Tuesday, May 3, 2016

သမီး

ထောင်တာ မကောင်းဘူးလဲတက်တယ်။
ပညာ၊ ဥစ္စာ၊မျိုးရိုးဂုဏ်တွေကြောင့်
မာနတွေ၊ အတ္တတွေ တဝေဝေနဲ့
လက်မထောင်နေမယ်ဆိုရင်
တစ်ဦးမဟုတ်တစ်ဦးက အမြင်ကတ်ပြီး
ကြည့်မရလို့ မလဲလဲအောင်
ချိုးနှိမ်ပစ်တက်တယ်။
လူ့လောဘ သဘာဝအရလည်း
ထောင်လွန်းရင် လဲတက်တယ်လေ။
သမီးလေး စဉ်းစားကြည့်ပေါ့။

ဖေဖေ                                   
သား..

မယုံသင့်တာတွေ
လိုက်ယုံကြည်နေရင်
အဲ့ဒါ ပညာတက်မဟုတ်ဘူး။
ပညာတက်ဆိုတာ...
အရာရာကို ခွဲခြမ်းစိတ်ဖြာပြီး
ကိုယ်ပိုင် အသိညဏ်နဲ့
အသေအချာ စီစစ်ဝေဖန်ပြီးမှ
ချင့်ချင့်ချိန်ချိန် ယုံတက်တဲ့သူ။
သားကို..
ပညာတက်ကြီး ဖြစ်စေချင်တယ်..

ဖေဖေ                                   
သမီး

ကြမ်းတမ်းတာ မကောင်းဘူး။
သိမ်မွေ့တာကောင်းတယ်။
စိတ်ကြမ်း ကိုယ်ကြမ်းပြောရင်
စရိုက်ကြမ်းတမ်းတဲ့ လူရိုင်း ဖြစ်တက်တယ်။
သိမ်မွေ့မှုကို
လူတိုင် လိုလားနှစ်သက်ကြတယ်။
အရာရာ မှာ သိမ်မွေ့စွာ
ပြုမှုပြောဆိုနေထိုင်တက်ရင်
စရိုက်ကောင်တဲ့ ယဉ်ကျေးသိမ်မွေ့သူဖြစ်မယ်။
ရိုင်းစိုင်းတဲ့သူဟာ..
အဆင့်မြင့်မြင့် ဘဝကိုမရဘူး.
မေတ္တာတရားကို ပြုစုပျိုးထောင်
မျှဝေပေးနိုင်သူလည်း မဖြစ်နိုင်ဘူး
ဒါကြောင့်
မိန်းကလေးပီပီ
ယဉ်ကျေးသိမ်မွေ့သူဖြစ်စေချင်တယ်။။
ဖေဖေ့ ကိုချစ်ရင်
ဖေဖေဖြစ်စေချင်တာတွေကို
ဖြစ်အောင်ကြိုးစားမှာပဲ မဟုတ်လား။။။

ဖေဖေ
သား

သဘာဝတရားက
လူသားတွေကို
မျကိစိနှစ်လုံးနားနှစ်ဖက်ပေးထားပြါိ
ပါးစပ်ကိုတော့ တစ်ပေါက်ထဲ ထားပေးတာ
ဘာကြောင့်လဲ စဉ်းစားကြည့်
ဖေဖေထင်တာတော့...
များများမြင် များများကြားပေမဲ့
နည်းနည်းပဲ ပြောစေချင်လို့ပဲ
ဟုတ်တယ်..ဟုတ်။
မဟုတ်ဘူးဆိုလည်းပြန်လည်
ုငြင်းဆိုခွင့်ရှိပါတယ်။

ဖေဖေ