Thursday, June 16, 2016

မိတ်ကပ်မလိမ်းပဲ သဘာဝအတိုင်းလေးပဲ လှချင်တယ်ဆိုရင် 

အမျိုးသမီးတော်တော်များများကတော့ မိတ်ကပ်က လူတစ်ယောက်ကို ကြည့်ကောင်းပြီး လှပစေတဲ့ အကောင်းဆုံးနည်းလို့ ထင်ကြပါတယ်။ ဒါပေမယ့် မှန်ရှေ့မှာ အချိန်ပေးပြီး တစ်ရက်တစ်ရက် မိတ်ကပ်လိမ်းရတာ ကိုတော့ နှစ်သက်တဲ့လူ နည်းပါလိမ့်မယ်။ ဒါဟာအချိန်လည်း ပေးရတာမို့ တစ်ရက်စာ အပြင်မသွားခင် မှန်တင်ခုံရှေ့ အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။ တစ်ခါတစ်လေ ဖောင်ဒေးရှင်းတွေ လိမ်းမထားပဲ၊ mascara တွေဆိုးမထားပဲ အမျိုးသမီးတွေ ဘယ်လောက်ကြည့်ကောင်းကြတယ်ဆိုတာ သူတို့ကိုယ်တိုင် မသိကြပါဘူး။ ဒီတော့ မိတ်ကပ်မလိမ်းပဲနဲ့လည်း လှနေအောင်၊ ကြည့်ကောင်းနေအောင် ဒီနည်းလေးတွေအတိုင်း လိုက်နာကျင့်သုံးကြည့်လိုက်ပါ။

၁။မနက်တိုင်း၊ ညတိုင်း တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

ဒီအချက်ကတော့ အထူးပြောနေစရာ မလိုပါဘူး။ မနက်နိုးတဲ့အခါ မျက်နှာသစ်ပေးဖို့နဲ့၊ အိပ်ခါနီး ဒါမှမဟုတ် အပြင်က ပြန်ရောက်တဲ့အချိန် မျက်နှာသစ်ပေးဖို့ လိုပါတယ်။ အနည်းဆုံးတစ်နေ့နှစ်ကြိမ် မျက်နှာကို ဆေးကြောသန့်စင်ပေးဖို့ပါ။ ဒီအချက်က အရေးမကြီးဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့်
တစ်ခါတစ်လေ အရမ်းအိပ်ချင်လို့ အပြင်က ပြန်ရောက်ရောက်ချင်း အိပ်ပျော်သွားတာ၊ မျက်နှာသစ်ဖို့ မေ့သွားတာမျိုးတွေကလည်း မဖြစ်သင့်ပါဘူး။ ဒါဟာ ၀က်ခြံကင်းစင်စေဖို့ အထူးဂရုပြုသင့်တဲ့ အချက်ဖြစ်နေပါတယ်။

၂။Cleanser အပျော့စားလေးတွေ သုံးပေးပါ။

ပြင်းတဲ့ Cleanser အမျိုးအစားတွေက မျက်နှာအသားအရေကို စားသွားတာမျိုး ဖြစ်တတ်သလို အသားအရေလည်း ခြောက်သွားတတ်ပါတယ်။ ဒီတော့ cleanser သုံးမယ်ဆိုရင် အရမ်းမပြင်းတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ ကိုယ်ဝယ်မယ့် cleanser အမျိုးအစားမှာ hypo-allergenic ဆိုတဲ့စာတန်း၊ ဒါ့အပြင် non-comedogenic ဆိုတဲ့စာတန်းမျိုးပါမှ ၀ယ်ပါ။

၃။Moisturizer ကောင်းကောင်းသုံးပါ။

မျက်နှာသစ်ပြီးတဲ့အခါ မဖြစ်မနေလိမ်းပေးသင့်တာကတော့ အသားအရေကို စိုပြေစေပြီး အရွယ်တင်နုပျိုစေတဲ့ Moisturizer ပါပဲ။ ကိုယ်အသားအရေနဲ့ လိုက်တဲ့ Moisturizer ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ ကိုယ်နဲ့အဆင်မပြေတဲ့ Moisturizer အမျိုးအစားကြောင့် အဆီပြန်တတ်တာမျိုးတွေ ကြုံရနိုင်လို့ပါ။ ကိုယ်နဲ့သင့်တော်တဲ့ အမျိုးအစားရွေးချယ်မှုဟာ ခက်ခဲနိုင်ပေမယ့် သင်နဲ့အဆင်ပြေသွားပြီဆိုရင်လည်း Moisturizer ဆိုတာ အလှအပနဲ့ အသားအရေအတွက် တကယ့်အရေးကြီးတဲ့အရာဆိုတာ မမေ့ပါနဲ့။ နောက်ထပ်တစ်ချက်တော့ Moisturizer ရှာတဲ့အခါ SPF ကာကွယ်မှုပါတာကိုလည်း ရွေးချယ်လိုက်ပါဦးနော်။

၎။Mascara ဆိုးမယ့်အစား Vaseline သုံးပေးပါ။

ဒီနည်းလမ်းက အူကြောင်ကြောင်ကြီးလို့ ထင်ရင်ထင်နိုင်ကြပါတယ်။ ဒါပေမယ့် mascara လိမ်းမယ့်အစား vaseline လိမ်းကြည့်တာနဲ့ သင့်မျက်ဝန်းတစ်ဝိုက်ဟာ တောက်တောက်ပပလေးနဲ့ ကြည့်ကောင်းနေမှာပါ။ အထူးသဖြင့် မျက်တောင်တွေပါပဲ။ ဒါ့အပြင် Vaseline ကို mascara ဆိုးပြီး ပြန်သန့်စင်တဲ့အခါမှာလည်း သုံးနိုင်ပါတယ်။ Vaseline ဟာ အခြားmakeup remover တွေထက် ပိုနူးညံ့လို့ပါပဲ။

၅။ ခြောက်သွေ့တဲ့ နှုတ်ခမ်းသားတွေအတွက် အုန်းဆီကိုအသုံးပြုနိုင်

သဘာဝအုန်းဆီဟာ သင့်နှုတ်ခမ်းသားတွေ ကွဲအက်ခြင်းကို ကုစားပေးနိုင်ပါတယ်။ နှုတ်ခမ်းသားလေးတွေ သဘာဝအတိုင်း လှပနေဖို့ဆိုရင် သူက အကူအညီပေးနိုင်ပါတယ်။

Credit: Trend Myanmar 
ခေါင်းလျှော်တဲ့အခါ ဒီအမှားမျိုးတွေ ပြုလုပ်လေ့ရှိကြတာ

ခေါင်းလျှော်တာ ပုံမှန်လုပ်ရိုး လုပ်စဉ်တစ်ခု ဖြစ်ပေမယ့် လူတွေ အလွဲလွဲအမှားမှား လုပ်နေကြတယ်လို့ ပြောရင် သင် အံ့အားသင့်ပါလိမ့်မယ်။ ခေါင်းလျှော်ရာမှာ ရှောင်ရှားရန် လိုအပ်တဲ့ အမှားအယွင်းတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့. . .

ကိုယ်ဆံပင်အမျိုးအစားနဲ့ မသင့်တော်တဲ့ ခေါင်းလျှော်ရည် ရွေးချယ်ခြင်း

မိမိဆံပင်နဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည် အသုံးပြုဖို့ လိုပါတယ်။ မိမိဆံကေသာဟာ ဘယ်လိုအမျိုးအစားလဲ -အခြောက်၊ အဆီပြန်၊ ကျိုးလွယ်ပြတ်လွယ်လားဆိုတာ သိအောင်လုပ်ပြီး လိုအပ်ပါက ကိုယ်နဲ့အလိုက်ဖက်ဆုံးကို သိရှိဖို့ ဆံပင်အလှပြင်ဆရာ (သို့) အရေပြားရောဂါ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ။ နောက် ဆံပင်ပျော့ဆေးအဖြစ်ပါ သုံးနိုင်တဲ့ ခေါင်းလျှောက်ရည်တွေ ရှောင်ပါ။ ဘာကြောင့်လဲဆိုတော့ ကုန်ကျစရိတ်သက်သာစေဟန်ရှိပေမယ့် တစ်ချိန်တည်းမှာ ခေါင်းလျှော်၊ ဆံပင်ပျော့ပျောင်းစေဖို့ မဖြစ်နိုင်လို့ပါ။

ဆံပင်ရေသိပ်မစိုခြင်း

ခေါင်းမလျှော်ခင် ဆံပင်စိုရွှဲနေဖို့ လိုပါတယ်။ သို့မဟုတ်ပါက ခေါင်းလျှော်ရည် ကောင်းစွာ အကျိုးမသက်ရောက်ပါ။ ခေါင်းမလျှော်ခင် ရေပန်းအောက်မှာ ၂-၃ မိနစ်အရင် နေပါ။

အဓိကနေရာ မလျှော်မိခြင်း

ခေါင်းလျှော်ရည်က ဆံပင်အဖျားထက် အရင်းအတွက် ပိုအဓိကကျပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်အရင်းကို ဦးစားပေးပြီး အဖျားကိုတော့ ပျော့ဆေးလေး သုံးပေးပါ။ ပြီးတော့ ဆံပင်ကို တစ်နေရာတည်းမှာ စမလျှော်ပါနဲ့ အဲဒီဦးရေပြားနေရာ ကွက်ပြီး ခြောက်သွေ့စေတတ်ပါတယ်။

မကြာခဏ ခေါင်းလျှော်ခြင်း

မကြာခဏခေါင်းလျှော်ခြင်းက ဆံပင်ခြောက်သွေ့စေတတ်လို့ သိပ်မကောင်းပါဘူး။ ဖြစ်နိုင်ရင် အများဆုံး နှစ်ရက်တစ်ခါပဲ လျှော်ပါ။ ဆံပင်ကပ်စေး ကပ်စေးဖြစ်နေပါက အညစ်အကြေးတွေ ရှင်းထုတ်ဖို့ dry shampoo အနည်းငယ်သုံးပေးပါ။

မှားယွင်းစွာ ရေဆေးကြောခြင်း

ခေါင်းလျှော်ရည်ကို ချက်ချင်းရေဆေးမချလိုက်ပါနဲ့။ ဆေးချပါက ခေါင်းလျှော်ရည်ရဲ့ အာနိသင်ပျောက်ဆုံးပြီး ဖြစ်သင့်သလောက်အကျိုးရောက်မှု ရှိမှာ မဟုတ်လို့ပါ။ အမြုပ်ထအောင်လုပ်ပြီး ၂ မိနစ်ထားပြီးမှသာ ဆေးချပါ။ ရေနွေးဘယ်လောက်ကြိုက်ကြိုက် ရေအေးနဲ့ပဲ ဆေးချပါ။ ဆံပင်ရင်း ဦးရေပြား ကောင်းမွန်စေပါလိမ့်မယ်။ ဒီတော့မှသာ ဆံကေသာ နူးညံ့တောက်ပပြီး ဆံပင်ကျွတ်ခြင်း ကင်းဝေးစေပါလိမ့်မယ်။

Ref: TOI

Credit- Todaybago
မင်္ဂလာပွဲကျင်းပမယ့် သတို့သမီးတိုင်းသိသင့်တဲ့ Beauty Tips 

သတို့သမီးတိုင်းဟာ သူတို့ရဲ့ မင်္ဂလာချိန်ခါ မှာ အလှပဆုံး အမျိုးသမီးလေးတစ်ဦးဖြစ်ချင် ကြပါတယ်။ မင်္ဂလာပွဲအတွက် သတို့သမီးတွေ ဟာ စိတ်ပင်ပန်းမှု၊ စိုးရိမ်ပူပန်မှု စတာတွေကို လည်း ခံစားကြရပါတယ်။ ဒီဖိစီးပင်ပန်းမှုတွေ ကြောင့် အရေပြားမှာ အဖုအပိမ့်တွေ ထွက်လာ နိုင်သလို အရေပြားညှိုးနွမ်းခြောက်သွေ့မှုတွေ ကိုလည်း ခံစားရလာနိုင်ပါတယ်။ ပင်ပန်းမှု များစွာကြားမှ စီစဉ်လာခဲ့ရတဲ့ မင်္ဂလာချိန်ခါ လေးမှာ သတို့သမီးလေးဟာ လှပမှုမရှိဘူးဆိုရင် တော့ ဒီသတို့သမီးလေးဟာ ကိုယ့်ရဲ့ မင်္ဂလာပွဲကို ကျေနပ်နှစ်သိမ့်မှုအပြည့်အဝ ရနိုင်မှာမဟုတ်ပါ ဘူး။ ဒါကြောင့် ပင်ပန်းမှုတွေရှိနေပေမဲ့လည်း မင်္ဂလာနေ့မှာ လှပတဲ့အသားအရေကို ပိုင်ဆိုင် ရရှိနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် Beauty Tips လေးတွေကို ဝေမျှပါရစေ။

၁။ ကောင်းမွန်တဲ့အသားအရေထိန်းသိမ်းမှုကို ပုံမှန်ပြုလုပ်ပေးပါ။
အသားအရေအတွက် အကျိုးသက် ရောက်မှု ထိရောက်ကောင်းမွန်မယ့ှ်ုSkin Care Product တစ်ခုကိုရွေးချယ်ပြီး သေချာစွာ စနစ်တကျ ပုံမှန်အသုံးပြုပေးပါ။ ဒါဟာ ကိုယ့် ရဲ့ မင်္ဂလာနေ့မှာသာမက နေ့ရက်တိုင်းမှာပါ သင့်အသားအရေကို ကောင်းမွန်တောက်ပစေ မှာ ဖြစ်ပါတယ်။
ညံ့တဲ့ Cleanser အမျိုးအစားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အသုံးပြုပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ခြောက်သွေ့မှု တွေကို ပျောက်ကွယ်သွားစေမှာပါ။
အစိုဓာတ်ထိန်းခရင်မ်ကို နေ့ရော ညပါလိမ်းပါ။ ဒါဟာ သင့်အရေပြားမှာ လိုအပ် နေတဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးရာ ရောက်ပါတယ်။ ဒါ့အပြင် ရေဓာတ်ဖြည့် တင်းပေး တဲ့ Serum ကိုပါ ထပ်မံပေါင်းထည့်ပြီး လိမ်း ပေးနိုင်ပါတယ်။ ဒါဟာ အရေပြားအစိုဓာတ် အပြင် အရေပြားရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်တဲ့ Collagen တွေကို တိုးမြှင့်ပေး တာကြောင့် ကြည်လင်တောက်ပတဲ့ အရေပြားပိုင်ရှင်သတို့ သမီးလေးအဖြစ် ပိုင်ဆိုင်ရရှိနိုင်မှာပါ။
အရည်အသွေးကောင်းတဲ့ အရေပြား ကြေးချွတ်မှုကို ပြုလုပ်ပါ။ ဒါဟာ အရေပြားပေါ် မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါ တယ်။
အရေပြားကြေးချွတ်သန့်စင်မှုကို တစ်ပတ်နှစ်ကြိမ် ပုံမှန်ပြုလုပ်ပေးသွားခြင်းက အရေပြား ချောမွေ့လန်းဆန်းမှုကို ဖြစ်ပေါ်စေ နိုင်ပါတယ်။

၂။ ကျန်းမာတဲ့စားသောက်မှုပုံစံကို ထိန်းသိမ်း ပါ။
စားသောက်နေထိုင်မှု အလေ့အကျင့်က ကိုယ့်ရဲ့အရေပြားမှာ လာရောက်ထင်ဟပ်လာ နိုင်ပါတယ်။ ကျန်းမာစေတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးခြင်းဟာ အသား အရေစိုပြည် နူးညံ့ခြင်းနဲ့ ကျန်းမာခြင်းကို သင်ခံစားသိမြင် နိုင်မှာပါ။
သရေစာမုန့်များ၊ အသင့်စားအစားအစာ များနဲ့ ကယ်လိုရီမြင့်မားစွာပါဝင်တဲ့ အစားအစာ မျိုးတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။
မင်္ဂလာပွဲမတိုင်မီ တစ်ပတ်ခန့်အလိုမှစ၍ အစိမ်းရောင် ဟင်းသီးဟင်းရွက်များများနဲ့ သကြားဓာတ်နည်းပါးတဲ့ အသီးအနှံများကို စားသုံးပေးပါ။ ဥပမာအားဖြင့် သစ်တော် သီး၊ ဟင်းနုနယ်၊ တရုတ်နံနံ၊ သခွားသီး၊ ထောပတ် သီး၊ ခရမ်းချဉ်သီးစတာတွေပဲ ဖြစ်ပါတယ်။ ဒါဟာ အသားအရေကို တောက်ပစိုပြည်လာစေ မှာ ဖြစ်ပါတယ်။


၃။ အိပ်စက်ပါ။
တစ်နေ့ကို ၇ နာရီ (သို့မဟုတ်) ၈ နာရီကြာ အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို အိပ်စက်ပေးတဲ့အတွက် သင့်ခန္ဓာကိုယ်နဲ့ အရေပြားက သင့်ကို ကျေးဇူးတင်နေမှာ ဖြစ်ပါ တယ်။
ဒီထက် အချိန်ပိုပြီး အိပ်စက်ပေးမယ်ဆို ရင်တော့ စိတ်ဖိစီးမှုကြောင့် ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေကြောင့် အရွယ်မတိုင်မီ အရေပြား အိုမင်းရင့်ရော်ခြင်းတွေ ကို ပြန် လည်နုပျိုစေလာ မှာဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပမယ့် သတို့သမီး လေးတစ်ယောက်ဟာ အိပ်ရေးဝဖို့ လိုအပ်ပါ တယ်။

(၄) စိတ်ဖိစီးမှုကို လျော့ချပါ။
ယောဂလေ့ကျင့်ခန်းအပါအဝင် အခြား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ပေး ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
ပြုံးပြဖို့နဲ့ ရယ်မောဖို့ ကြိုးစားပါ။ ဒါဟာ များများပြုလုပ်ရမယ့် အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။
ကိုယ်တွင်းမှာရှိတဲ့ အညစ်အကြေးတွေ စင်ကြယ်သန့်ရှင်းစေဖို့နဲ့ အသားအရေအတွင်း ပိုင်းမှာပါ ကြည်စင်တောက်ပနေဖို့အတွက် ရေကို နေ့စဉ် ၈ ခွက်မှ ၁ဝ ခွက်အ ထိ သောက် ပေးရပါမယ်။ ဒါဟာ အားလုံးသိပြီးသားအချက် တစ်ချက်ဖြစ်ပေမဲ့လည်း မလိုက်နာသူက များပါ တယ်။ သတို့သမီးတစ်ယောက်အနေနဲ့ကတော့ မဖြစ်မနေ လိုက်နာကျင့်သုံးထားသင့်ပါတယ်။ အလွယ်တကူ သောက်ဖြစ်နေဖို့အတွက် ကိုယ့်ရဲ့ အနီးမှာ အမြဲဆောင်ထားသင့်ပါတယ်။ ရေပုလင်းကို စာရေးစားပွဲ၊ ထမင်းစားစားပွဲ အပြင် ကိုယ့်ရဲ့ကားအတွင်းမှာပါ ဆောင်ထား သင့်ပါတယ်။ ရေဆာချိန်တိုင်းမှာ အလွယ်တကူ သောက်ဖြစ်စေဖို့အတွက် ရေဟာ အနီးအနား မှာ အမြဲရှိနေပါစေ။
ရေသောက်သုံးမှု တိုးမြင့်လာတဲ့အခါ ကော်ဖီကဲ့သို့ ကဖိန်းဓာတ်ပါတာမျိုးကို သောက် သုံးမှု လျော့နည်းသွားပါလိမ့်မယ်။ ကဖိန်းဓာတ် ပါဝင်တဲ့ အရည်များနေရာ တွင်green tea, herbal tea နဲ့ အုန်းရေကဲ့သို့ အရေများကို ဖြည့်စွက် သောက်သုံးပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် သတို့သမီးလောင်းတစ်ယောက်ဟာ မင်္ဂလာပွဲနေ့မှာ ကျန်းမာနေဖို့အတွက်၊ ဒါ့အပြင် လှပနေဖို့အတွက် အရည်အသွေးကောင်းမွန်ပြီး ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးပေးရပါမယ်။ အဲဒီထဲကမှ ပဲပိစပ်ဟာ အရသာလည်းရှိပြီး အာဟာရဓာတ်လည်း ပြည့်ဝတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။
မင်္ဂလာပွဲမတိုင်မီမှာ အလှအပဆိုင်ရာ နည်းလမ်းများကို ကြိုတင်ပြင်ဆင်လေ့လာထားပါ။
မင်္ဂလာပွဲမတိုင်မီမှာ အရေပြားဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးပြီး သတို့သမီး တစ်ယောက်အနေနဲ့ အကောင်းဆုံးအသား အရေ အနေအထားရရှိပိုင်ဆိုင်နိုင်အောင် အစီအစဉ် ရေးဆွဲပါ။ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို စနစ်တကျ ပြုလုပ်ပေးခြင်းရဲ့ အကောင်းဆုံးအကျိုးရလဒ်အပြင် ဝိတ်ကျသွား ခြင်းကို ရရှိမှာဖြစ်ပါတယ်။ ဒါ့ပြင် မင်္ဂလာပွဲ ကျင်းပမယ့် သတို့သမီးတစ်ဦးရဲ့ အသားအရေ နဲ့ သင့်တော်မယ့် အလှကုန်ပစ္စည်းတွေ အသုံး ပြုပေးခြင်း၊ မှန်ကန်တဲ့ အရေပြားကုသမှုခံယူခြင်း မျိုးကို စနစ်တ ကျလုပ်ဆောင်သွားပါ။ ဒါဟာ သတို့သမီးရဲ့ အသားအရေအတွက် အကောင်း ဆုံးအကျိုးရလဒ်ကို ဖြစ်ပေါ်စေမှာပါ။ ဒီလို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို မင်္ဂလာပွဲနောက်ဆုံးမိနစ်ရသည်အထိ မချိုး ဖောက်မိပါစေနှင့်။ ဒါ့ပြင် သတို့သမီးရဲ့ အသား အရေနဲ့ ခန္ဓာကိုယ်အကောင်းဆုံးကျန်းမာနေစေ ဖို့အတွက် ဆရာဝန်နှင့် ကြိုတင်ပြသပြီး လိုအပ် သည့်ဆေးဝါးများ မှီဝဲထားပါလို့ အကြံပြုပါရစေ။ သတို့သမီးတိုင် စိုပြည်တောက်ပတဲ့ လှပမှုကို ပိုင်ဆိုင်နိုင်ကြပါစေ။

အေမီချို
ရတီမဂ္ဂဇင်း 
.dailynewsmedia.net
Tonerကိုဘာကြောင့်သုံးစွဲကြသလဲ

(၁) Toner ရည်က ချွေးပေါက်များ ကို ကျဉ်းစေသည်။ မျက်နှာကိုရေ နွေးနှင့်ဆေးပါက ချွေးပေါက်များကို ပွင့်သွားစေသည်။ အလွန်ကျယ် သောချွေးပေါက်များအတွက် မျက် နှာဆေးပြီးသည်နှင့် Toner ကို လိမ်းပေးမှသာ ချောမွတ်နုပျိုသော မျက်နှာပိုင်ရှင်ဖြစ်လာမည်။

(၂) Toner က မျက်နှာပြင်ရှိ ဆဲလ် များ၊ ဆပ်ပြာအကြွင်းအကျန်များ၊ စွဲ ငြိနေသောမိတ်ကပ်များ၊ ဖုံမှုန်နှင့် ဆီများကို သန့်စင်စေသည်။ ယင်းတွင် alcohol, salicylic acid, witch haze သို့မဟုတ် benzoyl peroxide တို့ ပါဝင်သည်။ ဤပါဝင်မှုအတော်တော်များများက မျက်နှာရှိ မလိုအပ်သောဆီများကို ဖယ်ရှာပေးနိုင်သည်။

(၃) အရေပြားအတွင်း PH level ကို ညှိပေးသည်။ အကယ်၍ ဝက်ခြံ
ပျောက်ဆေးစသည်တို့ကို သုံးနေသူ ဖြစ်ပါက အရေပြားမှ PH level ကို ညှိယူနိုင်ခြင်းမရှိနိုင်ပါ။ သို့ဖြစ် ၍ Toner သုံးခြင်းဖြင့်benzoyl peroxide သို့မဟုတ် salicylic acid တို့က အသားအရေ၏ PH Balance ကို ပြန်လည်ရရှိအောင် ပေးစွမ်းနိုင်သည်။

(၄) ညစ်နွမ်းသောအသားအရေ၊ အသက်အရွယ်အရဖြစ်ပေါ်လာ
သောအရေးအကြောင်းများကို လျော့ နည်းစေပြီး အသားအရေတင်းရင်း
ခြင်း၊သွေးလှည့်ပတ်မှုကောင်းခြင်း ၊ ဆဲလ်သေများကို ပယ်ရှားပြီးဆဲလ်အ သစ်များကို ဖြစ်ပေါ်စေခြင်းအပြင် ဒီအသားအရေကို လန်းဆန်းကြည် လင်စေသည်။

Credit - myanmarpyithar89

ပျော်စရာနေရာလေး ၎




ပျော်စရာ နေရာလေး ၃






ပျော်စရာအကောင်ဆုံးနေရာလေး၂





မှာချင်ဦးလေ လက်ဆောင်...

အမျိုးသမီးတစ်ဦးဟာ သင်တန်းတက်ဖို့အတွက် အင်္ဂလန်ကို နှစ်ပတ်ကြာ သွားရောက်ပါတယ်။ သူ့ရဲ့ခင်ပွန်းသည်က လေဆိပ်ကို လိုက်ပို့ပြီး ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့စေဖို့ ဆုတောင်းပေးပါတယ်။
ဇနီးသည် - "ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါပဲ.. ယောက်ျား ရယ်။ ရှင့်အတွက် အင်္ဂလန်ကနေ ဘာဝယ်လာခဲ့ရမလဲ"
 ခင်ပွန်းသည် - (ရယ်မောလိုက်ပြီး) "အင်္ဂလိပ်မလေး တစ်ယောက် ၀ယ်လာခဲ့ကွာ"
နှစ်ပတ် ကြာပြီးတဲ့နောက် အမျိုးသားဟာ ဇနီးသည်ကို လေဆိပ်မှာ သွားပြန်ကြိုပါတယ်။
ခင်ပွန်းသည် - "ခရီးသွားရတာ ဘယ်လိုလဲကွ.. မိန်းမရေ"
ဇနီးသည် - "အစစအရာရာ အဆင်ပြေပါတယ်"
ခင်ပွန်းသည် - "ကိုယ်မှာလိုက်တဲ့ လက်ဆောင်ရော ပါခဲ့လား"
ဇနီးသည် - "ဘာလက်ဆောင်လဲ"
ခင်ပွန်းသည် - "အင်္ဂလိပ်မလေး တစ်ယောက်လေကွာ"
 ဇနီးသည် - "အို.. ဒါလား။ ကျွန်မ တတ်နိုင်သလောက်တော့ ကြိုးစားခဲ့တာပဲ။ ခုတော့ မိန်းကလေးဖြစ်မလားဆိုတာကို လေး၊ ငါးလလောက် စောင့်ကြည့်လိုက်ရင် သိရပါပြီ"

Credit : Omgmyanmar

မေ့တက်ပုံများ

မေ့တတ်ပုံများ ...

အသက်ကြီးကြီးစုံတွဲတစ်တွဲဟာ တဖြည်းဖြည်းနဲ့ သတိမေ့တတ်လာတာမို့ ဆရာဝန်နဲ့သွားတွေ့ပြီး ဆွေးနွေးကြပါတယ်။ လုပ်ရမယ့် ကိစ္စတွေကို မှတ်စုစာအုပ်တစ်အုပ်မှာ ရေးမှတ်ဖို့ ဆရာဝန်က သူတို့ကို အကြံပေးလိုက်ပါတယ်။

အိမ်ပြန်ရောက်တဲ့အခါ အဘွားကြီး - "ယောက်ျားရေ .. မီးဖိုခန်းထဲသွားပြီး ကျွန်မအတွက် ရေခဲမုန့်တစ်ခွက်ယူပေးပါလား။ ကျွန်မပြောတာ မေ့မသွားအောင် စာရွက်နဲ့ ရေးမှတ်သွားပါမလားဟင်"

အဘိုးကြီး - "မလိုပါဘူးကွာ။ ရေခဲမုန့်တစ်ခွက်လောက်တော့ ငါမှတ်မိပါတယ်ကွ"

အဘွားကြီး - "မှတ်မိတယ်ဆိုလည်း ပြီးတာပဲ။ စတော်ဘယ်ရီသီးနည်းနည်းနဲ့ ခရင်မ်နည်းနည်းလည်း ရေခဲမုန့်ပေါ် တင်ခဲ့နော်"

အဘိုးကြီး - "အေးပါကွ .. ငါ့မှတ်ဉာဏ်က ဒီလောက်ကြီးလည်း မဆိုးသေးပါဘူးကွာ။ ရေခဲမုန့်တစ်ခွက်။ စတော်ဘယ်ရီ၊ ခရင်မ်နဲ့ မဟုတ်လား။ စာရွက်ပေါ်မှာ ချရေးဖို့ မလိုပါဘူး"

တစ်အောင့်ကြာတဲ့အခါ အိုးသံ၊ ခွက်သံတွေ မီးဖိုခန်းထဲက ထွက်လာပါတော့တယ်။ နောက်ဆုံးမှာတော့ အဘိုးကြီးတစ်ယောက် မီးဖိုခန်းထဲက ထွက်လာပြီး ၀က်ပေါင်ခြောက်နဲ့ ကြက်ဥကြော်တွေ ထည့်ထားတဲ့ ပန်းကန်ကို အဘွားကြီးရှေ့မှာ ချပေးလိုက်ပါတော့တယ်။

အဘွားကြီး - "ဟင် .. ကျုပ်မှာလိုက်တဲ့ ပေါင်မုန့်မီးကင်လည်း မပါပါလားတော်"
Credit : OMGMyanmar
မိန်းမတွေကို ငတုံးမှတ်လို့
=============

ခင်ပွန်းသည် “အချစ်ရေ .. သူဌေးက ကိုယ့်ကို သူ့နဲ့ တစ်ပတ်လောက် တရုတ်ပြည်လိုက်ပြီး
ငါးလိုက်မျှားဖို့ ခေါ်နေတယ်ကွာ။

“ရာထူးတက်ဖို့အတွက် ဒါဟာ အခွင့်ကောင်းတစ်ခုပဲကွ။ ဒါကြောင့် ကိုယ့်အတွက် တစ်ပတ်စာ
အ၀တ်အစားတွေ ပြင်ပေးပါလား။ ငါးမျှားဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သူ့သေတ္တာထဲ ထည့်
ပေးထားဦးနော်။

“ကိုယ်တို့ ရုံးကနေပဲ တန်းသွားကြမှာ။ ကိုယ့်အတွက် ပြင်ပေးထားတဲ့ပစ္စည်း တွေကို သွားရင်းနဲ့
ဝင်ယူမယ်။ ဪ .. ဒါနဲ့ မိန်းမရေ ..ကိုယ့်ရဲ့ အပြာရောင်ပိုးသားညအိပ်ဝတ်စုံအသစ်လေးလည်း
ထည့်ပေးလိုက်နော်”

ဇနီးသည်ဟာ သူ့ခင်ပွန်းသည် အမူအရာနဲ့ ပြောဆိုနေတာတွေကို သင်္ကာမကင်းဖြစ်ပေမယ့်
အိမ်ရှင်မကောင်းဖြစ်တာကြောင့် ယောက်ျားလုပ်သူပြောတဲ့အတိုင်း ပြင်ဆင်ပေးလိုက်ပါတယ်။
နောက်တစ်ပတ်အကြာမှာ အမျိုးသား အိမ်ပြန်ရောက်လာပါတယ်။

သူ့ပုံစံ က အနည်းငယ်ပင်ပန်းနေပုံပေါက်ပေမယ့် နုပျိုကြည့်ကောင်းနေပါတယ်။
အမျိုးသမီးဟာ ခရီးကပြန်လာတဲ့ ခင်ပွန်းသည်ကို ကြိုဆိုပြီး ငါးတွေအများကြီး ဖမ်းမိခဲ့လားလို့
မေးလိုက်ပါတယ်။

အမျိုးသားက “ဖမ်းမိတာပေါ့ … မိန်းမရဲ့။ ဆော်မွန်ငါးတွေဆို အများကြီးရတယ်။ ဓားရှည်နှုတ်သီး
ငါးတွေလည်း ရတယ်။ ဒါပေမဲ့ မင်း ..ငါ့ရဲ့ည၀တ် အင်္ကျီ ဘာဖြစ်လို့ ထည့်မပေးလိုက်တာ လဲကွ”လို့
ပြောလိုက်ပါတယ်။

အမျိုးသမီးက “ကျွန်မထည့်ပေးလိုက်ပါတယ်။ ငါးဖမ်းပစ္စည်းတွေထည့်တဲ့ သေတ္တာထဲမှာလေ”တဲ့

Credit : Myanmar Times

ပျော်ရွင်စရာနေရာလေး ၁





ပျော်ရွင်စရာ..နေရာလေးပါ...