နနွင်း၏ရောဂါကာကွယ်နိုင်သော အစွမ်း
======================
နနွင်းရဲ့ အရောင်ကျ အာနိသင်ဟာ ကင်ဆာ၊ အယ်လ်ဇိုင်းမားနဲ့ တခြားရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်နေရာမှာ ရေပန်းစားတာလဲ
အိန္ဒိယနိုင်ငံမှာ
အသုံးများပါတယ်။ ဟင်းချက်ပြုတ် ပြင်ဆင်ရာမှာ အဓိကသုံးတဲ့ နနွင်းမှုန့်ကို
နှာရည်ယိုခြင်း ပြဿနာမှ ရင်ဘတ်အောင့်တဲ့ ပြဿနာအထိ အရာရာတိုင်းမှာ
ရိုးရာအာရှဆေးတစ်လက်အဖြစ် သုံးလေ့ရှိပါတယ်။
ဘာကြောင့် သုံးသင့်တာလဲ
လေ့လာမှုတွေအရ
နနွင်းမှုန့်ထဲမှာ အဓိကပါဝင်တဲ့ Curcumin ဟာ ကိုလက်စထရောပမာဏ
လျော့ကျစေကြောင်း သိရပါတယ်။ တိရစ္ဆာန်တွေကို လေ့လာမှုအရ နနွင်းဟာ
အကျိတ်ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်ကြောင်း သိရပါတယ်။ အခုလတ်တလော
လေ့လာမှုအရ နနွင်းမှုန့်ဟာ ကင်ဆာရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ တခြားရောဂါတွေ
မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။
ဘယ်လိုသုံးသင့်တာလဲ
ဒယ်အိုးထဲမှာ
ဆီအနည်းငယ်ထည့် အပူပေးပြီး နနွင်းမှုန့် ထမင်းစားဇွန်းတစ်ဇွန်း၊
ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ တစ်မိနစ်ခန့် မွှေပါ။
(ငရုတ်ကောင်းမှုန့်ဟာ နနွင်းမှုန့်ထဲက Curcumin ဂုဏ်သတ္တိကို ၂၀၀၀
ရာခိုင်နှုန်းနဲ့အထက် မြင့်တက်စေနိုင်ပါတယ်။) မွှေပြီးမှ ဟင်းသီးဟင်းရွက်၊
အသားငါးထည့်ကာ ကြော်စားပါ။
Ref: Good Health
*********************************
နနွင်း
ဟင်းခတ်အမွေးအကြိုင်နဲ့ နနွင်းမှုန့်ကိုအာရှအစားအစာနှင့်မြန်မာ့ဟင်းပွဲ အတော်များများမှာလည်းထည့်ပြီး
ချက်ပြုတ်တတ်ကြပါတယ်။
ကမ္ဘာပေါ်မှာ ဟင်းခတ် အမွှေးအကြိုင်တွေ အများ ကြီးရှိပါတယ်။ အဲဒီအထဲကမှ
ဆေးဖက်ဝင်ပြီး ဟင်းထဲထည့်ချက်လျှင်လည်းအရသာရော၊
အရောင်ပါကောင်းစေတဲ့ နနွင်းမှုန့်ကို လူတော်တော်များများ သတိထားမိကြမှာအမှန်ပါ။
တရုတ်နှင့်
အိန္ဒိယလူမျိုးများက နနွင်းမှုန့်ကိုဆေး အဖြစ် နှစ်ပေါင်းအတော်ကြာကတည်းက
အရိုးပွခြင်း၊
အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းခြင်းစသည်ဖြင့်ရောင်ရမ်းသောနာကျင်မှုများကိုကုသရာတွင်
အသုံးချခဲ့ကြပါတယ်။
နနွင်းမှုန့်ရဲ့
သမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်တော့နနွင်းမှုန့်ကို
ဟင်းခတ်မှုန့်၊ဆေးကုသရာတွင်သာမက အ၀တ်အထည်တွေ အရောင်ဆိုးတဲ့နေရာပါ သုံးကြတာ
ကိုတွေ့ရပါတယ်။
အဲဒါတင် မဟုတ်ပါဘူး။ အသားအရေ လှအောင်နေ့စဉ်သောက်သုံးလို့ရသလို၊မျက်နှာနုချော အောင်ပေါင်းတဲ့နေရာမှာလည်း အသုံးချကြပါတယ်။
အခုဆိုရင် အလှကုန်ပစ္စည်းတွေမှာလည်းထည့်သွင်း လာသလို နနွင်းဆပ်ပြာကိုလည်း
လူတော်တော်များများ သုံးစွဲလာကြတာလည်းအံ့မခန်းဖွယ်ပါပဲ။
နနွင်းမှုန့်ရဲ့ဇာတိကတော့အင်ဒိုနီးရှားနိုင်ငံနဲ့တောင်ဘက်ပိုင်းအိန္ဒိယနိုင်ငံတွေဖြစ်ပြီး
နှစ်ပေါင်း၅၀၀၀ကျော်လောက်ကတည်းကစိုက်ပျိုးလာကြတာဖြစ်ပါတယ်။
နနွင်းဟာ သဘာဝ အရသာနဲ့ အရောင်အဆင်းရှိတာကြောင့် ရိုးရာဟင်းပွဲတွေမှာတော်တော်အရေးပါသော ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါတယ်။
ဥရောပတိုက်များကို ၁၃ရာစုနှစ်မှာ
အာရပ်ကုန်သည်များကနနွင်းရဲ့သုံးစွဲပုံနဲ့အကျိုးအာနိသင်များကို စတင် မိတ်ဆက်ပေးလိုက်ပါတယ်။
အဲဒီနောက်မှစပြီးအနောက်တိုင်းနိုင်ငံတွေလည်း နနွင်းကို လူအများကြိုက်နှစ်သက်ပြီးခေတ်စားလာပါတယ်။
အနောက်တိုင်း ဟင်းပွဲတွေမှာလည်း နနွင်းကိုထည့်ခတ်ချက်ပြုတ်လာတာကိုတွေ့ရှိရပါတယ်။
အခုအချိန်မှာ နနွင်းကို စီးပွားဖြစ်ဦးဆောင်ထုတ်လုပ်ပြီးကမ္ဘာတစ်ဝန်းဖြန့်ချိနေသောနိုင်ငံများကတော့
အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဟာ(အီ)တီနဲ့ဂျမေကာ နိုင်ငံတွေပဲဖြစ်ပါတယ်။
နနွင်းရဲ့အစွမ်းအာနိသင်ကတော့ရောဂါတော်တော်များများ ပျောက်ကင်းအောင်ထိကိုပါပဲ။
အူသိမ်၊ အူမ ကြီးရောင်ရမ်းခြင်းကိုလည်းဝ.၂၅ ရာခိုင်နှုန်းလောက်နဲ့တင် သက်သာစေပါတယ်။
ဒီလောက်နှုန်းကတော့နနွင်းမှုန့်ကိုဟင်းထဲထည့်ချက်ရုံနဲ့တင်
ရရှိနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲခြင်းရောဂါကိုလည်း သက်သာစေပါတယ်။
အရိုးအဆစ်ရောဂါသည် တော်တော်များများကနနွင်းမှုန့်ကို ပုံမှန်သုံးစွဲခြင်းဖြင့် သက်သာစေပါ
တယ်လို့ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့နနွင်းထဲမှာ အမ်တီအောက်စီဒန့် (Antioxidant) နဲ့
အမ်တီ-အင်ဖလိမ်မက်တာရီ
(Anti-Inflammatory) နှစ်ခုရောစပ်ထားခြင်းကြောင့် နနွင်းမှုန့်ကို
ပုံမှန်သောက်သုံးခြင်းဟင်းထဲထည့်ချက်ခြင်းဖြင့် ကောင်းသောအကျိုးအာနိသင်
များကိုရရှိနိုင်စေပါတယ်။ မကြာသေးခင်ရှာဖွေတွေ့တာကတော့အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲသည့်ရောဂါ
ဟာ ခါခူမင်း (Curcumin) နဲ့ Phenylbutazone နှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် မနက်ဘက် မှာ
အဆစ်အမြစ်တောင့်တင်းနေခြင်းကိုလည်း သက်သာစေပြီး၊ လမ်းလျှောက်နိုင်သောအခါမှာ အရင်ကထက်
ပိုမိုလျှောက်နိုင်ခြင်းနှင့်အဆစ်အမြစ်ရောင်ရမ်းခြင်းတို့ကို တိုးတက်ကောင်းမွန်လာစေပါတယ်။
နနွင်းဟာ ကိုလက်စထရောဓာတ်ကို လည်းလျော့ကျစေပါတယ်။ အသည်းထဲမှ LDL Cholesterol တွေ ကို
နနွင်း ရဲ့ ဓာတ်အား နဲ့ချေဖျက်နိုင်ပါတယ်။ နနွင်းရဲ့အစွမ်းအာနိသင်တွေ့ရှိလာသောကြောင့်
ဟင်းပွဲ အချိုပွဲနှင့်သောက်စရာတွေမှာ ပုံဆန်အမျိုးမျိုးနဲ့လည်းကမ္ဘာတစ်ဝန်းအသုံးပြုလာကြပါတယ်။
နနွင်းရဲ့အာနိသင်မပျောက်စေရအောင်လေလုံသောဘူးထဲမှာ နေရောင်တိုက်ရိုက်
မထိတွေ့နိုင်သောနေရာမှာထားပါ။ကိုယ်တိုင်နနွင်းတက်ကို
အမှုန့်ကြိတ်ပြီးသုံးလျှင် ပိုတောင် ကောင်းမွန်ပါတယ်။နနွင်းတက်လေးများကို
ရေခဲသေတ္တာထဲမှာလေလုံဘူးနဲ့ လည်းထည့်သိမ်းထားလို့ရပါတယ်။
လူတစ်ယောက်ချင်းဆီမှာတော့မတူညီသောကိုယ်ခံအားများရှိတာကြောင့် တချို့က နနွင်းနဲ့မတည့်
(Allergy) ဖြစ်တာမျိုးများ ရှိပါသလားလို့မေးခွန်းထုတ်ကြပါတယ်။
မတည့်တာမျိုးတော့မရှိပါဘူး။တွဲစားတဲ့အစားအစာ (သို့) လူကို ယားနာစေတာမျိုးတို့ပေါ့။
နနွင်း မှာ ကောင်းသော သံဓာတ်နဲ့မန်ဂနိနှစ်ခုလုံးပါဝင်သလို ဗိုက်တာမင် B 6 ၊အမျှင်ဓာတ်နှင့် ပိုတက်ဆီယံဓာတ်တို့လည်းပါဝင်ပါတယ်။
ဘယ်လိုပဲအသုံးပြုပြု ဒီဓာတ်အားတွေ အမြဲပါဝင်ရရှိနေတာကြောင့် ကျန်းမာရေးအတွက်
အထူးကောင်းမွန်သော ဟင်းခတ်မှုန့်ဖြစ်ပါတယ်လို့ပရိသတ်ကြီးရဲ့လက်တစ်ကမ်းမှာရှိနေတဲ့နနွင်းရဲ့
ကောင်းကြောင်းလေးသိရှိစေနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
Healthy Eating and Happy Life ပါနော်… ။
No comments:
Post a Comment