Monday, July 25, 2016

နာကျင်မှု့တွေသက်သာအောင် ဘယ်လိုလုပ်ရမလဲ
------------------------------------------------------
လက်ချောင်း ၊ လက်ဖဝါးလေးတွေက သင့်ရဲ့အတွင်းကိုယ်အင်္ဂါတွေနဲ့ ဆက်စပ်နေပါတယ်။
၃-၅ မိနစ်လောက် ဖိနှိပ်ပေးရုံနဲ့ ဆက်စပ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးမယ်နော်.

လက်မ
လက်မလေးကတော့ သင့်ရဲ့ သရက်ရွက်နှင့် အစာအိမ်အင်္ဂါတွေနဲ့ ဆက်စပ်နေပါတယ်။
သင့် အစာအိမ်နာတာတို့၊ ခေါင်းကိုက်တာတို့၊ အရေပြားပြဿနာတွေ ဖြစ်နေရင်တော့
သင့်လက်မလေးကို ဖိနှိပ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းက သင့်ရဲ့ ခံစားနေရတဲ့ဝေဒနာတွေကို သက်သာစေပါတယ်။

လက်ညိုး
လက်ညိုးလေးကတော့ သင့်ရဲ့ ဆီးအိမ်နှင့် ကျောက်ကပ်တွေနဲ့ ဆက်စပ်နေပါတယ်။
သင့်မှာ စိတ်ကယောင်ကချားဖြစ်နေတာတို့၊ကြောက်ရွံ့စိတ်တွေများနေရင်တော့ သင့်လက်ညိုးလေးကို
ဖိနှိပ်ထားပေးခြင်းဖြင့် သက်သာစေပါတယ်။ သွားကိုက်တာ၊ ကြွက်သားတွေနာကျင်တာ၊ ရင်ပူ၊ လေပူထတာတို့ကိုလည်း
ဖိနှိပ်ထားပေးခြင်းဖြင့် သက်သာစေပါတယ်။

လက်ခလယ်
လက်ခလယ်လေးကတော့ သည်းခြေအိတ်နဲ့ အသည်းအင်္ဂါတွေနဲ့ဆက်စပ်နေပါတယ်။ သင့်မှာ စိတ်ကသိကအောက်
ဖြစ်စရာများတဲ့ အခါမျိုးမှာ သင့်လက်ခလယ်လေးကို ဖိနှိပ်ပေးခြင်းဖြင့် သက်သာစေပါတယ်။
သွေးလည်ပတ်မှု့နဲ့ ၊ စိတ်တည်ငြိမ်မှု့ကိုရရှိစေပါတယ်။

လက်တကြွယ်
အစာအိမ်အူလမ်းကြောင်းနဲ့ အဆုတ်အဂါင်္ရပ်တွေ နဲ့ ဆက်စပ်နေပါတယ်။ အစာအိမ်ဝေဒနာသည်တွေနဲ့ ပန်းနာရင်ကြပ် ဖြစ်တက်
သူတွေမှာ လက်တကြွယ်လေးကို ဖိနှိပ်ထားပေးခြင်းဖြင့် သက်သာစေပါတယ်။

လက်သန်း
လက်သန်းလေးကတော့ နှလုံးနဲ့ သေးငယ်တဲ့အူလမ်းကြောင်းတွေနဲ့ ဆက်စပ်နေပါတယ်။
အာရုံကြောအားနည်းတဲ့ အခါ၊ စိုးရိမ်မှု့တွေများတဲ့အခါတို့မှာ လက်သန်းလေးကို ဖိနှိပ်ပေးခြင်းဖြင့်
သက်သာစေပါတယ်။ ဒီလိုဖိနှိပ်ထားပေးခြင်းက အရိုးနဲ့ပတ်သတ်တဲ့ ရောဂါ၊ နှလုံးနဲ့ပတ်သတ်တဲ့ရောဂါ၊
လည်ချောင်းနာတဲ့ အခါ၊ အသက်ရူလမ်းကြောင်းတဲ့ ပတ်သတ်တဲ့ရောဂါတွေလည်း သက်သာစေပါတယ်။

လက်မအောက်ခြေ
သင့်ချောင်းအရမ်းဆိုးနေတာဖြစ်ဖြစ်၊ စိတ်သောက ရောက်နေရင်ဖြစ်ဖြစ် လက်မအောင်ခြေကို
ဖိနှိပ်ပေးခြင်းက သက်သာစေပါတယ်။

လက်ဖဝါး အလယ်
လက်ဖဝါးအလယ်ကတော့ အစာအိမ်နဲ့ဆက်စပ်နေပါတယ်။ ဝမ်းဗိုက်နာကျင်တာတွေ၊ အစာအိမ်နာကျင်တာတွေ
သက်သာစေပါတယ်။




#naturehealthandbeauty
#\/\/\/\//\/\





Sunday, July 24, 2016

သင့် အိမ်မက်တွေကို ဂရုမစိုက်ပဲမနေပါနဲ့
=================
သင့်မှာ အနာဂတ်ကိုကြိုတင် နမိတ်ပြတဲ့ စိတ်လေးတွေပုန်းကွယ်နေတယ်ဆိုတာ သတိထားမိကြရဲ့လား။
ပညာရှင်တွေက ပုန်းကွယ်နေတဲ့ စိတ်လေးတွေရဲ့ ထွက်ပေါက်ကို စူးစမ်းလေ့လာခဲ့ကြတယ်။
ဒါကတော့ အိမ်မက်ကနေတဆင့် ဖော်ပြနေတဲ့ သင့်ရဲ့ အနာဂတ်ဖြစ်စဉ်တွေပါပဲ။
အိမ်မက်လေးတွေက သင့်အနာဂတ်ကိုဘယ်လို အဓိပ္ပါယ်ရှိတယ်ဆိုတာ ဖော်ပြပေးမယ်နော်။

သွား
သွားတွေကို အိမ်မက်မက်တယ်ဆိုရင်တော့ သင့်ရဲ့ အနာဂတ်က ကြောက်ရွံမူ့ စိုးရိမ်မူ့
တွေနဲ့ ပြည့်စုံနေပါတယ်တဲ့။ သွားအိမ်မက်တွေက များသောအားဖြင့် သွားကျိုးတယ် လို့ အိမ်မက်မက်လေ့
ရှိကြပါတယ်။ ဒီလိုလေးများမက်ခဲ့ရင်တော့ သင့်မှာ စိတ်ဖိစီးမှု့တစ်စုံတစ်ရာ၊ သင့်ရဲ့ လိမ်လည်မှု့ပေါ်ပေါက်တာ၊
အချစ်ရေးမှာ အဆင်မပြေတာတို့ ဖြစ်တက်ပါတယ်။ ကျန်းမာရေးလည်း ချူချာတက်ပါတယ်တဲ့။

ပျံသန်းခြင်း
အိမ်မက်ထဲမှာ သင်ဟာပျံသန်းနေတယ်လို့ မက်ခဲ့ရင်တော့ သင့်ရဲ့အိမ်မက်တစ်ချို့ ပြီးပြည့်စုံတော့မယ်လို့
ဆိုလိုပါတယ်။ ဒီလိုအိမ်မက်တွေက လွတ်လပ်မှု့နဲ့ အောင်မြင်မှု့ကို ဖော်ပြကြတယ်။
သင်ဖိစီးနေတဲ့ စိတ်ခံစားမှု့တွေမှ လွတ်လပ်မယ်။ သင့်အောင်မြင်မှု့တွေ ရရှိဖို့ အစပြုနေပါပြီတဲ့။

သေဆုံးခြင်း
သေခြင်းတရားကို အိမ်မက်မက်တာဟာ တစ်ခုခုပြောင်းလဲဖို့ နီးကပ်လာပြီလို့ ဆိုလိုပါတယ်။
တစ်စုံတစ်ရာ ပြီးဆုံးဖို့ ဖြစ်လာမှာပါတဲ့။( ဆိုလိုတာက သင့်ရဲ့ အိမ်မက်တွေ၊ အလေ့အထတွေ၊ အချစ်ရေးတွေ)
အခြေအနေ တစ်ခုမှ တစ်ခုသို့ ပြောင်းလာခြင်းလို့လည်း အဓိပ္ပါယ်ရပါတယ်။
တစ်ခုပြီးဆုံးပြီး တစ်ခုစတင်ရမဲ့ အခြေအနေပေါ့။ သင့်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ကြီးမားတဲ့ ပြောင်းလဲမှု့မျိုး
ဖြစ်လာစေတက်ပါတယ်။

ငွေ
အိမ်မက်ထဲမှာ ငွေတွေကိုမြင်မက်နေရင်တော့ ကံကောင်းခြင်း နမိတ်ပဲဖြစ်ပါတယ်။ ထီပေါက်တယ် ဆုမဲပေါက်တယ်လို့
အိမ်မက်မက်ရင်တော့ သင့်ဘဝမှာ ကံကောင်းတဲ့ ကောင်းတဲ့ ပြောင်းလဲခြင်းမျိုးဖြစ်နိုင်ပါတယ်။
ပိုက်ဆံတွေ အများကြီးရရှိတယ်လို့ အိမ်မက်မက်ရင်တော့ သင့်ရဲ့ စိုးရိမ်ကြောင့်ကြမှု့တွေ ပြီးဆုံး
သွားပြီလို့ ဆိုလိုပါတယ်တဲ့။

ရေတံခွန်
ရေတွေမက်တဲ့ အိမ်မက်ဟာ သန့်စင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သင့်ရဲ့ ဘဝအတွေ့အကြုံတွေက
ကောင်းမွန်တယ်လို့ဆိုလိုပါတယ်။ ရေတံခွန်တွေကိုမြင်မက်တဲ့ ကောင်းတဲ့ သတင်းတွေကိုကြားရတက်ပါတယ်။
ကံဆိုးမှု့တွေပြီးဆုံးပြီး ကံကောင်းမှု့တွေ စတင်လာပြီလို့ ဆိုလိုပါတယ်။ စိတ်ချမ်းသာမှု့များလည်း ကြုံရတက်တယ်။

အိမ်
အိမ်ဆိုတာ သင့်ရဲ့ စိတ်ကို ကိုယ်စားပြုပြီးမက်တာပါ။ သင့်ရဲ့စိတ်ခံစားချက်နဲ့ ပတ်သက်ပြီးရည်ရွယ်တာပေါ့။
လုံခြုံမှု့သက်တောင့်သက်သာရှိတယ်လို့ဆိုလိုတယ်။ သင့်စိတ်ထဲမှာဖြစ်တဲ့ အလိုမကျမှု့တွေ၊ ဖြစ်ချင်နေတဲ့
ဆန္ဒတွေ အမှန်တကယ်ဖြစ်လာနိုင်တယ်ပါတယ်။

မီး
မီးကိုအိမ်မက်မက်ရင်တော့ မထင်မှတ်တဲ့ ပြောင်းလဲမှု့တွေနဲ့ ရင်ဆိုင်ရတက်ပါတယ်။ မီးနဲ့ကစားနေရတယ်လို့
မက်ခဲ့ရင်တော့ အန္တရာယ်တစ်စုံတစ်ခုနဲံ ကြုံတွေနိုင်တယ်။ ခက်ခဲတဲ့ အခက်အခဲတွေထဲက မကျော်လွှားနိုင်ပဲ ရပ်တန့်
နေတက်တယ်.။ မီးစတင်လောက်ကျွမ်းတယ်လို့ မြင်မက်ရင်တော့ သင့်စိတ်ဆိုးစရာ တစ်စုံတစ်ခု
ဖြစ်ပေါ်တက်ပါတယ်။

#beautyandhealtht
#\/\/\/\//\/\

Thursday, July 21, 2016

သင့်ခြေဖ၀ါးအတွက် ပိုက်ဆံအများကြီး အကုန်ကျမခံပါနဲ့
===============================
လူအများစုက ခြေဖဝါးကျန်းမာရေး အရေးကြီးတယ်ဆိုတာ မေ့ထားကြတယ်။ တစ်ချို့လူတွေကြတော့လည်း
ခြေဖဝါးလှပဖို့နဲ့ ကျန်းမားရေးအတွက် Spa တွေမှာ အချိန်ကုန်နေကြတယ်။ ခြောက်သွေ့အပ်ကွဲနေတဲ့
ခြေဖနောင့်တွေအတွက် အိမ်မှာတင် ပြုပြင်လို့ရတဲ့ နည်းလမ်းတွေကိုမျှဝေပေးမယ်နော်။
သင့်အိမ်မီးဖိုချောင်က နွားနို့နွေးနွေးလေး၂-၄ ခွက်ကို ဇလုံတစ်ခုထဲမှာ ထည့်မယ်။ ပြီးရင် မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်(၃)ဇွန်းခန့် ထည့်မယ်။
သင့်ရဲ့ခြေဖဝါးတွေကို ၁၀မိနစ်လောက် ဇလုံထဲ နှစ်ထားမယ်နော်။ အဆင့်ဆင့်ပြုလုပ်ပြီးသွားရင်တော့ ရေနွေးနွေးနဲ့ သင့်ခြေဖဝါးတွေကို ဆေးကြောပြီး
ခြောက်သွေ့အောင် ပါ.ဝါနဲ့ သုတ်မယ်နော်။
ဒီလိုမျိုးမကြာခဏပြုလုပ်ပေးခြင်းက ခြေဖဝါးကျန်းမာရေးအတွက် အထူးသင့်လျော်ရုံသာမက နူးညံ့ချောမွေ့စေပါတယ်။
‪#‎livehealthywithus‬
#\/\/\/\//\/\
ကဲ တစ်နေကို ကော်ဖီသုံးခွက်သောက်တဲ့ ပျိုမေတွေ ဘာတွေဖြစ်မလဲ
====================================
စူးစမ်းရှာဖွေချင်တဲ့ ပညာရှင်တွေက လက်တွေ့စမ်းသပ်ပြီးပြောပြထားတယ်။
သင့်ရဲ ရင်သားတွေ နည်းနည်းလျော့ရွဲလာတယ်လို့ ခံစားရရင် သင့်ရဲ့ စားသောက်မှု့တွေကို ပြန်သုံးသပ်လိုက်ပါ။
ပညာရှင်တွေက မိန်းကလေး၃၀၀ ကျော်ကိုစမ်းသပ်ပြီးမှ ရရှိလာတဲ့ အဖြေပါတဲ့။
တစ်နေ့ကော်ဖီသုံးခွက်သောက်တဲ့ မိန်းကလေးတွေက ရင်သားတွေ သေးငယ်လာတာကိုတွေ့ရှိရပါတယ်။
သင့်ရဲ့ရင်သားတွေ သေးငယ်လာပေမဲ့ ကော်ဖီသောက်ခြင်းက အမဟော်မုန်း ဓာတ်တွေကို ထုတ်ပေးနိုင်ရုံသာမက
ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကိုတိုက်ထုတ်ပေးပါတယ်တဲ့.။

#.forhealthylifestyle
#\/\/\/\/\/\

ဗိုက်ခေါက်ထွက်လို့ စိတ်ညစ်နေပါသလား

ဗိုက်ခေါက်ထွက်လို့ စိတ်ညစ်နေပါသလား
======================
မိန်းကလေးတိုင်း အကျီင်္လှလှ အကြပ်လေးတွေ ဝတ်ချင်ကြပါတယ်။ ဒါပေမဲ့ ဗိုက်ခေါက်ကြီးထွက်နေတဲ့ အဖြေကို
ဘယ်လိုရှင်းရမလဲ။ စိတ်မပူပါနဲ့ အိမ်မှာတင်ပြုလုပ်နိုင်တဲ့ နည်းလမ်းရှိတယ်။

တရုတ်နံနံ ၆၀ဂ၇မ်၊ သံပုသီး၁ လုံးကိုအရည်ညှစ် ရေခွက်၎ ခွက် ထည့်ပြီး ရောထားလိုက်ပါ။ ဒီအရည်ကို မနက်ခင်းဘာမှမစားမီ
တစ်ပတ်၅ရက်လောက် ဆက်တိုက်သောက်သုံးပေးရမယ်နော်။

ဒါ့အပြင် မိခင်တွေ နို့ရည်အထွက်နည်းတယ်ဆိုရင်လည်း ဒီနည်းကိုအသုံးပြုနိုင်ပါတယ်တဲ့။

ကဲ ငွေကုန်ကြေးကျနည်းတဲ့နည်းလမ်းလေးနဲ့ ဖြေရှင်းကြရအောင်....  :)   :)

#livehealthywithus
#\/\/\/\//\/\

Thursday, June 16, 2016

မိတ်ကပ်မလိမ်းပဲ သဘာဝအတိုင်းလေးပဲ လှချင်တယ်ဆိုရင် 

အမျိုးသမီးတော်တော်များများကတော့ မိတ်ကပ်က လူတစ်ယောက်ကို ကြည့်ကောင်းပြီး လှပစေတဲ့ အကောင်းဆုံးနည်းလို့ ထင်ကြပါတယ်။ ဒါပေမယ့် မှန်ရှေ့မှာ အချိန်ပေးပြီး တစ်ရက်တစ်ရက် မိတ်ကပ်လိမ်းရတာ ကိုတော့ နှစ်သက်တဲ့လူ နည်းပါလိမ့်မယ်။ ဒါဟာအချိန်လည်း ပေးရတာမို့ တစ်ရက်စာ အပြင်မသွားခင် မှန်တင်ခုံရှေ့ အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။ တစ်ခါတစ်လေ ဖောင်ဒေးရှင်းတွေ လိမ်းမထားပဲ၊ mascara တွေဆိုးမထားပဲ အမျိုးသမီးတွေ ဘယ်လောက်ကြည့်ကောင်းကြတယ်ဆိုတာ သူတို့ကိုယ်တိုင် မသိကြပါဘူး။ ဒီတော့ မိတ်ကပ်မလိမ်းပဲနဲ့လည်း လှနေအောင်၊ ကြည့်ကောင်းနေအောင် ဒီနည်းလေးတွေအတိုင်း လိုက်နာကျင့်သုံးကြည့်လိုက်ပါ။

၁။မနက်တိုင်း၊ ညတိုင်း တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

ဒီအချက်ကတော့ အထူးပြောနေစရာ မလိုပါဘူး။ မနက်နိုးတဲ့အခါ မျက်နှာသစ်ပေးဖို့နဲ့၊ အိပ်ခါနီး ဒါမှမဟုတ် အပြင်က ပြန်ရောက်တဲ့အချိန် မျက်နှာသစ်ပေးဖို့ လိုပါတယ်။ အနည်းဆုံးတစ်နေ့နှစ်ကြိမ် မျက်နှာကို ဆေးကြောသန့်စင်ပေးဖို့ပါ။ ဒီအချက်က အရေးမကြီးဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့်
တစ်ခါတစ်လေ အရမ်းအိပ်ချင်လို့ အပြင်က ပြန်ရောက်ရောက်ချင်း အိပ်ပျော်သွားတာ၊ မျက်နှာသစ်ဖို့ မေ့သွားတာမျိုးတွေကလည်း မဖြစ်သင့်ပါဘူး။ ဒါဟာ ၀က်ခြံကင်းစင်စေဖို့ အထူးဂရုပြုသင့်တဲ့ အချက်ဖြစ်နေပါတယ်။

၂။Cleanser အပျော့စားလေးတွေ သုံးပေးပါ။

ပြင်းတဲ့ Cleanser အမျိုးအစားတွေက မျက်နှာအသားအရေကို စားသွားတာမျိုး ဖြစ်တတ်သလို အသားအရေလည်း ခြောက်သွားတတ်ပါတယ်။ ဒီတော့ cleanser သုံးမယ်ဆိုရင် အရမ်းမပြင်းတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ ကိုယ်ဝယ်မယ့် cleanser အမျိုးအစားမှာ hypo-allergenic ဆိုတဲ့စာတန်း၊ ဒါ့အပြင် non-comedogenic ဆိုတဲ့စာတန်းမျိုးပါမှ ၀ယ်ပါ။

၃။Moisturizer ကောင်းကောင်းသုံးပါ။

မျက်နှာသစ်ပြီးတဲ့အခါ မဖြစ်မနေလိမ်းပေးသင့်တာကတော့ အသားအရေကို စိုပြေစေပြီး အရွယ်တင်နုပျိုစေတဲ့ Moisturizer ပါပဲ။ ကိုယ်အသားအရေနဲ့ လိုက်တဲ့ Moisturizer ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ ကိုယ်နဲ့အဆင်မပြေတဲ့ Moisturizer အမျိုးအစားကြောင့် အဆီပြန်တတ်တာမျိုးတွေ ကြုံရနိုင်လို့ပါ။ ကိုယ်နဲ့သင့်တော်တဲ့ အမျိုးအစားရွေးချယ်မှုဟာ ခက်ခဲနိုင်ပေမယ့် သင်နဲ့အဆင်ပြေသွားပြီဆိုရင်လည်း Moisturizer ဆိုတာ အလှအပနဲ့ အသားအရေအတွက် တကယ့်အရေးကြီးတဲ့အရာဆိုတာ မမေ့ပါနဲ့။ နောက်ထပ်တစ်ချက်တော့ Moisturizer ရှာတဲ့အခါ SPF ကာကွယ်မှုပါတာကိုလည်း ရွေးချယ်လိုက်ပါဦးနော်။

၎။Mascara ဆိုးမယ့်အစား Vaseline သုံးပေးပါ။

ဒီနည်းလမ်းက အူကြောင်ကြောင်ကြီးလို့ ထင်ရင်ထင်နိုင်ကြပါတယ်။ ဒါပေမယ့် mascara လိမ်းမယ့်အစား vaseline လိမ်းကြည့်တာနဲ့ သင့်မျက်ဝန်းတစ်ဝိုက်ဟာ တောက်တောက်ပပလေးနဲ့ ကြည့်ကောင်းနေမှာပါ။ အထူးသဖြင့် မျက်တောင်တွေပါပဲ။ ဒါ့အပြင် Vaseline ကို mascara ဆိုးပြီး ပြန်သန့်စင်တဲ့အခါမှာလည်း သုံးနိုင်ပါတယ်။ Vaseline ဟာ အခြားmakeup remover တွေထက် ပိုနူးညံ့လို့ပါပဲ။

၅။ ခြောက်သွေ့တဲ့ နှုတ်ခမ်းသားတွေအတွက် အုန်းဆီကိုအသုံးပြုနိုင်

သဘာဝအုန်းဆီဟာ သင့်နှုတ်ခမ်းသားတွေ ကွဲအက်ခြင်းကို ကုစားပေးနိုင်ပါတယ်။ နှုတ်ခမ်းသားလေးတွေ သဘာဝအတိုင်း လှပနေဖို့ဆိုရင် သူက အကူအညီပေးနိုင်ပါတယ်။

Credit: Trend Myanmar 
ခေါင်းလျှော်တဲ့အခါ ဒီအမှားမျိုးတွေ ပြုလုပ်လေ့ရှိကြတာ

ခေါင်းလျှော်တာ ပုံမှန်လုပ်ရိုး လုပ်စဉ်တစ်ခု ဖြစ်ပေမယ့် လူတွေ အလွဲလွဲအမှားမှား လုပ်နေကြတယ်လို့ ပြောရင် သင် အံ့အားသင့်ပါလိမ့်မယ်။ ခေါင်းလျှော်ရာမှာ ရှောင်ရှားရန် လိုအပ်တဲ့ အမှားအယွင်းတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့. . .

ကိုယ်ဆံပင်အမျိုးအစားနဲ့ မသင့်တော်တဲ့ ခေါင်းလျှော်ရည် ရွေးချယ်ခြင်း

မိမိဆံပင်နဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည် အသုံးပြုဖို့ လိုပါတယ်။ မိမိဆံကေသာဟာ ဘယ်လိုအမျိုးအစားလဲ -အခြောက်၊ အဆီပြန်၊ ကျိုးလွယ်ပြတ်လွယ်လားဆိုတာ သိအောင်လုပ်ပြီး လိုအပ်ပါက ကိုယ်နဲ့အလိုက်ဖက်ဆုံးကို သိရှိဖို့ ဆံပင်အလှပြင်ဆရာ (သို့) အရေပြားရောဂါ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ။ နောက် ဆံပင်ပျော့ဆေးအဖြစ်ပါ သုံးနိုင်တဲ့ ခေါင်းလျှောက်ရည်တွေ ရှောင်ပါ။ ဘာကြောင့်လဲဆိုတော့ ကုန်ကျစရိတ်သက်သာစေဟန်ရှိပေမယ့် တစ်ချိန်တည်းမှာ ခေါင်းလျှော်၊ ဆံပင်ပျော့ပျောင်းစေဖို့ မဖြစ်နိုင်လို့ပါ။

ဆံပင်ရေသိပ်မစိုခြင်း

ခေါင်းမလျှော်ခင် ဆံပင်စိုရွှဲနေဖို့ လိုပါတယ်။ သို့မဟုတ်ပါက ခေါင်းလျှော်ရည် ကောင်းစွာ အကျိုးမသက်ရောက်ပါ။ ခေါင်းမလျှော်ခင် ရေပန်းအောက်မှာ ၂-၃ မိနစ်အရင် နေပါ။

အဓိကနေရာ မလျှော်မိခြင်း

ခေါင်းလျှော်ရည်က ဆံပင်အဖျားထက် အရင်းအတွက် ပိုအဓိကကျပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်အရင်းကို ဦးစားပေးပြီး အဖျားကိုတော့ ပျော့ဆေးလေး သုံးပေးပါ။ ပြီးတော့ ဆံပင်ကို တစ်နေရာတည်းမှာ စမလျှော်ပါနဲ့ အဲဒီဦးရေပြားနေရာ ကွက်ပြီး ခြောက်သွေ့စေတတ်ပါတယ်။

မကြာခဏ ခေါင်းလျှော်ခြင်း

မကြာခဏခေါင်းလျှော်ခြင်းက ဆံပင်ခြောက်သွေ့စေတတ်လို့ သိပ်မကောင်းပါဘူး။ ဖြစ်နိုင်ရင် အများဆုံး နှစ်ရက်တစ်ခါပဲ လျှော်ပါ။ ဆံပင်ကပ်စေး ကပ်စေးဖြစ်နေပါက အညစ်အကြေးတွေ ရှင်းထုတ်ဖို့ dry shampoo အနည်းငယ်သုံးပေးပါ။

မှားယွင်းစွာ ရေဆေးကြောခြင်း

ခေါင်းလျှော်ရည်ကို ချက်ချင်းရေဆေးမချလိုက်ပါနဲ့။ ဆေးချပါက ခေါင်းလျှော်ရည်ရဲ့ အာနိသင်ပျောက်ဆုံးပြီး ဖြစ်သင့်သလောက်အကျိုးရောက်မှု ရှိမှာ မဟုတ်လို့ပါ။ အမြုပ်ထအောင်လုပ်ပြီး ၂ မိနစ်ထားပြီးမှသာ ဆေးချပါ။ ရေနွေးဘယ်လောက်ကြိုက်ကြိုက် ရေအေးနဲ့ပဲ ဆေးချပါ။ ဆံပင်ရင်း ဦးရေပြား ကောင်းမွန်စေပါလိမ့်မယ်။ ဒီတော့မှသာ ဆံကေသာ နူးညံ့တောက်ပပြီး ဆံပင်ကျွတ်ခြင်း ကင်းဝေးစေပါလိမ့်မယ်။

Ref: TOI

Credit- Todaybago