီးချိုပြန်တက်လာတတ်ပါသည်။) ပျောက်ကင်းကြောင်း ကြားရလျှင်ပင် စိတ်ဝင်တစားလေ့လာရပါ သည်။
သို့သော် ဆီးချိုရောဂါပျောက်ကင်းသည်ဆိုသူများကို မေးမြန်းကြည့်သောအခါတွင် နေ့စဉ်သွေး ဖောက်မတိုင်းဘဲ မှန်းခြေနှင့်ပြောခြင်း၊ ဆီးအိုးကို ပုရွတ်ဆိတ်မတက်ရုံဖြင့် ဆီးချိုမရှိတော့ဟု ထင်နေ ခြင်းမျှသာဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထိုသူများအထူးသတိထားသင့်သည်မှာ ဆီးတွင် ပုရွတ်ဆိတ် အုံနေသောအဆင့်ရောက်လျှင် သွေးချိုအဆင့် ၁၂ ကျော်နေတတ်သည်။ အတော်ပင်မြင့်နေပြီ ဖြစ် သည်။

မကြာသေးမီရက်က ဆီးချိုရောဂါရှိသူ လူနာဦးလေးကြီးတစ်ဦးရောက်လာပြီး သူများညွှန်သဖြင့် သူ ကိုယ်တိုင်စမ်းသပ်ပြီး သင်္ဘောသီးရေနွေကြမ်းသောက်နေကြောင်း ပြောပါသည်။
မည်ကဲ့သို့ ပြုလုပ် သနည်းဟုမေးရာ ပြုလုပ်နည်းမှာ သင်္ဘောသီးအစိမ်း ကြီးကြီးတစ်လုံးကို အညှာရှိသောအပိုင်းမှ လက် နှစ်ဆစ်ခန့်ခွာပြီး လှီးဖြတ်လိုက်သည်။ အတွင်းမှ အခေါင်းပေါက် ပေါ်လာသောအခါ အစေ့များကို ဇွန်း ဖြင့်နှိုက်ထုတ်သည်။
အစေ့များကုန်သောအခါ အတွင်းသို့ လက်ဖက်ခြောက် အနည်းငယ်ထည့်သည်။ ထို့နောက် ရေနွေးအဖြူလောင်းထည့်သည်။ ဖြတ်ထားသောအညှာဖြင့် အဖုံးပြန်ပိတ်ပြီး ထောင်လျက် ထားသည်။
နာရီဝက်ခန့်ကြာသောအခါ သင်္ဘောသီးအစိမ်းထဲမှာ နှပ်ထားသော ရေနွေးကြမ်းကို ငှဲ့ယူ ပြီး ရေနွေးကြမ်းသောက်သကဲ့သို့ သောက်သည်ဟု ပြောပါသည်။
ထူးခြားချက်မှာ ယခင်ကသူညတိုင်း ငါးကြိမ်၊ ခြောက်ကြိမ် ဆီးထသွားရသည်မှ ယခုအခါ သုံးရက်သောက်ပြီးနောက် ညနှစ်ကြိမ်သာ ထရ တော့သည်ဟု ဆိုပါသည်။ အမှန်တော့ သွေးဖောက်စစ်ပြီး မှတ်တမ်းထားလျှင် ပိုကောင်းပါမည်။

သင်္ဘောရွက်ကို ပြုတ်သောက်လျှင် ကင်ဆာရောဂါပျောက်သည်ဟု မနှစ်ကခေတ်စားခဲ့ပါသေးတယ်။ ဂျာနယ်များတွင် ဖတ်ရှုသောအခါ ထိုသတင်းသည် မြန်မာနိုင်ငံမှမဟုတ်၊ သြစတြေးလျနိုင်ငံမှ သုတေ သီအချို့ကစခဲ့သည် ဟု သိရသည်။
မြန်မာနိုင်ငံတွင်လည်း စာရေးဆရာကြီးတစ်ဦးက ဖြန့်ဝေခဲ့သဖြင့် သင်္ဘောရွက်ပြုတ်သောက်သူတွေ များစွာရှိနေသည်ဟု သိရသည်။ (လက်တွေ့တိုက်တိုက်ဆိုင်ဆိုင် ကင်ဆာရောဂါပျောက်သူကိုတော့ မတွေ့ရသေးပါ။
မတွေ့ရခြင်းမှာလည်း ကင်ဆာလူနာများသည် အနောက်တိုင်းဆေးနှင့် ဓာတ်ကင်ကုသမှု ခံယူနေကြသူများဖြစ်ကြပြီး ကြားအချိန်တွင်လည်း မြန်မာ ဆေးမြီးတိုကို စမ်းသပ်သုံးစွဲသူများလာသဖြင့် သီးသန့်သင်္ဘောရွက်ပြုတ်ရည်တစ်ခုတည်း
သုံးစွဲကုသ နေသူကို မတွေ့ရခြင်း ဖြစ်ပါလိမ့်မည်။)

သင်္ဘောသီးအစိမ်းတွင် ဖြစ်နိုင်ခြေအတော်ရှိသည်မှာ အညှာမှထွက်သောအစေးနှင့် သင်္ဘောသီးစိမ်း တွင်ရှိသော အစေးဓာတ်တို့သည် အဆိပ်ကိုနိုင်သည်ဟု အာယုဗေဒကျမ်းစာများတွင် တွေ့ရှိဖတ်ဖူး သောကြောင့် ဖြစ်ပါသည်။
အဆိပ်သည် သင်္ဘောအစေးနှင့် ပြယ်နိုင်သဖြင့် ဆေးဖက်ဝင်သော အစေး ဖြစ်သည်ဟု ယူဆနိုင်ပါသည်။

ဂေါက်ရောဂါ (အဆစ်ရောင်ရောဂါ) ရှိသူတစ်ဦးက သင်္ဘောသီးအစိမ်းကို ထိပ်ဖွင့်ပြီး အတွင်းမှအစေ့ များကို ကော်ထုတ်ယူပြီး အတွင်းခေါင်းထဲတွင် တောကြက်ဥ (သဘာဝကြက်ဥ) ကို ထည့်ပြုတ်စား လျှင် သက်သာသည်ဟုဆို၍ စမ်းသပ်စားကြည့်နေကြောင်း
ပြောသည်။ အချို့ကလည်း မီးဖုတ်စား လျှင် အာနိသင်ပိုကောင်းသည်ဟု ပြောသည်။ ကြက်ဥအနှစ်သည် ဂေါက်ရောဂါနှင့်မတည့်။ Uric Acid တက်စေသော အစာဖြစ်သည်။ သို့သော် ကြက်ဥကို သင်္ဘောသီးအစိမ်းတွင်ထည့်၍ ပြုတ်စားလျှင်
ဂေါက်ရောဂါသက်သာစေသည်ဟု ဆိုပြန်သည်။ သင်္ဘောသီးအစိမ်းများအတွင်းမှ အစေးဓာတ်သည် Uric Acid တက်ခြင်းကို ပယ်ဖျောက်နိုင်သည့် သဘောဖြစ်သည်။

အာယုဗေဒ ဆေးပညာအရ အချိုဓာတ်ကိုပျက်စေရန် အစပ်ဓာတ်ပေးရမည်ဟု ဆိုပါသည်။ အခါးကို အရသာအားဖြင့် ဆန့်ကျင်ဘက်ဖြစ်သော်လည်း အစာကြေကျက်ပြီးနောက်ဖြစ်ပေါ်သော ရသရည် တွင်အခါးသည် ချိုကျက်တတ်သည်ဟု ဆိုပါသည်။
ဆီးချိုသမားသည် သွေးထဲမှာ အချိုဓာတ်များသ ဖြင့် ပျက်စေလိုလျှင် အစပ်ဓာတ်ပေးရသည်။ သင်္ဘောသီးအစိမ်း၏ အစေးတွင် အစပ်ဓာတ်ပါဝင်သည်။

စာရေးသူတို့အကြိုက် နည်းလမ်းမှာ သင်္ဘောသီးအစိမ်းကို ဟင်းချက်လျှင် (ဘူးသီးဟင်းခါးချက်သကဲ့ သို့) အတုံးများတုံးပြီး ဟင်းချက်ပါ။ ဟင်းမချက်မီ သင်္ဘောသီးအပြင်မှ အစိမ်းရောက်အခွံများကို ခြစ် ပစ်ပါ။

အခွံနှင့် အသီးကြားမှ အစေးများသည် ဆေးဖက်ဝင်သည်။ ဟင်းကျက်ပြီးနောက် ငရုတ်ကောင်းအမှုန့် ဖြူးပြီး ဟင်းခါးအဖြစ် သောက်နိုင်ပါသည်။ ငရုတ်ကောင်းမှုန့်သည် ဆီးရွှင်စေသည်။

ဤဓာတ်စာသည် ဆီးချိုသမားများနှင့် သင့်သည်။ ဆီးချိုရောဂါရှိသူများသည် သင်္ဘောသီးအမှည့် (အဝါရောင်) နှင့် မသင့်သော်လည်း အစိမ်းနှင့်တည့်သည်။ သင်္ဘောသီးဟင်းခါးသည် ဆီးချို၊ သွေးတိုး၊ လေနာ၊ အစာအိမ်ရောင်ရောဂါများအတွက် ကောင်းသည်။
တစ်ပတ်လျှင်တစ်ကြိမ် ချက်စားပါ။ အစာ အိမ်လေနာရောဂါ လက်တွေ့ပျောက်သည်။ ဈေးဖိုးအကုန်အကျမများဘဲ ကျန်းမာရေးအတွက်လည်း အကျိုးရှိသောဓာတ်စာဟင်းတစ်ခွက် ဖြစ်ပေသည်။ ။

မြန်မာ့အလင်းသတင်းစာ

ဖေဖော်ဝါရီလ (၁၁) ရက်၊ ၂၀၁၆ ခုနှစ်

Written by ကြည်လွင့်မြင့် (မုဒြာ)
ဆေးဝါးမကူဘဲ ခေါင်းကိုက်သက်သာစေသော သဘာဝနည်းများ
------------------------------------------------------------------
ခေါင်းကိုက်ခြင်းဟာ စိတ်အနှောင့်အယှက်ပေးတဲ့ ဝေဒနာတစ်ခုဖြစ်ပြီး နေ့စဉ် မိသားစုဘဝ၊ လုပ်ငန်း ခွင်၊ အိပ်စက်ချိန်နဲ့ အားကစားလှုပ်ရှားမှုတွေ ပြုလုပ်ချိန်မှာ ကြားဝင်နှောင့်ယှက်တတ်ပါတယ်။ အလုပ် ထဲက စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်နိုင်သလို ပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုအနေနဲ့လည်း ခေါင်း ကိုက်နိုင်ပါတယ်။

ခေါင်းကိုက်ခြင်းကို သုတောသနပြုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်က ခေါင်းကိုက်ခြင်းအမျိုးအစား ကို နှစ်မျိုးနှစ်စားရှိကြောင်း ဖော်ပြပါတယ်။

မူလခေါင်းကိုက်ခြင်းဟာ ဦးခေါင်းရဲ့အတွင်းပိုင်းထဲက သိရှိခံစားနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ သွေးကြောများနဲ့ ဦးနှောက်အာရုံကြောများ လွန်ကဲစွာအလုပ်လုပ်ရခြင်း၊ လည်ပင်းကြွက်သားနဲ့ ဦး ခေါင်းကြွက်သားများ၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ဦးနှောက်အတွင်းပိုင်းက ဓာတုဖြစ်စဉ်များကြောင့် ခေါင်း ကိုက်ရခြင်း ဖြစ်ပါတယ်။ စိတ်ဖိအားများကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းကြီးကိုက်ရောဂါလို့ခေါ်တဲ့ ပျို့ အန်ခြင်း၊ အမြင်ထိခိုက်ခြင်းတို့ ပူးတွဲဖြစ်လေ့ရှိတဲ့ မကြာခဏခေါင်းကိုက်ခြင်း၊ ကာယလှုပ်ရှားမှုများ ကြောင့် ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးဝေဒနာကြောင့် ခေါင်းကိုက်ခြင်းနဲ့ နေ့စဉ်လိုလို ခေါင်းကိုက်ခြင်း များဟာ မူလခေါင်းကိုက်ခြင်း အမျိုးအစားဖြစ်ပါတယ်။

ဒုတိယအမျိုးအစားဖြစ်တဲ့ ဆင့်ပွားခေါင်းကိုက်ခြင်းကတော့ ရောဂါဝေဒနာခံစားရမှုကြောင့် ဦးခေါင်းအ တွင်းပိုင်းရှိ နာကျင်ခံစားလွယ်သော အာရုံကြောများကို လှုံ့ဆော်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ဦးခေါင်း ခွံအတွင်းပိုင်းနာကျင်မှုကြောင့် ခေါင်းကိုက်ခြင်း၊ ရေဓာတ်ဆုံးရှုံးရခြင်း၊ ပြင်းပြင်းထန်ထန်သွေးခဲခြင်း သို့မဟုတ် ဦးနှောက်သွေးလွှတ်ကြောများနေရာကွက်၍ အလွန်အမင်းကြီးထွားခြင်းများကြောင့် ဆင့် ပွားခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။ နားအတွင်းရောဂါဖြစ်ပွားခြင်း၊ ဦးခေါင်းထိခိုက်မှုဖြစ်ခြင်း၊ တုပ်ကွေးမိခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ မျက်စိရေတိမ်စွဲခြင်းနဲ့ ရုတ်တရက်အကြီးအကျယ် ကြောက်လန့်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံသုံးစွဲခြင်းများကြောင့်လည်း ခေါင်းကိုက် နိုင်ပါတယ်။

ခေါင်းကိုက်ဝေဒနာအတွက် နီးစပ်ရာဆေးဆိုင်ဆေးခန်းများသို့ ပြေးစရာမလိုဘဲ သဘာဝနည်းလမ်း များနဲ့ လျော့ပါးသက်သာအောင် ပြုလုပ်နိုင်ပါတယ်။

လမ်းလျှောက်ခြင်း
ရုတ်တရက်ခေါင်းကိုက်လာချိန်မှာ ဆိတ်ငြိမ်တဲ့နေရာတစ်နေရာကိုသွားပြီး လမ်းလျှောက်ခြင်းနဲ့ လေ ကောင်းလေသန့်ရှူရှိုက်ခြင်းက အထိုက်အလျောက်သက်သာစေပါတယ်။ အထူးသဖြင့် ကွန်ပျူတာဖန် သားပြင် သို့မဟုတ် လက်ကိုင်ဖုန်းဖန်သားပြင်ကို ရေရှည်ကြည့်ရှုနေရတာကြောင့် ဖြစ်ရတဲ့ခေါင်းကိုက် ခြင်းအတွက် ဒီနည်းက ထိရောက်မှုရှိပါတယ်။ အသက်ကိုပြင်းပြင်းရှူပြီး စိတ်ကိုပေါ့ပေါ့ပါးပါး ထားရပါ မယ်။

ရေခဲအသုံးပြုခြင်း
သင့်ရဲ့နဖူးပြင်၊ နားထင်နဲ့ ဂုပ်ပိုးတွေမှာ ရေခဲထုပ်နဲ့ ဖိကပ်ပေးခြင်းကလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ရေခဲတုံးရဲ့ အအေးဓာတ်က ကြွက်သားများတင်းမာနေမှုကို ပြေလျော့စေပြီး နာကျင် ကိုက်ခဲမှုကို သက်သာစေပါတယ်။ ရေများများသောက်ဖို့ လိုအပ်ပါတယ်။

ဦးခေါင်းကိုနှိပ်နယ်ခြင်း
ဦးခေါင်းရဲ့နာကျင်ကိုက်ခဲနေတဲ့ နေရာတစ်ဝိုက်ကို လက်မနဲ့ လက်ညှိုးနှစ်ဖက်ကို အသုံးပြုပြီး အသာ အယာနှိပ်နယ်ပေးပါ။ နဖူး၊ နားထင်၊ ငယ်ထိပ်နေရာနဲ့ ဦးခေါင်းခွံအောက်ခြေနေရာများကို ၁၀ မိနစ်က နေ ၁၅ မိနစ်လိုအပ်ရင် ဒီထက်ပို၍ အချိန်ကြာကြာနှိပ်နယ်ပေးပါ။

မှေးစက်အနားယူခြင်း
ခေါင်းအလွန်ကိုက်လာချိန်မှာ ခေတ္တမှေးစက်အနားယူလိုက်ခြင်းကလည်း ပြန်နိုးထလာချိန်မှာ အံ့သြ ဖွယ်ရာခေါင်းကိုက်ပျောက်ကင်းသွားတာကို တွေ့ရပါတယ်။ သက်သောင့်သက်သာဖြစ်မယ့် တစ်နေ ရာရှာဖွေပြီး အသက်ကိုပုံမှန်ရှူရှိုက်ကာ ခေတ္တမှေးစက်လိုက်ပါ။ ဘာမှမစဉ်းစားပါနဲ့။

တစ်ခါတစ်ရံမှာ ခေါင်းကိုက်ခြင်းဟာ ဆာလောင်မှုကြောင့်ဖြစ်တတ်သလို အစာစားချိန်ပျက်ကွက်တာ ကြောင့်လည်း ဖြစ်တတ်ပါတယ်။ နေ့စဉ်အစာစားချိန်ကို ပုံမှန်သတ်မှတ်ပြီးစားပါ။ ကွန်ပျူတာကို အချိန် ကြာမြင့်စွာအသုံးပြုခြင်း ရှောင်ကြဉ်ပါ။ နေရောင်အချိန်ကြာကြာထိတွေ့ခြင်းက ခေါင်းကိုက်စေနိုင်တာ ကြောင့် UV ကာကွယ်တဲ့ နေကာမျက်မှန်တပ်ဆင်ပါ။ ဆံပင်ကို တင်းကျပ်စွာ စည်းနှောင်တာမျိုးမလုပ် ပါနဲ့။

မြန်မာ့အလင်းသတင်းစာ

မတ်လ (၆) ရက်၊ ၂၀၁၆ ခုနှစ်

Written by ကလျာမိုးမြင့်
ဒီနေ့အတွကလက်ဆောင်ပေးချင်တဲ့ စကားလေးကတော့ ....

“Two things define you. Your patience when you have nothing.
Your attitude when you have everything.”

သင့်ရဲ့ဘ၀ကို ဖော်ဆောင်နေတဲ့အရာနှစ်ခုကတော့ သင့်ဆီမှာဘာမှမရှိတဲ့အချိန်မှာထားတဲ့သင့်ရဲ့
သည်းခံနိုင်စွမ်းနဲ့ အရာအားလုံးကို ပိုင်ဆိုင်ပြီးတဲ့အချိန်မှာ ရှိတဲ့သင့်ရဲ့သဘောထားပဲဖြစ်ပါတယ်။”

ပတ္တ့မြားFM
ဒီနေ့မှာလည်း ကျွန်တော် Simple Reminder Website ကနေ တွေ့ရှိထားတဲ့ စကားလေးတစ်ခွန်းကို
လက်ဆောင် ပါးချင်ပါသေးတယ်။
ဒီစကား ကလည်း ကိုယ့်ရဲ့လက်ရှိအခြေအနေအပေါ် စိတ်ပျက်အားငယ်နေရတဲ့ သူတွေအတွက်
အားတက်စေမယ့်စကားလေးပါ။

“Always remember that your present situation is not your final destination. The best is yet to come.”
“သင့်ရဲ့အခုလက်ရှိအခြေအနေဆိုတာ သင့်ဘ၀အတွက် လမ်းဆုံးမဟုတ်ဘူးဆိုတာ အမြဲတမ်းသတိရပါ။
အကောင်းတကာ့ အကောင်းဆုံးတွေ ထပ်လာဖို့ရှိပါသေးတယ်။”

ပတ္တမြား FM
ဒီနေ့မှာတော့ လူတစ်ယောက်အောင်မြင်ရခြင်းရဲ့
နောက်ကွယ်က အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။
လူတစ်ယောက်ဘာလို့ အောင်မြင်သလဲလို့ဆိုပြီး ပြောထားတဲ့စကားလေးကတော့။

“A man is a success if he gets up in the morning and gets to bed at night,
and in between he does what he wants to do.”

“လူတစ်ယောက်ဘာလို့အောင်မြင်သလဲဆိုရင် မိုးလင်းတဲ့အချိန်အိပ်ရာထတဲ့အချိန်ကနေ
ညဘက်အိပ်ရာဝင်တဲ့အချိန်ကြားမှာ သူလုပ်ချင်တဲ့အရာတွေကို လုပ်နေရတယ်ဆိုရင်
အဲဒါအောင်မြင်တာပဲ။”

ပတ္တမြား FM
သား...

အချစ်နဲ့ဘဝ မတူဘူး။
အချစ်က အချစ်
ဘဝက ဘဝပဲ။
ဘဝက အချစ်ထက်
ပိုတန်ဖိုးကြီးတယ်။
ဒါကြောင့်... ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်
အချစ်နဲ့ဘဝကို မလဲမိပါစေနဲ့လို့...။

ဖေဖေ
သား...

စာများများဖတ်မှ
များများသိမယ်။
များများသိမှ
အများကြီး စဉ်းစားတတ်မယ်
အများကြီး စဉ်းစားတတ်မှ
အမှားတွေကို ရှောင်ကွင်းပြီး
အမှန်တွေကို ရွေးချယ်တတ်လာမယ်။
ဒါကြောင့်
စာများများဖတ်ဖို့ လိုတယ်။

ဖေဖေ

Tuesday, April 5, 2016

သား

အိပ်ရာစောစောထတဲ့ အကျင့်လုပ်နော်။
စောစောအိပ် စောစောထ
လမ်းလျှောက်၊ လေ့ကျင့်ခန်းလုပ်
ဖြစ်နိုင်ရင် ဘုရားတစ်ဆူဆူသွား
ဘုရားဝတ်ပြု ဆုတောင်း
ငှက်ကလေး ခွေးကလေး
ကြောင်ကလေး ငါးကလေးတွေ အစာကျွေး
စိတ်တအား အေးချမ်းတယ်သားရဲ့။
မယုံရင် လုပ်ကြည့်စမ်း။
သားအကြိုက်တွေ့သွားမှာ သေချာတယ်။
ဘာဖြစ်လို့ ဖေဖေ အဲ့ဒီလို အပိုင်ပြောနိုင်တာလဲ၊
သား မေးဦးမလား။
ဖေဖေ့မှာ အဖြေအသင့်ရှိတယ်။
သားကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးထဲမှာ
ဖေဖေ့သွေးတွေလည်း ပါနေလို့ပေါ့။

ဖေဖေ

Monday, April 4, 2016

နနွင်း၏ရောဂါကာကွယ်နိုင်သော အစွမ်း
======================
နနွင်းရဲ့ အရောင်ကျ အာနိသင်ဟာ ကင်ဆာ၊ အယ်လ်ဇိုင်းမားနဲ့ တခြားရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်နေရာမှာ ရေပန်းစားတာလဲ
အိန္ဒိယနိုင်ငံမှာ အသုံးများပါတယ်။ ဟင်းချက်ပြုတ် ပြင်ဆင်ရာမှာ အဓိကသုံးတဲ့ နနွင်းမှုန့်ကို နှာရည်ယိုခြင်း ပြဿနာမှ ရင်ဘတ်အောင့်တဲ့ ပြဿနာအထိ အရာရာတိုင်းမှာ ရိုးရာအာရှဆေးတစ်လက်အဖြစ် သုံးလေ့ရှိပါတယ်။

ဘာကြောင့် သုံးသင့်တာလဲ
လေ့လာမှုတွေအရ နနွင်းမှုန့်ထဲမှာ အဓိကပါဝင်တဲ့ Curcumin ဟာ ကိုလက်စထရောပမာဏ လျော့ကျစေကြောင်း သိရပါတယ်။ တိရစ္ဆာန်တွေကို လေ့လာမှုအရ နနွင်းဟာ အကျိတ်ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်ကြောင်း သိရပါတယ်။ အခုလတ်တလော လေ့လာမှုအရ နနွင်းမှုန့်ဟာ ကင်ဆာရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ တခြားရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

ဘယ်လိုသုံးသင့်တာလဲ
ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့် အပူပေးပြီး နနွင်းမှုန့် ထမင်းစားဇွန်းတစ်ဇွန်း၊ ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ တစ်မိနစ်ခန့် မွှေပါ။ (ငရုတ်ကောင်းမှုန့်ဟာ နနွင်းမှုန့်ထဲက Curcumin ဂုဏ်သတ္တိကို ၂၀၀၀ ရာခိုင်နှုန်းနဲ့အထက် မြင့်တက်စေနိုင်ပါတယ်။) မွှေပြီးမှ ဟင်းသီးဟင်းရွက်၊ အသားငါးထည့်ကာ ကြော်စားပါ။
Ref: Good Health
*********************************
နနွင်း
ဟင်းခတ်အမွေးအကြိုင်နဲ့ နနွင်းမှုန့်ကိုအာရှအစားအစာနှင့်မြန်မာ့ဟင်းပွဲ အတော်များများမှာလည်းထည့်ပြီး
ချက်ပြုတ်တတ်ကြပါတယ်။ ကမ္ဘာပေါ်မှာ ဟင်းခတ် အမွှေးအကြိုင်တွေ အများ ကြီးရှိပါတယ်။ အဲဒီအထဲကမှ ဆေးဖက်ဝင်ပြီး ဟင်းထဲထည့်ချက်လျှင်လည်းအရသာရော၊
အရောင်ပါကောင်းစေတဲ့ နနွင်းမှုန့်ကို လူတော်တော်များများ သတိထားမိကြမှာအမှန်ပါ။


တရုတ်နှင့် အိန္ဒိယလူမျိုးများက နနွင်းမှုန့်ကိုဆေး အဖြစ် နှစ်ပေါင်းအတော်ကြာကတည်းက အရိုးပွခြင်း၊ အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းခြင်းစသည်ဖြင့်ရောင်ရမ်းသောနာကျင်မှုများကိုကုသရာတွင်
အသုံးချခဲ့ကြပါတယ်။

နနွင်းမှုန့်ရဲ့ သမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်တော့နနွင်းမှုန့်ကို ဟင်းခတ်မှုန့်၊ဆေးကုသရာတွင်သာမက အ၀တ်အထည်တွေ အရောင်ဆိုးတဲ့နေရာပါ သုံးကြတာ ကိုတွေ့ရပါတယ်။
အဲဒါတင် မဟုတ်ပါဘူး။ အသားအရေ လှအောင်နေ့စဉ်သောက်သုံးလို့ရသလို၊မျက်နှာနုချော အောင်ပေါင်းတဲ့နေရာမှာလည်း အသုံးချကြပါတယ်။

အခုဆိုရင် အလှကုန်ပစ္စည်းတွေမှာလည်းထည့်သွင်း လာသလို နနွင်းဆပ်ပြာကိုလည်း
လူတော်တော်များများ သုံးစွဲလာကြတာလည်းအံ့မခန်းဖွယ်ပါပဲ။

နနွင်းမှုန့်ရဲ့ဇာတိကတော့အင်ဒိုနီးရှားနိုင်ငံနဲ့တောင်ဘက်ပိုင်းအိန္ဒိယနိုင်ငံတွေဖြစ်ပြီး
နှစ်ပေါင်း၅၀၀၀ကျော်လောက်ကတည်းကစိုက်ပျိုးလာကြတာဖြစ်ပါတယ်။
နနွင်းဟာ သဘာဝ အရသာနဲ့ အရောင်အဆင်းရှိတာကြောင့် ရိုးရာဟင်းပွဲတွေမှာတော်တော်အရေးပါသော ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါတယ်။

ဥရောပတိုက်များကို ၁၃ရာစုနှစ်မှာ
အာရပ်ကုန်သည်များကနနွင်းရဲ့သုံးစွဲပုံနဲ့အကျိုးအာနိသင်များကို စတင် မိတ်ဆက်ပေးလိုက်ပါတယ်။
အဲဒီနောက်မှစပြီးအနောက်တိုင်းနိုင်ငံတွေလည်း နနွင်းကို လူအများကြိုက်နှစ်သက်ပြီးခေတ်စားလာပါတယ်။
အနောက်တိုင်း ဟင်းပွဲတွေမှာလည်း နနွင်းကိုထည့်ခတ်ချက်ပြုတ်လာတာကိုတွေ့ရှိရပါတယ်။

အခုအချိန်မှာ နနွင်းကို စီးပွားဖြစ်ဦးဆောင်ထုတ်လုပ်ပြီးကမ္ဘာတစ်ဝန်းဖြန့်ချိနေသောနိုင်ငံများကတော့
အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဟာ(အီ)တီနဲ့ဂျမေကာ နိုင်ငံတွေပဲဖြစ်ပါတယ်။

နနွင်းရဲ့အစွမ်းအာနိသင်ကတော့ရောဂါတော်တော်များများ ပျောက်ကင်းအောင်ထိကိုပါပဲ။
အူသိမ်၊ အူမ ကြီးရောင်ရမ်းခြင်းကိုလည်းဝ.၂၅ ရာခိုင်နှုန်းလောက်နဲ့တင် သက်သာစေပါတယ်။
ဒီလောက်နှုန်းကတော့နနွင်းမှုန့်ကိုဟင်းထဲထည့်ချက်ရုံနဲ့တင်
ရရှိနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲခြင်းရောဂါကိုလည်း သက်သာစေပါတယ်။

အရိုးအဆစ်ရောဂါသည် တော်တော်များများကနနွင်းမှုန့်ကို ပုံမှန်သုံးစွဲခြင်းဖြင့် သက်သာစေပါ
တယ်လို့ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့နနွင်းထဲမှာ အမ်တီအောက်စီဒန့် (Antioxidant) နဲ့
အမ်တီ-အင်ဖလိမ်မက်တာရီ (Anti-Inflammatory) နှစ်ခုရောစပ်ထားခြင်းကြောင့် နနွင်းမှုန့်ကို ပုံမှန်သောက်သုံးခြင်းဟင်းထဲထည့်ချက်ခြင်းဖြင့် ကောင်းသောအကျိုးအာနိသင်
များကိုရရှိနိုင်စေပါတယ်။ မကြာသေးခင်ရှာဖွေတွေ့တာကတော့အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲသည့်ရောဂါ
ဟာ ခါခူမင်း (Curcumin) နဲ့ Phenylbutazone နှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် မနက်ဘက် မှာ
အဆစ်အမြစ်တောင့်တင်းနေခြင်းကိုလည်း သက်သာစေပြီး၊ လမ်းလျှောက်နိုင်သောအခါမှာ အရင်ကထက်
ပိုမိုလျှောက်နိုင်ခြင်းနှင့်အဆစ်အမြစ်ရောင်ရမ်းခြင်းတို့ကို တိုးတက်ကောင်းမွန်လာစေပါတယ်။

နနွင်းဟာ ကိုလက်စထရောဓာတ်ကို လည်းလျော့ကျစေပါတယ်။ အသည်းထဲမှ LDL Cholesterol တွေ ကို
နနွင်း ရဲ့ ဓာတ်အား နဲ့ချေဖျက်နိုင်ပါတယ်။ နနွင်းရဲ့အစွမ်းအာနိသင်တွေ့ရှိလာသောကြောင့်
ဟင်းပွဲ အချိုပွဲနှင့်သောက်စရာတွေမှာ ပုံဆန်အမျိုးမျိုးနဲ့လည်းကမ္ဘာတစ်ဝန်းအသုံးပြုလာကြပါတယ်။

နနွင်းရဲ့အာနိသင်မပျောက်စေရအောင်လေလုံသောဘူးထဲမှာ နေရောင်တိုက်ရိုက်
မထိတွေ့နိုင်သောနေရာမှာထားပါ။ကိုယ်တိုင်နနွင်းတက်ကို အမှုန့်ကြိတ်ပြီးသုံးလျှင် ပိုတောင် ကောင်းမွန်ပါတယ်။နနွင်းတက်လေးများကို ရေခဲသေတ္တာထဲမှာလေလုံဘူးနဲ့ လည်းထည့်သိမ်းထားလို့ရပါတယ်။

လူတစ်ယောက်ချင်းဆီမှာတော့မတူညီသောကိုယ်ခံအားများရှိတာကြောင့် တချို့က နနွင်းနဲ့မတည့်
(Allergy) ဖြစ်တာမျိုးများ ရှိပါသလားလို့မေးခွန်းထုတ်ကြပါတယ်။
မတည့်တာမျိုးတော့မရှိပါဘူး။တွဲစားတဲ့အစားအစာ (သို့) လူကို ယားနာစေတာမျိုးတို့ပေါ့။
နနွင်း မှာ ကောင်းသော သံဓာတ်နဲ့မန်ဂနိနှစ်ခုလုံးပါဝင်သလို ဗိုက်တာမင် B 6 ၊အမျှင်ဓာတ်နှင့် ပိုတက်ဆီယံဓာတ်တို့လည်းပါဝင်ပါတယ်။
ဘယ်လိုပဲအသုံးပြုပြု ဒီဓာတ်အားတွေ အမြဲပါဝင်ရရှိနေတာကြောင့် ကျန်းမာရေးအတွက်
အထူးကောင်းမွန်သော ဟင်းခတ်မှုန့်ဖြစ်ပါတယ်လို့ပရိသတ်ကြီးရဲ့လက်တစ်ကမ်းမှာရှိနေတဲ့နနွင်းရဲ့
ကောင်းကြောင်းလေးသိရှိစေနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

Healthy Eating and Happy Life ပါနော်… ။
ရေခဲရေသောက်ခြင်း ၏ အန္တရာယ်(ဆိုးကျိုး)

လွန်ခဲ့တဲ့ ရက်ပိုင်းက မန်းလေးမြို့ ကျုံးနံဘေးတွင် ညနေဘက်အပြေးလေ့ကျင့်သူတဦးကိုရေခဲစိမ် ရေသန့်ဘူးပေးလိုက်ရာ တစ်ရှိန်ထိုးမော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ဆေးရုံသို့ ပို့လိုက်ရသည်ဟု သိလိုက်ရသည်။

နေပူထဲမှပြန်လာပြီး အိမ်ရောက်သည် နှင့် ရေခဲသေတာထဲမှ ရေအေးအေးတစ်ပုလင်းထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သောရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ဆေးခန်းတခု တွင် သွေးချိန်ကြည့်ရာ 200mmHg တတ်နေသဖြင့် ဦးနှောက်သွေးကြောပေါက်နိင်သောကြောင့် ဆရာဝန်းက ဆေးရုံတတ်ခိုင်း
လိုက်ကြောင်းသိရသည်။

ရာသီဥတုပူပြင်းသဖြင့် ပြင်ပသို့ လုံးဝ မထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို(water Cooler)စက်မှယူပြီး တစွတ်စွတ်သောက်လေ့ရှိသော မိသားစုတစုရှိသည်။သူတို့တအိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖုအပျဉ်လိုက်ထွက်ပြီး နီရဲနေသည်ကိုတွေ့ရသည်။ ၂နှစ်၊၃နှစ်အရွယ်ကလေးများ ရေခဲရေသောက်ပြီး ခေါင်းတွင် အပူဖုကြီးများထွက်ပြီး အချို့
အဖုကြီးများ ပြည်တည်ပြီး အပူဖုကဲ့သို့ ဖြစ်နေသည်။

ရေခဲရေကိုလေဖြင့် မှုတ်ပေးသည်. ပန်ကာတမျိုး Air Cooler ၀ယ်ပြီးအသုံးပြုနေသူများမှာမျက်နှာများရောင်အမ်းညခင်း၊အရေပြာထူပြီး ယားနားများထွက်ခြင်းတို့ဖြစ်ကြောင်း သတိထားမိသဖြင့် လေမှုတ်ပန်ကာထဲသို့ရေခရြေ မထည့်ဝံတော့ဘဲ ရိုးရိုးရေကိုသာ
ထည့်ပြီး သုံးစွဲနေရကြောင် သဲချင်းတဦးက ပြောပြလို့ သိရသည်။

ရေခဲချောင်း၊ရေခဲထုတ်စား သည့် ကလေးများမှာ အပူကန်ခြင်း၊မျက်နှာနှင့် မျက်ခွံများပေါ်တွင်မိတ်ဖုကြီးများ အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း အာသီးေ၇ာင်ခြင်းများ အပြင် အချို့မှာ
ရေခဲမသန့်သဖြင့် ၀မ်းကိုက်ခြင်း၊၀မ်းလျှောဝမ်းပျက်ခြင်းများ ဖြစ်ကြောင်းသိရသည်။
စိတ်ပင်ပန်းသူ။သောကများသူ၊စာမေးပွဲနီးချိန် ၌ ကျောင်းသူ၊ကျောင်းသားများတွင်လည်းပါးစပ်နာများတွေ့ရသည်။

ထမင်းစားပြီးေ၇ခဲမုန့်စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ဖူးသည်။ အချို့ဆိုင်က စားသုံးသူများကို Bill ရှင်းသည့်အခါ အချိုပွဲအဖြစ်ရေခဲမုန့်များလာချပေးသည်။အချို့အလှူ၊မင်္ဂလာဆွမ်းကပ်များတွင် ၀ါးတီး သွားဆွဲ ကြသည့်အခါ ထမင်း(သို့)ဒံပေါက်
၊ကြက်ဆီထမင်း စသည်တို့ ကျွေးမွေးဧည့်ခံပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံသွားရောက်ရန်ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့်ကျွေးသည်ကို တွေ့ရသည်။ရေခဲမုန့်အပြင်ရေခဲရေကိုတိုက်သည်. အလှူများလည်းရှိသည်။

ရှေးလူကြီးများပြောသည့် “၀မ်းမီး” ဆိုသောစကားကို ကြားဖူးမယ်ထင်ပါတယ်။လူ၏အစာအိမ်ထဲတွင် မြန်မာတိုင်ရင်းဆေးဆိုအရ ၀မ်းမီးဆိုသော အစာချေသည့်မီးရှိသည်။
ဝမ်းမီးတောက်မှအစာကြေမည်။အစာကြေမှ ၀မ်းမှန်မည်။ဝမ်းမှန်မှသာ အကြောအခြင်များပေါ့ပါးပြီး နေထိုင်ကောင်းမည်။ထိုင်းမှိုင်းခြင်း၊နောက်ကြောတတ်ခြင်း၊ဇက်ထိုးခြင်းတို့မှာ ၀မ်းချုပ်သူများတွင်ဖြစ်လေ့ရှိသော ရောဂါများဖြစ်သည်။

ထိုကဲသို့ရေခဲရေ သောက်ချလိုက်သည်နှင့် အစာကြေချက်ရန် တောက်နေသောဝမ်းမီးကိုငြိမ်းလိုက်သည်နှင့်တူသည်။မီးပုံကြီးကိုရေနှင့်လောင်းချလိုက်သော်အခါ ၀ုန်းခနဲ့ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပြန်လွင့်တက်သွားသည်ကို မြင်ရသည်ဟုတ်။ ။

ထိုအခိုးအငွေ့များသည် အစာအိမ်မှထက်သို့ တက်လျှင်လည်ချောင်းတလျှောက်နှင့်အာခေါင်၊လျှာ၊သွားဖုံး စသည့်တို့သို့ ရောက်မည်ဖြစ်သည်။မြေသောက်ရေအိုးတွင်
ထည့်ထားသောေ၇အိုးသည် သာမန်ရေအေးဖြစ်သည်။ထိုရေကိုပင် အပူထဲကပြန်လာလျင်းချက်ချင်းမသောက်သင့်။ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများ ကဆိုသည်။

ရေခဲသေတ္တာ မှထွက်လာသော ရေပုလင်းများ၊Water Cooler မှကျလာသောရေတို့သည် သဘာဝ လွန်ကဲသော ရေပျက်ဖြစ်သည်။
ရေခဲရေကို အစဉ်သောက်သူများအားလေ့လာကြည့်တဲ့အခါ ခဏတာသာ ရေငတ်ပြေ ပြီး ပြန်ပူလာခြင်း၊မကြာခဏရေငတ်ခြင်း၊အာခြောက်ခြင်း၊အာသီးရောင်ခြင်း၊သွားနာခြင်း၊သွားဖုံးကြွခြင်း၊လျှာအရသာမတွေ့ခြင်း၊လည်ချောင်းပူခြင်း၊

နာခြင်း၊အစာရေမျိုပြွန်ရောင်ခြင်း၊ဖျားလျှင် အလွယ်တကူအူရောင်ခြင်း၊တကိုယ်လုံးညောင်းကိုက်ပြီးနောက်ကျောတတ်ခြင်း၊မျက်စိအမြင်မကြည်လင်ခြင်း၊အပူဖုများထွက်ခြင်းတို့မလွဲမသွေ ဖြစ်နိင်သည် ဟု ဆေးပညာ ဂျာနယ်တစောင်က ရေးသားထားသည်။
ရတနာပုံသတင်းစာမှ……………………..

ပူသောရာသီတွင် မြေအိုး၊သဘာဝရေအိုးမှ အေးသောရေကိုသာသောက်ပါ။
ဖြစ်နိင်ရင်ကြိုချက်ပြီးသောရေကိုအအေးခံပြီး ရေကျက်အေးသောက်ပါ။
ရေနွေးကြမ်း(သို့) အဖန်ရေကို ထမင်းစားပြီးတိုင်းသောက်ပါ။
နံနက်အိပ်ယာထရေမချိုးမီ ၊ညအိပ်ယာဝင်ချိန်တို့တွင် ရေတခွက်သောက်သောအကျင့်ကိုကျင့်ပါ။

ရေခဲရေ အလွန်အေးအောင်ပြုလုပ်ထားရေကိုရှောင်ပါ။ထမင်းစားနေစဉ် ထမင်းစားပြီး ရေခဲရေ တဆက်တည်းသောက်လျှင် အစာအိမ်ကိုဥပါတ်ဖြစ်စေသည်။
ရေကြောင့်အသက်ရှည်စေသည်။ရေခဲရေကြောင့်အသက်တိုစေသည်။ ။
အပူဒဏ်ခံနိုင်အောင် လက်ဖက်ရည်ကြမ်းသောက်ပါ
-------------------------------------------------------------
အပူဒဏ်ကို ကာကွယ်နိုင်ရန် လက်ဖက်ရည်ကြမ်းကို များများသောက်ပေးသင့်ပါတယ်။

လက်ဖက်ခြောက်ထဲမှာပါဝင်တဲ့ ဓါတ်ပေါင်း၊ ဓါတ်တိုးတစ်မျိုးဟာ လူတွေရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ လက်ဖက်ရည်ဟာ အင်ဆူလင်ရဲ့အာနိသင်ကို ၁၅%ရာခိုင်နှုံးအထိ တိုးမြင့်ပေးနိုင်တာမို့ ကင်ဆာရောဂါအမျိုးမျို၊နှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မိန်းကလေးများအတွက် အသားအရေလှပခြင်းကိုလည်း ဖြစ်စေပါတယ်။
ယခုဆိုလျှင် အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ ဟောာင်ကောင်၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ မှ ထုတ်လုပ်သော ဆေးဝါးများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများမှာ လက်ဖက်ဟာ များစွာပါဝင်နေပါပြီ။ လက်ဖက်ဟာ လူ့ ကျန်းမာရေးအတွက် ရာခိုင်နှုန်းများစွာ ထောက်ပံ့ပေးနိုင်သည့်အတွက်ကြောင့် ဖြစ်ပါတယ်။

လက်ဖက်ရည်ကို ဘယ်လိုသောက်ရမလဲ ?
လက်ဖက်ခြောက်ကို ရေနွေးဆူဆူပွက်ပွက်ထဲကို ၃ မိနစ်မှ ၅ မိနစ်အထိ နှပ်ထားလိုက်ပါ။ အပူကြိုက်လျှင် အပူသောက်နိုင်ပါတယ်။ အအေးသောက်လိုလျှင် အအေးခံထားပြီး သောက်နိုင်ပါတယ်။

ဝန်ထမ်းသမားများ၊ ရုံသမားများ၊ အလုပ်သမားများလည်း အအေးခံထားသည့် လက်ဖက်ရည်ကြမ်းကို ဗူးထဲထည့်သွားပြီး တစ်နေ့လုံး ရေဆာသည့်အခါတိုင်း သောက်နိုင်ပါတယ်။

လက်ဖက်ရည်ထဲမှာပါဝင်တဲ့ ဓါတ်များးဟာ အပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်အပြင် လူရဲ့ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

သတိပြုရန်
-----------
၁။ ဆူပွက်တဲ့ ရေနွေးထဲမှာ အနည်းဆုံး ၃ မိနစ်မှ ၅ မိနစ်ခန့် အထိ နှပ်ထားမှသာလျှင် အကျိုးအာနိသင်ရှိမည်။
၂။ (၂၄) နာရီထက်ကျော်လွန်ပြီးသော ရက်ကျော်လက်ဖက်ရည်ကို မသောက်သင့်ပါ။
စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: What are the health benefits of green tea?
ဒီကနေ့မှာဝေမျှပေးမယ့်စကားလေးကတော့ ကျွန်တော်QuatesGate.com ကနေရှာတွေ့ထားတဲ့ သောတရှင်တွေအတွက် လည်း
အကျိုးကျေးဇူးတစ်စုံတစ်ရာတော့ ရလိမ့်မယ်လို့ ယုံကြည်တဲ့စကားတစ်ခွန်းပါ။
အဲဒီစကားလေးကတော့။
“Life is too short to stress yourself over people who don’t even deserve to
be an issue in your life.”

“ဘ၀ဆိုတာသိပ်ကိုတိုတောင်းလွန်းတဲ့အတွက် ကိုယ့်ဘ၀အတွက်
အချက်ကလေးတစ်ခုလောက်တောင် အရေးမပါတဲ့သူတွေ ကြောင့် စိတ်ရှုပ်ထွေးမခံပါနဲ့။”

ပတ္တမြား FM
ဒီနေ့မှာတော့ ကျွန်တော် Quates gate.com ကနေရှာတွေ့ထားတဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ သက်ဆိုင်တဲ့ စကားတစ်ခွန်းကို ဝေမျှပေးဖို့ စီစဉ်ထားပါတယ်။
ဝေမျှပေးမယ့် ဒီနေ့အတွက်စကားကတော့။

“Don’t fear the enemy that attacks you, but the fake friend that hugs you.”

“သင့်ကိုတိုက်ခိုက်နေတဲ့ရန်သူကို မကြောက်ပါနဲ့။ သင့်ကိုဖက်ထားတဲ့ မိတ်ဆွေတုကိုသာ သတိထားပါ။”

ပတ္တမြား FM
ဒီကနေ့မှာဝေမျှပေးမယ့်စကားလေးကတော့ အခက်အခဲတွေကို ခဲယဉ်းစွာဖြတ်ကျော်နေရတဲ့သူတွေအတွက်
စိတ်အား တက်ကြွစေမယ့် စကားလေးပါ။ အဲဒီစကားလေးကတော့။

“Your hardest times often lead to the greatest moments of your life. Keep the faith.
It will all be worth it in the end.”

“ဘ၀အတွက်အခက်ခဲဆုံးအခိုက်အတန့်တွေဟာ အကောင်းမွန်ဆုံးအချိန်တွေကိုဦးတည်နေတတ်ပါတယ်။
ယုံကြည်မှုထားပါ။ အဆုံးသတ်မှာတော့ ထိုက်တန်မှုရှိနေမှာပါ။”

ပတ္တမြား FM
ဒီကနေ့မှာဝေမျှပေးမယ့်စကားလေးကတော့ အခက်အခဲတွေကို ခဲယဉ်းစွာဖြတ်ကျော်နေရတဲ့သူတွေအတွက်
စိတ်အား တက်ကြွစေမယ့် စကားလေးပါ။ အဲဒီစကားလေးကတော့။

“Sometimes people don’t want to hear the truth because they don’t want their illusions destroyed.

“ံတစ်ခါတစ်လေမှာ လူတွေက အမှန်တရားကို မကြားချင်ကြဘူး။
ဘာလို့လဲဆိုတော့ သူတို့ရဲ့ မှားယွင်းနေတဲ့ခံယူချက်တွေ ပျက်ပြယ်သွားမှာစိုးလို့ပါ။”
သမီး

အချိန်ဆိုတာ
ဆိုင်တင်ရောင်းတဲ့ ပစ္စည်းမဟုတ်လို့
ဝယ်လို့ မရဘူးနော်..
အချိန်ဆိုတာ..
ကုန်ဆုံးသွားပြီးရင်
အစားပြန်ရတာမျိုး မဟုတ်တဲ့အတွက်
မဖြုန်းတီးမိဖို့ လိုတယ်...
အချိန်ဆိုတာ..
ဘုရားသခင်ရဲ့ လက်ဆောင်မွန်ဖြစ်လို့
တန်ဖိုးထား အသုံးချတက်ရတယ်..
အချိန်ဆိုတာ..
အဖိုးတန်မှန်းမသိပေမယ့်..
ဘယ်လိုသုံးရကောင်းမှန်းမသိလို့..
အလဟဿ ကုန်ဆုံးသွားခဲ့ရင်
အရမ်းနှမြောစရာကောင်းတဲံ့အရာပေါ့..
အချိန်အကြောင်းကို သမီးလေး..
ကောင်းကောင်းသိပါစေ...

ဖေဖေ
သမီး

စီးပွားရှာဖွေလို့မရနိုင်တဲ့အရပ်
ပညာရှိ ပညာတက်တွေမရှိတဲ့ အရပ်
အုပ်ချုပ်သူကင်းမဲ့တဲ့ အရပ်
ဆေးဆရာမရှိတဲ့ အရပ်မှာ
တစ်နေ့တစ်ရက်တောင် မနေသင့်ဘူးလို့
လောကနီတိမှာဆိုထားတယ်။
အဲ့ဒီလို အရပ်ဒေသမျိုးမှာ
ကိုယ်ရောက်နေတယ်ဆိုရင်
အမြန်ဆုံး စွန့်စွာနိုင်အောင် ကြိုးစားပြီး
ပိုမိုကောင်းမွန်တဲ့ အရပ်ဒေသကို
စွန့်စားပြောင်းရွေ့ နေထိုင်သင့်တယ်။
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့
ရှေးစကားပုံရှိတာ. သမီးအသိပဲလေ...
ဒါပေမဲ့...
နေရာဟောင်းစွန့်ခွာ
နေရာသစ်ကိုပြောင်းရွေ့ဖို့ဆိုတာ..
လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး..
စွန့်စားရဲတဲ့ သတ္တိနဲ့ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုအပြည့်ရှိဖို့ လိုတယ်....

ဖေဖေ
သား....
သိမ်းငှက်မှန်ရင် မြင့်မြင့်ပျံတယ်။
အဲ့ဒီသိမ်းငှက်ဟာ
သားကောင်ကို ဟိုးအဝေးကြီးက
မြင်နိုင်စွမ်းရှိတယ်။
သားကောင်ကို အချိန်ကိုက်
ထိုးသုတ်ပျံတက်နိုင်စွမ်းလည်း ရှိတယ်။
သားကောင် ဖမ်းမိဖို့
ဆုံးဖြတ်ချက်ချ တိကျမြန်ဆန်တယ်။
သားကောင်ကို ဖမ်းတဲ့အခါ
ကြီးငယ် မရွေး အလေးထားပြီး
ခွန်အားအပြည့်စိုက်ထုတ်တယ်။
သိမ်းငှက်ကို အတုယူပြီး
သားကြိုးစားမယ်ဆိုရင်
သားလိုချင်တာ ဘာမဆိုရနိုင်မယ်လို့
ဖေဖေ ယုံကြည်တယ်။

ဖေဖေ
သမီး

ံHappy men shall have many friends.
ပျော်ရွင်စွာ နေတက်သူများသည်
မိတ်ဆွေပေါများ၏..တဲ့။
ဘယ်နေရာမှာပဲဖြစ်ဖြစ်
ပျော်ပျော်ရွင်ရွင်
ရယ်ရယ်မောမောနဲ့
ဟာသပြောတက်တဲ့သူတွေမှာ မိတ်ဆွေပေါပြီး
ချစ်ခင်သူများသတဲ့.။
အဲ့ဒီလိုလူမျိုးကို သမီးအတုယူပြီး
ချစ်ခင်သူများပါစေ...

ဖေဖေ
သမီး
သူများလက်ထဲရှိတဲ့ ဥစ္စာ၊
စာရွက်ပေါ်မှာရှိတဲ့ ပညာ
ကိုယ့်ဟာ မဟုတ်ဘူးနော်.။
အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့
အတက်ပညာတစ်ခုခုကို
အသေအချာတက်အောင်သင်
ကျွမ်းကျွမ်းကျင်ကျင်ရှိမှ
အဲ့ဒါ ကိုယ်ပိုင်ပညာ။
ကိုယ်ပိုင်ပညာတက်မှ
ကိုယ်ပိုင်ဥစ္စာကို ဖန်တီးနိုင်တယ်ဆိုတာ
အထက်တန်းကျောင်းသူ ဘဝကတည်းက
သမီးကိုစောစောစီးစီး သိစေချင်တယ်။
ဒါမှ....
ကြိုတင်ပြင်ဆင်ချိန်ရမှာပေါ့။
ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ထားတာ
မမှားဘူးပေါ့ သမီးရယ်။။။

ဖေဖေ

Sunday, March 27, 2016

ဒီနေ့အတွက်စကားလက်ဆောင်လေးကတော့ အနည်းဆုံး အတွေးတစ်စတော့ပေးနိုင်တဲ့ မှတ်သားဖွယ်ရာ
အဆိုအမိန့်တွေ၊ အောင်မြင်ကျော်ကြားတဲ့ မဟာလူသားတွေပြောကြားခဲ့တဲ့ ကမ္ဘာကျော်စကားတွေကို
တင်ဆက်ပေးနေခဲ့တာ ဒီနေ့အတွက်တော့ အချိန်ကို အမြတ်တနိုးတန်ဖိုးထားသင့်တဲ့အကြောင်းပြောကြားထားတဲ့
စကားတစ်ခွန်းကို ဝေမျှပေးချင်ပါတယ်ခင်ဗျာ။

“If you love life, don’t waste time, for time is what life is made up of.”
“ဘ၀ကို အမြတ်တနိုးတန်ဖိုးထားတယ်ဆိုရင် အချိန်မဖြုန်းပါနဲ့။
ဘ၀ဆိုတာ အချိန်တွေနဲ့ ပြုလုပ်ထားတဲ့အရာဖြစ်လို့ပါ။”

ပတ္တမြားFM
ဘုရားရှိခိုးပုံ
--------
၁။ လက်အုပ်ကိုပင် ကြာငုံသွင် အရင်ချီပါလေ။
၂။ မျက်ခုံး-လက်မ၊ ညှိုး-ဆံစ၊ ထိရ လက်အုပ်ပေ။
၃။ လက်ထောက် ဒူးချ၊ တံတောင်ချ၊ နဖူးကျစေ၊ ဦးချလေ။
၎။ ခြေ လက် နဖူး တံတောင် ဒူး ငါးဦး ညီညွတ်စေ။
သင်္ကန်းလှူရခြင်း အကျိုးများ
================
သင်္ကန်းလှူဒါန်းရကျိုး ၈-ပါး

၁။ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း

၂။ ကိုယ်၌ မြူအညစ်အကြေးမတင် သန့်ရှင်းစင်ကြယ်ခြင်း

၃။ အရောင်အ၀ါနှင့် ပြည့်စုံခြင်း

၎။ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း

၅။ သိမ်မွေ့နူးညံ့သော ကိုယ်ရှိခြင်း

၆။ အဖြူ အ၀ါ အနီ အ၀တ်ပုဆိုးတစ်သိန်းတို့ ဦိးထိပ်အထက်၌ ဆောင်းမိုးလျက် ရှိကုန်ခြင်း

၇။ ပိုးပုဆိုး၊ ကမ္ဗလာပုဆိုးတို့ကိုရခြင်း

၈။ ခေါမပုဆိုး၊ ၀ါချည်ပုဆိုးတို့ကို ရခြင်း

ဆောင် = သင်္ကန်းအလှူ၊ အကျိုးမူကား၊ ရွှေတူအဆင်း၊ မြူကြေးကင်းလျက်၊ တောက်ခြင်းရောင်ဝါ၊ နူးညံ့စွာလျက်၊ သုံးဖြာပုဆိုး၊ လေးမျိုးသောချည်၊ များသည်တသိန်း၊ ခပ်သိမ်းဌာန၊ ဤရှစ်ဝကို၊ မုချမလွဲ ရလေမြဲ။ (သုံးပုံတံချူကျမ်း၊ ၂၄)

ပိလိန္ဒ၀စ္ဆတ္ထေရအပဒါန်လာ “ သင်္ကန်းအကျိုး ၈ပါး” နှင့် “ သင်္ကန်းအကျိုး ၂ပါး” တို့ကို ပေါင်း၍

“ သင်္ကန်းလှူဒါန်းရကျိုး ၁၀ပါး” ပြဆောင်ပုဒ်=
ရွှေသို့အဆင်း၊ ညစ်ကြေးကင်း၍၊ ရောင်ဝင်းထိန်ပ၊ နူးညံ့လှ၏၊ မကသိန်းဖိုး၊ ပုဆိုးရလေ၊ ညို ရွှေ ဖြူ အနီ၊ ဤရှစ်လီနှင့်၊ ကြီးလင့်ကံအား၊ ယောင်္ကျားဖြစ်ဘိ၊ ဧဟိဘိက္ခု၊ သဗ္ဗညုက၊ ခေါ်ပြုမြွက်ဟ၊ မိန်းမဘ၀၊ လက်ခတသိန်း၊ တွက်ကိန်းတန်ဖိုး၊ ကိုးကုဋေမျှ၊
လေးလအချိန်၊ ပန်းတိမ်ငါးရာ၊ မှန်စွာလုပ်ရ၊ မဟာလတာ၊ ခေါ်တန်ဆာကို၊ ၀တ်ကာဆင်မြန်း၊ မြတ်ရွှေကျမ်းဝယ်၊ ဤတစ်ဆယ်သည်၊ မှတ်ဖွယ်သင်္ကန်း လှူကျိုးတည်း။

အဋ္ဌသာလိနီအဋ္ဌကထာလာ “ သင်္ကန်းလှူဒါန်းရကျိုး ၆ပါး” ပြဆောင်ပုဒ်=
အဘိဓမ္မာ၊ ကျမ်းအလာကား၊ ကောင်းစွာအသံ၊ တတန်အနံ့၊ မွှေးပျံ့လှိုင်စွာ၊ ရသာဘောဂ၊ သုံးဆောင်ရလျက်၊ ဖဿကိုယ်မှာ၊ နူးညံ့စွာနှင့်၊ ပမာဂွမ်းလား၊ ကင်းငြားအနား၊ ခမ်းသာသုခ၊ ဤခြောက်ဝကို၊ နိစ္စမလွဲစံရမြဲ။ (သုံးပုံတံချူကျမ်း၊ ၂၄။)

“ ပံသကူ သင်္ကန်းလှူဒါန်းရကျိုး” ပြ ဆောင်ပုဒ်=

ပံသကူသင်္ကန်း၊ လှူဒါန်းရကြောင့်၊ ဆင်းလှ၊ ခွန်အား၊ ကြီးမားပညာ၊ အင်္ဂါပြည့်ဝ၊ ကြီးလှတန်ခိုး၊ လုံးရပ်မျိုးနှင့်၊ ပြည့်ဖြိုးဘဏ္ဍာ၊ များစွာကျွန်တွေ၊ ရွှေ၊ ငွေ၊ ကျွဲ၊ နွား၊ ဆင်၊ မြင်းများနှင့်၊ သိကြားတစ်ထောင်၊ မြားမြောင်ပဒေသရာဇ်၊ စကြာရှစ်ဆယ်၊
အပါယ်စသား၊ မလားမရောက်၊ မြားမြောက်စည်းစိမ်၊ ဂုဏ်သိရ်ဖြိုး မောက်၊ နိဗ္ဗာန်ရောက်သည်၊ ကျမ်းထောက်ပံသကူ လှူကျိုးတည်း။

(သဗ္ဗမင်္ဂလ ဓမ္မဒေသနာ၊ ၅၀၉ ၅၁၀။)

(မှတ်ချက်။ ဆရာတော် ဦးဇောတာလင်္ကာရ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သာသနဓဇသိရီပ၀ရဓမ္မာစရိယ ဒီဃနိကာယကောဝိဒ ရေးသားတော်မူသော ပိဋကတော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)

MOI Webportal Myanmar